Primary tabs

ငွေရေးကြေးရေး စီမံမှုလွဲခဲ့ကြသူများ

များပြားလှစွာသော နာမည်ကြီး အနုပညာရှင်နဲ့ ကမ္ဘာေ ကျာ် ငွေကြယ်ပွင့်တွေဟာ ငွေရေးကြေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ တော်တော့ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ခဲ့ဖူးကြပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ လွဲမှားတဲ့ ဆုံးဖြတ်ချက်၊ မှားယွင်းတဲ့ ရွေးချယ်မှု၊ အခွန်ရှောင်တာတို့အပြင် အသုံးအဖြုန်းကြီးလွန်းတဲ့ အကျင့်တွေကြောင့် ငွေရေးကြေးရေး ချွတ်ခြုံကျမှုကို အဆိုးရွားဆုံး ကြုံတွေ့ခဲ့ကြတဲ့ နာမည်ကျော်တို့ကို ရွေးချယ်စာရင်းပြုစုထားပါတယ်။ ကိုယ်နှစ်သက်ရ
တဲ့ ငွေကြယ်ပွင့်တွေ ပါဝင်ခဲ့မယ်ဆိုရင် သူတို့အပေါ် စိတ်မကောင်းဖြစ်ရင်းနဲ့ သူတို့ရဲ့ အလွဲတွေကတစ်ဆင့် ကိုယ်တိုင်အတွက်လည်း တစ်စုံတရာ သုံးသပ်မိစေဖို့ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ 

ငွေကြေးစီမံ ခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတ ရှားပါးရှာတဲ့သူ Toni Braxton
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းကရင်း အောင်မြင်ခဲ့သူ၊ အအောင်မြင်ဆုံး R&B အဆိုတော်တွေထဲက တစ်ဦးရဲ့ အကြောင်းကို ပြောပြရင်း စတင်ချင်ပါတယ်။ သူမကတော့ Toni  Braxton ပါ။ သူမဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက တည်းရင်း လက်ရှိအချိန်အထိ ဆယ်စုနှစ် ၄ ခုစာလောက် အောင်မြင်နေခဲ့ အောင်မြင်နေဆဲ သူ တစ်ယောက်ပါ။ ငွေရေးကြေးရေး ပြဿနာတွေ ဖြေရှင်းနေရမယ်လို့ မထင်ရပါဘူး။ ဒါပေမဲ့ သူမဟာ သူမပိုင်ဆိုင်မှုနဲ့ တတ်နိုင်တာထက် ပိုပြီးတော့ ကောင်းကောင်း နေထိုင်စားသောက်တဲ့ နေရာမှာတော့ နာမည်ဆိုးနဲ့  ကျော်ကြားတဲ့သူပါ။ နောက်ပြီး ငွေရေးကြေးရေး ချွတ်ခြုံကျတာမျိုး ကြုံတွေ့ရတာကလည်း အခါခါပါဘဲ။ 

မွဲပြာကျသွားလုနီးပါး ဖြစ်ခဲ့ရတဲ့ ငွေကြေးချွတ်ခြုံကျမှုကို သူမအနေနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတာကတော့ ၁၉၉၆ ခုနှစ်တုန်းကပါ။ ဆယ်စုနှစ်တစ်ခုလောက် ကြာပြီးတဲ့အခါမှာတော့ တေးဂီတဖျော်ဖြေပွဲတွေ မလုပ်ဖြစ်တော့တာနဲ့ ဆက်စပ်လို့ မရိုးသားခဲ့တဲ့ Lloyd’s of London နဲ့ အာမခံပြဿနာ ဖြစ်ပြန်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ လူတစ်ယောက် ကိုင်တွင်ဖြေရှင်းနိုင်တာထက် ပိုတဲ့ ကုမ္ပဏီတွေကနေ တရားစွဲခံရရင်းနဲ့ ငွေရေးကြေးရေး ချွတ်ခြုံကျခဲ့ပြန်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တစ်ကြိမ်ထပ်ဖြစ်ပြန်ပါတယ်။ သူမအဆိုအရ အကြွေးက ဒေါ်လာသန်း ၅၀ နီးပါးရှိပါသတဲ့။ သူမရဲ့ ငွေကြေးပြဿနာတွေနဲ့ ပတ်သက်လို့ အကြောင်းပြချက် ပေးရကြေးဆိုရင် တစ်ခုထက်မကပါဘူး။ ငွေကြေးကိုင်တွယ်ဖြေရှင်းမှု မှားတာကြောင့်ဖြစ်သလို အဆင့်မမီတဲ့ အာမခံစုဆောင်းထားရှိမှုအပြင် ကိုယ်တတ်နိုင်တာထက် လွန်ကဲသုံးဖြုန်းတာကြောင့်လည်း ပါပါတယ်။ ၂၀၁၄ မှာတော့ သူမဟာ ဒေါ်လာ ၃ သန်း တန်ဖိုးရှိတဲ့ အိမ်တစ်လုံးကို ဝယ်ခဲ့ပြီး ဒီအတွက်လည်း ဘယ်လို သင်ခန်းစာတွေ ထပ်ရဦးမယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဘဲ ဖြစ်ပါတယ်။ 

အခွန်ရှောင်တဲ့  Wesley Snipes 
ကျွန်မတို့ အားလုံးက အခွန်ပေးဆောင်ရတာကို အနည်းနဲ့ အများတော့ မနှစ်သက်ကြပါဘူး။ အခွန်ဆောင်ရတာနဲ့ ပတ်သက်လို့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိနေပေမယ့် တကယ်တမ်းဆောင်ကြတဲ့အခါ သက်သက်သာသာ လွယ်လွယ်ကူကူ ဖြစ်မနေကြတာ များပါတယ်။ Blade ဇာတ်လမ်းတွဲရဲ့ အက်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Wesley Snipes ကိုလည်း မဆောင်ဘဲထားခဲ့တဲ့ အခွန်ဒေါ်လာ ၁၇ သန်းကျော်ကို ပေးဆောင်ဖို့အတွက် ဖိအားပေးခံခဲ့ရပါတယ်။ သူဟာ အခွန်ရှောင်တဲ့
အမှုအတွက် ထောင်ထဲမှာ ၃ နှစ်ကြာ နေခဲ့ရသလို သူ့အပေါင်းအပါ နှစ်ယောက်ကတော့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုနဲ့ စာရင်းဇယားတွေကို လွဲမှားစွာဖော်ပြမှု စတဲ့ ပိုပြီးပြင်းထန်တဲ့ ပြစ်မှုတွေမှာ အပြစ်ရှိကြောင်း တွေ့ရတာကြောင်း ထောင်ထဲ
မှာ ဖြတ်သန်းရမယ့် နေ့ရက်တွေကို ပိုမိုချမှတ်တာ ခံခဲ့ရပါတယ်။ ကိုယ်ရရှိတဲ့ ဝင်ငွေကနေ ပေးဆောင်ရမယ့် တစိတ်တပိုင်းအတွက် ပျက်ကွက်ခဲ့တဲ့ Snipes ကတော့ ငွေကြေးဆုံးရှုံးမှုထက် ပိုတန်ဖိုးရှိတဲ့ အချိန်တွေကိုလည်း ပေးဆပ်ခဲ့ရပါတယ်။  

သေတမ်းစာကို ပြုပြင်ဖြည့်စွက်ဖို့ ပျက်ကွက်ခဲ့တဲ့ Heath Ledger
သြစတေးလျ သရုပ်ဆောင် Heath Ledger ရဲ့ ငွေကြေးစီမံမှုနဲ့ ပတ်သက်ရင်တော့ လူတိုင်းအတွက် သင်ခန်းစာယူနိုင်တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ ငွေကြေးဥစ္စာတချို့လည်းရှိမယ်၊ ပြီးတော့ မိသားစု ဝင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတချို့လည်း ရှိနေမယ်ဆိုရင် သေတမ်းစာတစ်စောင်တော့ သေသေချာချာ ပြင်ဆင်ထားသင့်ပြီး အချိန်နဲ့ အမျှလည်း အသစ်ဖြည့်စွက်တာ ပြုပြင်ပြောင်းလဲတာတွေ လုပ်ေ နသင့်ပါတယ်။ Heath Ledger က အသက် ၂၈ နှစ် အရွယ်မှာ ဆုံးပါးခဲ့တယ်။ သေတမ်းစာများစွာကို ချန်ထားခဲ့ပြီး တစ်ခုကိုမှ လက်မှတ်ထိုး မထားခဲ့ပါဘူး။ သူ့ရဲ့ အိမ်နဲ့ခြံကို သူ့မိဘတွေနဲ့ နှမတွေကို ခွဲဝေယူခဲ့ကြပြီး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲပိုင်ခွင့်ကိုတော့ သူ့ရဲ့ သမီးငယ် Matida Rose ကို ပေးအပ်ခဲ့ပါတယ်။ Ledger မိသားစုနဲ့ သူ့ဇနီးဟောင်း Michelle Willams ရဲ့ မိသားစုတို့ဟာ အဓိကကျတဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ပတ်သက်လို့ ဘယ်သူရသင့်တယ်ဆိုတာ လပေါင်းများစွာ ငြင်းခုန်နေခဲ့ကြပြီးတဲ့နောက် သူ့သမီးကို လက်ဆောင်အဖြစ် ပြန်ပေးမယ့် Ledger မိသားစုဆီ အားလုံးရောက်သွားခဲ့ပါတော့တယ်။ တိုတိုပြောရမယ်ဆိုရင် အဆိုးထဲက အကောင်းဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ခဏတာတော့ သိပ်ကို ရှုပ်ထွေး သွားခဲ့ရတဲ့အပြင် ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေလည်း ဖြစ်လာနိုင်ပါတယ်။ အမွေပေးစရာတွေ ရှိမယ်ဆိုရင် တိတိကျကျ ပိုင်းပိုင်းခြားခြား ပြင်ဆင်ထားခဲ့တာက အကောင်းဆုံးလို့ ဆိုချင်ပါတယ်။

Tiger Woods
Tiger Woods  ကိုတော့ လက်မထပ်ခင်မှာ သဘောတူညီချက်တွေကို အရင် စာရင်းပြုစုသင့်တဲ့သူ စာရင်းထဲ ထည့်ထားရမယ် ထင်ပါတယ်။ သူဟာ  Elin Nordegren နဲ့ ကွာရှင်းကြတော့ ငါတို့လမ်း ငါတို့လျှောက်ကြရအောင် ဆိုတာထက် ပိုတယ်လို့ ဆိုရပါမယ်။ သူတို့ပြဿနာမှာ ကြေးစား မိန်းမတွေပါသလို၊ အရွယ်ရောက်ပြီးသူ ရုပ်ရှင်က ငွေကြယ်ပွင့်တွေအပြင် အိမ်နီးချင်းတစ်ဦးတောင် ပါဝင်နေပါသေးတယ်။ လူနှစ်ဦးရဲ့ ပတ်သက်ဆက်နွယ်မှုက ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြီးဆုံးသွားတယ်ဆိုတာထက် Elin က သစ္စာဖောက်ခံရတဲ့ မိခင်/ ဇနီး ဖြစ်ပြီးတော့ Tiger ကတော့ လူမှုပတ်ဝန်းကျင်က အစဉ်အလာတွေကို ချိုးဖောက်တဲ့ လူမှုရေးဖောက်ပြန်သူ ဖြစ်ခဲ့ပါတယ်။ Elin က ဒေါ်လာသန်း ၁၀၀ လောက် ယူဆောင်သွားတဲ့အပြင် Tiger အနေနဲ့ မြောက်များလှစွာသော သဘောတူညီချက်တွေကို ကစားပွဲတွေ အရှိန်မြင့်နေတဲ့ အချိန်ကြီးမှာ ဆုံးရှုံးသွားခဲ့ရပါတယ်။ 

အသုံးအဖြုန်းကြီးသူ MC Hammer
MC Hammer ကတော့ ထင်ထင်ရှားရှား မြင်သာဖို့ မစွမ်းနိုင်တဲ့အကြောင်း သီချင်းတစ်ပုဒ်လောက်တော့ ဆိုခဲ့ကောင်း ဆိုခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ အကြွေးရှင်တွေကတော့ သူနဲ့ တွေ့ဖို့ နည်းလမ်းတွေ အများကြီးကို သိထားပြီးသားပါ။ သူဟာ လုံးဝကို ဆင်းရဲမွဲတေသွားခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝင်ငွေက ဘယ်လောက်ရှိလို့ ထွက်ငွေက ဘယ်လောက်ရှိတယ်ဆိုတာကို သူသေချာမသိခဲ့တာကြောင့်ပါ။ သူဟာ ဒေါ်လာ သန်း ၃၀ ဆိုတဲ့ ပမာဏကို သိပ်ကို မြန်မြန်ဆန်ဆန် သုံးပြစ်ခဲ့ပါတယ်။ သူရဲ့ ငွေကြေးပေးချေမှု တွေနဲ့ ကုန်ကျစရိတ်တွေဟာ တကယ်တော့ ရူးကြောင်ကြောင်နိုင်လှစွာသော အရေးမပါတဲ့အရာတွေချည်းပါဘဲ။ သူ့ရဲ့ အကြီးမားဆုံးသော သုံးဖြုန်းမှုကတော့ အရမ်းကို တန်းဖိုးကြီးပြီး စတုရန်းပေ လေသောင်းအကျယ်အဝန်းမှာ တည်ဆောက်ထားတဲ့ အိမ်ကြီးပါဘဲ။ ရဟတ်ယာဉ်အပါအဝင် ယာဉ်တွေလည်း အများကြီးပါဝင်ပါသေးတယ်။ သွေးတူမွေးတူ မြင်းတွေအပြင် မလိုအပ်ဘဲ အဖွဲ့အဝင်အရေအတွက် များပြားလွန်းတဲ့၊ တစ်လမှာ ဒေါ်လာ ၅ သိန်း ကုန်ကျစရိတ်ရှိတဲ့ ဝန်ထမ်း ၂၀၀ ကျော်ကိုလည်း ခန့်အပ်ထားပါသတဲ့။ ခမ်းနားကြီးကျယ်တဲ့ နေထိုင်မှုဆိုပေမဲ့လည်း အသုံးထက် အဖြုန်းသက်သက်လို့သာ ဆိုချင်ပါတယ်။

လက်မထပ်ခင် သဘောတူညီမှုယူဖို့ လိုသွားတဲ့ Mel Gibson
Larry King ကတော့ မြောက်များစွာသော ဇနီးဟောင်းတွေကို မယားစရိတ်ပေးရပေမယ့် Mel Gibson လို အကုန်လုံး ပြောင်ရှင်းသွားအောင် ယူဆောင်သွားခံရတဲ့ အမျိုးသားတချို့လည်း ရှိနေပါသေးတယ်။ ကွာရှင်းပြတ်စဲတာကို အ ကြောင်းပြုပြီး ပိုက်ဆံတွေအကုန်နီးပါး ယူသွားခံခဲ့ရတဲ့ နာမည်ကျော် အနုပညာရှင်တွေဆိုရင် Paul McCartney ကနေ Michael Jordan အထိ ဥပမာပေးစရာ အများကြီးရှိပါတယ်။ နောက်ပြီး Alec Wildenstein နဲ့ Bernie Ecclestone တို့လို စီးပွားရေး လုပ်ငန်းရှင်တွေဆိုရင် သူတို့ရဲ့ ကွာရှင်းပြတ်စဲမှုမှာ ဒေါ်လာ ၁ ဘီလျံလောက် ဆုံးရှုံးမှုတွေ ရှိခဲ့ပါသတဲ့။ Gibson ကတော့ ဒေါ်လာ ၄၂၅ သန်းဘဲ ကုန်ကျခဲ့တာပါ။ ဒါပေမဲ့ တချို့တွေကတော့ လက်မထပ်ခင်ကတည်းက သဘောတူညီချက် အရင်ယူထားတာမရှိလို့ ဒီလိုဖြစ်ရတယ်ဆိုပြီး သင်ခန်းစာ ယူလိုက်ကြပါသေးတယ်။

သုံးတာထက် ဖြုန်းတယ်ဆိုရမယ့်  Michael Jackson
အခုဖော်ပြခဲ့တဲ့ သူတွေထဲမှာဆိုရင် အသုံးအစွဲကြီးလွန်းတာဟာ ဆိုးရွားလွန်းတဲ့ အမှားတစ်ခုဆိုတာ သက်သေပြနိုင်စေမယ့် နောက်ထပ် အနုပညာရှင်တစ်ယောက်အကြောင်းကို ဖော်ပြလိုက်ပါတယ်။ ကိုယ်ဘယ်လောက်သုံးတယ်ဆိုတာကို သတိထား တွက်ချက်မှုမရှိတဲ့သူဟာ အဆိုးရွားဆုံး ငွေရေးကြေးရေး အမှားကို ပြုလုပ်မိနိုင်တဲ့သူလို့ ဆိုနိုင်ပါတယ်။ အိမ်ထောင်ရေး အခြေအနေကလည်း ကောင်းမွန်နေမယ်၊ အသက်မွေးမှု လုပ်ငန်းကလည်း အဆင်ပြေနေတယ်၊ နောက်ပြီး တရားရင်ဆိုင်နေရတာတွေလည်းမရှိဘူး။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ ပိုက်ဆံတွေကို တစ်စုံတစ်ခုသော ရည်မှန်းချက်နဲ့ အသုံးချတာမျိုး မဟုတ်ဘဲ လျှောက်သုံးနေမယ်ဆိုရင်တော့ ဘယ်သူ့ကိုမဆို ပျက်စီးစေတတ်တာပါဘဲ။ ပေါ့(ပ) ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်လိုပေါ့။ သူဟာ လက်ဖျားငွေသီးစဉ်ကတော့ ဒေါ်လာသန်း ၂၀ နီးပါး တန်ဖိုးရှိတဲ့ Neverland မွေးမြူရေးခြံကို ဝယ်ခဲ့တယ်။ အဓိက ပြဿနာကတော့ အဲ့ဒါကြီးကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တာဘဲ။ တကယ်လို့ အိမ်တစ်အိမ်မှာ တိရိစ္ဆာန်ရုံနဲ့ ကစားကွင်းတစ်ခုရှိနေမယ်ဆိုရင် တစ်နှစ်တာလည်ပတ်ဖို့အတွက် အသုံးစရိတ်က ဒေါ်လာ ၁၀ သန်းနီးပါး ကုန်ကျနိုင်ပါတယ်။ နောက်ပြီး မိုက်ကယ်ဟာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေအပေါ် ငွေသုံးရတာကိုလည်း နှစ်သက်တဲ့သူမို့ ဈေးဝယ်ထွက်တဲ့ အချိန်တိုလေးအတွင်းမှာ ဒေါ်လာ သန်းပေါင်းများစွာကို သွန်ချသလို သုံးတတ်ပါတယ်။

အသုံးအစွဲကြမ်းတဲ့အပြင် အခွန်ရှောင်တဲ့ Mike Tyson
အသုံးအစွဲကြီးလွန်းလှတဲ့ Mike Tyson ရဲ့ အကျင့်ကို သိချင်တဲ့သူတွေအနေနဲ့ သူ့ရဲ့ Instagram စာမျက်နှာမှာ သွားကြည့်လိုက်ရင်ဘဲ ခြုံငုံသုံးသပ်မိနိုင်ပါတယ်။ Mike Tyson ဆိုတာ လက်ဝှေ့ကမ္ဘာရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့ဖူးတဲ့သူပါ။ Mike ဟာ ငွေကြေးပစ်ပေါက်သုံးစွဲတတ်တာနဲ့ ပတ်သက်ရင် နှစ်ယောက်မရှိနိုင်တဲ့သူလို့ ဆိုနိုင်ပါတယ်။

သူ့ရဲ့ အသက်မွေးမှုလုပ်ငန်း လမ်းကြောင်းတစ်လျှောက်လုံးမှာ အခွန်ဆောင်ခြင်း၊ မဆောင်ခြင်း ပြဿနာတွေ ရှိနေခဲ့ပေမဲ့ သူဟာ အသုံးအစွဲကြမ်းလွန်းတဲ့နေရာမှာတော့ နတ်ဆိုးတစ်ကောင်လိုပါဘဲ။ သူက တစ်ရက်တာအတွက် အစာဖိုးကုန်ကျစရိတ် ဒေါ်လာတစ်ထောင်ကျော်လောက်ရှိတဲ့ ကျားတွေကို ဝယ်ခဲ့တယ်၊ ဒေါ်လာ ၇ သန်းတန် အိမ်၊ ကားအစီးရေ ၁၀၀ ကျော်နဲ့ သူ့ရဲ့ ပထမဆုံးဇနီး Robin Givens အတွက်ဆိုပြီး ဒေါ်လာ ၂ သန်းတန် ရေချိုးဇလုံကို ဝယ်ပေးခဲ့တယ်။ ဒါက သူ့ရဲ့ အသုံးအဖြုန်းတွေနဲ့ ပတ်သက်လို့ ဥပမာပေးရုံ ပြောတာပါဘဲ။ ဒါပေမဲ့ သူဘယ်လောက် အသုံးကြမ်းတယ်ဆိုတာကို ရိပ်စားမိလောက်ပါတယ်။ ဒေါ်လာ သန်းရာပေါင်းများစွာ ဆုံးရှုံးရတဲ့ထိပ်ဆုံးစာရင်းထဲမှာ အခွန်ရှောင်ခြင်း  ပြဿနာ ပါဝင်သလို သူဟာ အခုချိန်ထိ အမေရိကန်အစိုးရကို ဒေါ်လာသန်းချီတဲ့ အခွန်ကြွေးတွေဆပ်ဖို့ ရှိနေဆဲပါဘဲ။

Ref    : 12 Celebrities And Their Biggest Money Mistakes
http://www.therichest.com/expensive-lifestyle/money/12-celebrities-and-t...