Primary tabs

ငွေကြယ်ပွင့်တို့ တန်ဖိုးနည်းအလှကုန် လျှို့ဝှက်ချက်များ

နာမည်ကြီး ငွေကြယ်ပွင့်တွေဆိုတာ အနည်းငယ်သော အခမဲ့ကမ်းလှမ်းမှုတွေကလွဲလို့ အဆက်မပြတ်လာနေတဲ့ ဆက်သွယ်မှုတွေနဲ့ အစုလိုက်အပုံလိုက်သော ငွေကြေးတွေရရှိနေကြတဲ့ သူတွေပါ။ ဒါပေမဲ့ ချွေတာတတ်သူ နာမည်ကျော် တချို့ကတော့ အလှပြုပြင်ခြင်းဆိုင်ရာ ပစ္စည်းတွေနဲ့ ပတ်သက်လို့ တန်ဖိုးအနည်းအများကို အာရုံမထားဘဲအမှန်တကယ် အလုပ်ဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်တွေကိုသာ စွဲမြဲသုံးစွဲလေ့ရှိကြတယ်ဆိုတာကို တွေ့ရပါတယ်။ သူတို့တွေ သုံးကြတဲ့ အလှအပရေးရာ ပစ္စည်းတွေကတန်ဖိုးနည်းတဲ့အပြင် ဝယ်ယူဖို့လည်း လွယ်ကူပါသတဲ့။ တချို့အလှကုန်တွေဟာ  ၁၀ ဒေါ်လာ အောက်သာ တန်ဖိုးရှိကြပါတယ်။ Kim Kardashian က စလို့ Jessica Alba အဆုံးငွေကြယ်ပွင့်တို့ဟာ ဈေးနှုန်းသက်သာတဲ့ ဘယ်လိုအလှကုန်ပစ္စည်းတွေကိုသုံးစွဲကြသလဲဆိုတော့...

Kardashian တို့ အားပေးကြတဲ့ Bio Oil 
ရုပ်သံငွေကြယ်ပွင့် Kim Kardashian နဲ့ သားအမိတစ်စုလုံးကတော့ အသားအရေထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ Bio-Oil ထုတ်ကုန်တွေရဲ့ ပရိသတ်လို့ သိရပါတယ်။ ‘ဒါက ကျွန်မ မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ကအသားအရေကို လည်း တင်းရင်းစေပါတယ်’ လို့ Kardashian က ပြောခဲ့ဘူးပါတယ်။ ပြီးတော့ Bio Oil က ၁၂ ဒေါ်လာဝန်းကျင်လောက်သာရှိပါသတဲ့။ ဒါပေမဲ့ သူမအတွက် မရှိမဖြစ်အရာတစ်ခုကတော့ Neu-trogena ကထုတ်တဲ့ မိတ်ကပ်ဖျက်တဲ့ တာဝါဖြစ်တဲ့အကြောင်း၊ အချိန်တိုင်းမှာမိတ်ကပ်ဖျက်တဲ့ ပစ္စည်းတစ်ခုကတော့ လိုနေတတ်တဲ့အကြောင်းကိုလည်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

မျက်တောင့်ကော့ဆေးအတွက် အကုန်အကျသိပ်မခံတဲ့ Jessica Alba
အမိုက်စားမင်းသမီး Jessica Alba ကတော့ သူမရဲ့ ပြည့်စုံတဲ့ အလှအပအတွက် ပံ့ပိုး ပေးတဲ့အရာကတော့ မိတ်ကပ်မဟုတ်ပါဘူးဆိုပြီးအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ သူမရဲ့  လျှို့ဝှက်ချက်ကတော့ မျက်တောင်ကော့တဲ့ ကိရိယာလေးပါတဲ့။ ‘ရှင်တို့ရဲ့ မျက်တောင်တွေကို အမြဲတမ်းကော့ပေးသင့်ပါတယ်။ ကျွန်မကတော့ များသောအားဖြင့် မျက်တောင်ကော့ဆေးတွေကိုအများကြီးသုံးလေ့မရှိပါဘူး။ အဲ့ဒါတွေသုံးပြီးရင် ကိုယ့်ကိုကိုယ်ကြည့်ရတာ ပင်ပန်းတဲ့ပုံပေါက်နေပြီး မျက်လုံးမှာလည်း ထူပျစ်ပျစ်ဖြစ်နေသလိုပါဘဲ။ ကျွန်မကတော့ မျက်တောင်တွေကို အရင်ကော့ပြီး အဖျားမှာ မျက်တောင်ကော့ဆေး နည်းနည်းလောက်သုံးလိုက်ပါတယ်’ လို့ သူမက အကြံပေးရင်း ဖြေကြားခဲ့ဖူးပါတယ်။ 

Kendall နဲ့ Kylie Jennerတို့အမြဲဆောင်တဲ့ နှုတ်ခမ်းအဆီတောင့် 
Chapstickအမည်ရ နှုတ်ခမ်းအဆီတောင့် တွေ ကတော့ Jenner ဆိုတဲ့ မိန်းကလေးတွေရဲ့  မိတ်ကပ်ပစ္စည်းအိတ်ထဲမှာ နေရာယူထားလေ့ရှိ ပါတယ်။ ဒါလေးတွေက ၃ ဒေါ်လောက်ပဲရှိလို့ သိပ်ကိုတန်ဖိုးနည်းလွန်းတယ်လို့ ဆိုနိုင်ပါတယ်။ ကောင်မလေးတွေအဆိုအရတော့ ‘ကျွန်မတို့ရဲ့ လက်ကိုင်အိတ်ထဲမှာ chapstick ကို အမြဲတမ်း ထည့်ထားလေ့ရှိပါတယ်’  နှုတ်ခမ်းတွေကို ရေဓာတ်ဖြည့်တင်းပေးတဲ့ Chapstick ကို မူလအရသာ အပြင်၊ ဆေးပါဝင်ထည့်သွင်းထားသော ဒါမှမဟုတ် သစ်သီးအရသာအမျိုးမျိုးဆိုပြီး အရသာမျိုးစုံလည်း ရနိုင်တယ်လို့ သိရပါတယ်။ 

ပေါ့အဆိုတော် အမြဲသုံးတဲ့ ခရင်(မ) 
ပေါ့အဆိုတော် Kylie Minogue ကို ကြည့်ရင် အသက် ၂၀ ကျော်မှာမဟုတ်ဘူးလို့ ထင်ပါလိမ့်မယ်။ သြစတေးလျအဆိုကျော်ကတော့ သူမအကြိုက်ဆုံး တန်ဖိုးနည်းအသားအရေ ထိန်းသိမ်း တဲ့ ခရင်မ်က Pond ရဲ့ Cold Cream လို့ သိရပါ
တယ်။ Kylie က ဟုတ်ပါတယ်။ ကျွန်မ ဘိုတောက်လည်း ထိုးလေ့ရှိပါတယ်။ ဒီထက်တော့ မပိုပါဘူး။ ကျွန်မရဲ့ လျှို့ဝှက်ချက်ကတော့ Pond Cream ပါဘဲ။ လို့ ဖြေကြားခဲ့ဖူးပါတယ်။

တန်ဖိုးကြီးပစ္စည်းတွေသာ သုံးတတ်သူရဲ့ Skin Food 
သူမကတော့ တန်ဖိုးကြီးပစ္စည်းတွေကိုသာ သုံးလေ့ရှိတယ်လို့ လူသိများတာမို့ Spice Girl အဖွဲ့ဝင်ဟောင်း Victoria ကတော့ အကောင်းဆုံးဆိုတာတွေဘဲသုံးမယ်လို့ ထင်ပါလိမ့်မယ်။ ဒါပေမဲ့ ထင်ထားတာတွေနဲ့ တခြားစီဘဲလို့ ဆိုရပါတော့မယ်။ သူမဖွင့်ချခဲ့တဲ့ လျှို့ဝှက်ချက်အရတော့ သူမအနှစ်သက်ဆုံး ကိုယ်လိမ်းခရင်က Weleda Skin Food ပါတဲ့။ ၆ ပေါင် နီးပါးလောက်တော့ တန်ဖိုးရှိပါတယ်။ Weleda Skin Food က ခပ်ပျစ်ပျစ်အနေအထားလေးရှိပြီး သူမကတော့ တစ်ကိုယ်လုံးအနှံ့ လိမ်းလေ့ရှိကြောင်းလည်း သိရပါတယ်။ 

ထရီလီယံချီချမ်းသာသူသုံးတဲ့ Vaseline    
Beyonce’ ရဲ့ ကြွယ်ဝမှုဟာ ထရီလီယံချီကောင်းချီပါလိမ့်မယ်။ ဒါပေမဲ့ သူမကတော့ အလှကုန် အမှတ်တံဆိပ် တစ်မျိုးတည်းကိုဘဲ စွဲမြဲသုံးလေ့ရှိသူပါ။ သူမ သုံးတဲ့ပစ္စည်းလည်း ကျွန်မတို့ အားလုံးသိပြီး နှစ်သက်သဘောကျကြတဲ့ အမှတ်တံဆိပ်ကပါဘဲ။ Vaseline ပါတဲ့။ ‘ကျွန်မကအဲ့ဒါကိုနေရာစုံသုံးတာပါဘဲ’လို့ သူမပြောဖူးပါတယ်။ သူမမုသားဆိုတာမဟုတ်ပါဘူး။ သူမဟာ Vaseline ကိုသွားတွေကို ဖြူဖွေးတောက်ပစေဖို့အတွက် သုံးရုံသာမဟုတ်ဘဲမျက်တောင်တွေ ကော့ရွှန်းစိုလက်နေစေဖို့လည်းသုံးပါသတဲ့။ 

နာမည်ကျော်သုံးဦးရဲ့ အသည်းစွဲ Lip Balm 
Vaseline အကြောင်းပြောရင်းကနေ Vaseline Lip Balm အကြောင်းဆက်ပြော ပါဦးမယ်။ Rita Ora, Jennifer Aniston နဲ့ GwyenthPaltrow ဆိုတဲ့ အလန်းစားလေးတွေက ပေးရတဲ့ တန်ဖိုးထက်ရရှိတဲ့ အကျိုးကျေးဇူးက ထိုက်  တန်လွန်းတဲ့ Vaseline ထုတ်ကုန် Lip Balm ကို သုံးကြပါသတဲ့။ Rita Oraရဲ့အဆိုအရ Vaseline Lip Balm က သိပ်ကိုကောင်းတာကြောင့် လက်ကိုင်အိတ်ထဲမှာ အမြဲဆောင်ထားသင့်တဲ့ အလှပြင်ပစ္စည်းတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

စူပါမော်ဒယ်ရဲ့ Dry Shampoo
စူပါမော်ဒယ် Cindy Crawford ကိုတော့ ပြောင်လက်တောက်ပတဲ့ ဆံကေသာအလှကြောင့် လူသိများပါတယ်။ ဒါပေမဲ့ သူမဟာသူမရဲ့ ဆံပင် တွေ စိုလက်တောက်ပနေစေဖို့ တန်ဖိုးနည်းခေါင်း လျှော်ရည်ကိုသာ အသုံးပြုပါသတဲ့။ သူမသုံးတဲ့ ခေါင်းလျှော်ရည်ကတော့ အုတ်ဂျုံကရရှိတဲ့ နို့နဲ့  ပြုလုပ်ထားတဲ့ Klorane Dry Shampoo ပါ။ အဲ့ဒီ ခေါင်းလျှော်ရည်က ရေအသုံးပြုစရာမလိုဘဲ မိနစ်အနည်းငယ်အတွင်း အခြောက်လျှော်လို့ရတာကြောင့် ဆံပင်အခြောက်ခံစက်တွေလည်း အသုံး ပြုစရာမလိုတော့ပါဘူး။ 

X Factor ဒိုင်တစ်ယောက်သုံးတဲ့ အသားအရေ အစိုဓာတ်ထိန်းခရင်(မ) 
X Factor ရဲ့ ဒိုင်လူကြီးအဆိုတော့ Cheryl Fernandez-Versini ကတော့ သူမရဲ့ တန်ဖိုးနည်းအလှအပရေးရာ လျှို့ဝှက်ချက်ကိုဖော်ထုတ် ပြောဆိုခဲ့ပါပြီ။ လျှို့ဝှက်ချက်ကတော့ E45 ခရင်မ် ပါတဲ့။ ဒီခရင်မ် က Cheryl လို အရေပြား ခြောက်သွေ့တဲ့ သူတွေအတွက် ကောင်းပါတယ်။ ‘ရှင်တို့အနေနဲ့ အရမ်းဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေကို သုံးစရာမလိုပါဘူး။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ ပစ္စည်းကိုသာရှာဖွေအသုံးပြုဖို့ လိုတာပါ။ ကျွန်မအသားအရေက အရမ်းခြောက်ပါတယ်။ ဒါ
ကြောင့် အစိုဓာတ်ထိန်းသိမ်းပေးတဲ့ E45 ကို သုံးပါတယ်’ ဆိုပြီး အသားအရေစိုပြေဖို့အတွက် တန်ဖိုးသင့်တင့်တဲ့ ပစ္စည်းကလေးကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
 
Ref :Top Celebrity Budget Beauty Secrets