Primary tabs

အမိုက်စား အလန်းစား တန်ဖိုးကြီးအိတ်များ

အခမ်းအနားပွဲတွေနဲ့ ညစာစားပွဲတွေ တက်ရောက်ကြတဲ့အခါ ကိုင်ဆောင်ကြတဲ့ လက်ကိုင်အိတ်၊ ဟိုနားသည်နား ထသွားလာသွား သွားလာကြတဲ့အခါ အမျိုးအမည်စုံကို ထည့်သွင်း သယ်ဆောင်ကြတဲ့ လက်ကိုင်အိတ်တွေဟာ တန်ဖိုးအနေအထားနဲ့ အသုံးဝင်မှု အသုံးပြုတဲ့သူအပေါ် မူတည်လို့ ချမ်းသာကြွယ်ဝမှုရဲ့ ပြယုဂ်တစ်ခုတောင် ဖြစ်လာစေတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ လူကြိုက်များခဲ့ကြတဲ့ နာမည်ကျော်တို့ ကိုင်ဆောင်ခဲ့ကြတဲ့ အမိုက်စား အလန်းစား တန်ဖိုးကြီး အိတ်တွေကို ဖော်ပြချင်ပါတယ်။ 

၁။ Victoria Beckham စုဆောင်းလေ့ရှိတဲ့ Hermes Birkin အိတ် 
နာမည်ကျော်သရုပ်ဆောင်နဲ့ အဆိုတော် Jane Birkin ရဲ့ အမည်ကို အစွဲပြုခေါ်ဆိုခဲ့တဲ့ Hermes Birkin အိတ်ဟာဆိုရင် Beyonce ကစလို့ Victoria Beckham အပါအဝင် Kardashians တို့အထိ ကိုင်ဆောင်အသုံးပြုခဲ့ကြတဲ့ အိတ်ဖြစ်ပါ 
တယ်။ Birkin အိတ်ကတော့ နာမည်ကျော်တို့ရဲ့ လက်ကိုင်အိတ်ကမ္ဘာမှာ မဖြစ်မနေလိုချင်တတ် ကြတဲ့ အိတ်တွေထဲက တစ်မျိုးပါဘဲ။ လက်ရှိဖက်ရှင်လောကမှာတော့ ဒီအိတ်ဟာ ကြွယ်ဝမှုရဲ့ ပြယုဂ်လို့တောင် ဆိုနိုင်ပါတယ်။ လက်ကိုင်အိတ် စုဆောင်းသူတွေရဲ့ လောကမှာတော့ Birkin အိတ်တွေက လူကြိုက်အများဆုံးပါ။ Victoria Beckham ကတော့ Birkin အိတ် အလုံး ၁၀၀ ကျော် စုဆောင်းထားတယ်လို့ သိရပါတယ်။ Birkin အိတ်တွေကို အရည်အသွေးမြင့် မိကျောင်းသားရေ၊ ငှက်ကုလားအုပ်သားရေ၊ ဖွတ်သားရေ စတာတွေနဲ့ ချုပ်လုပ်လေ့ရှိပြီး အတွင်းပိုင်းကို ဆိတ်သားရေနဲ့ ပြုလုပ်ထားပါတယ်။ တန်ဖိုးကြီးစိန်ပွင့်တွေနဲ့ ရွှေဖြူတို့ကို အသုံးပြုပြီး စီခြယ်မွမ်းမံလေ့ရှိပါတယ်။ 

၂။ Lindsay Lohan ရဲ့ ထသွားလာသွား Chanel Quilted Tote 
Chanel ရဲ့ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့  Quilted Tote အိတ်တွေကတော့ နာမည်ကျော်တော်တော်များများ ကိုင်ဆောင်တတ်ကြတာကို တွေ့ရမှာပါ။ ဂန္တဝင်ဆန်တဲ့ ဒီဇိုင်းနဲ့ အိတ်တွေကို နွားကလေးသားရေ၊ သိုးသားရေတို့ကို အသုံးပြု ဖန်တီးတတ်သလို Coco Chanel ရဲ့ အနှစ်သက်ဆုံး ပန်းပွင့်ဖြစ်တဲ့ Camellia ပန်းပွင့် ရိုက်နှိပ်ထားတဲ့ ဒီဇိုင်း၊ သားရေပြောင်ဒီဇီုင်းတွေနဲ့ လည်း ရနိုင်တာတွေ့ရပါတယ်။ အိတ်တွေရဲ့ ကြိုးအများစုကိုတော့ ချိန်းကြိုးစတိုင်နဲ့ဘဲ တွေ့ရမှာဖြစ်ပါတယ်။ ဒီအိတ်ကို ကိုင်ဆောင်ခဲ့ကြတဲ့ နာမည်ကြီးတွေကတော့ Rosie Huntington-Whiteley, Lauren Conrad နဲ့ Lindsay Lohan တို့ဘဲ ဖြစ်ပါတယ်။


၃။ Jessica Alba ကိုင်တဲ့ Louis Vuitton ရဲ့ ပန်းနုရောင် Lockit Bag
Louis Vuitton ကထုတ်တဲ့ Lockit အိတ်ကတော့ ကြည့်လိုက်တာနဲ့ တန်ဖိုးကြီးပစ္စည်းဆိုတာ သိသာစေတယ်၊ မိန်းမဆန်ဆန်နဲ့ ရိုးရှင်းတယ်။ အိတ်ရဲ့ပုံစံက မြင်လိုက်တာနဲ့ မျက်စိကျချင်စရာ ဆိုပေမယ့် LV အမှတ်တံဆိပ်ကို ပြူးပြူးပြဲပြဲ ဖော်ပြမထားဘူး။ အိတ်ရဲ့အရှေ့ဘက်အခြမ်းမှာ စာလုံးသေးလေးတွေနဲ့ အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားတယ်။ ၁၉၅၈ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Lockit Bag ကို ၂၀၀၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်မှာတစ်ကြိမ် ဖက်ရှင်ရေစီးကြောင်း အပြောင်းအလဲကို လိုက်ပြီး မွမ်းမံပြင်ဆင်ထားတာကို တွေ့ရပါတယ်။  Jessica Alba နဲ့ Charlize Theron တို့ကတော့ လက်ကိုင်အိတ် ထုတ်လုပ်တဲ့နေရာမှာ ဂုရုတစ်ပါးလို့ဆိုရမယ့် Louis Vuitton ရဲ့ ပန်းနုရောင်အိတ်ကို မြတ်နိုးကြပုံရပါတယ်။

၎။ Rihanna နှစ်သက်သဘောကျတဲ့  Givenchy Antigona Satchel 
Givenchy Antigona အိတ်ရဲ့ နာမည်ကတော့ ဂရိနတ်ဘုရားမ Antigona ကို အစွဲပြု မှည့်ခေါ်ထားတာပါ။ Antigona အိတ်တွေကို တောင့်တင်းခိုင်မာတဲ့ တြာပီဇီယံဒီဇိုင်းအဖြစ် ဖန်တီးထားပါတယ်။ ထည်ထည်ဝါဝါရှိလှတဲ့ Anti-gona အိတ်တွေကို ဆိတ်သားရေနဲ့ ဖန်တီးထားတယ်လို့ သိရပြီး နာမည်ကျော် တော်တော်များများ ကိုင်ဆောင်ခဲ့ကြပါသေးတယ်။ January Jones , Madonna, Rihanna, Rachel Zoe, Nicole Richie နဲ့ Charlize Theron တို့ကလည်း Givenchy Antigona ရဲ့ ပရိသတ်တွေလို့ ဆိုနိုင်ပါတယ်။ 

၅။  Gigi Hadid ရဲ့ Saint Laurent Sac De Jour Tote အိတ်
Sac De Jour လို့ အမည်ပေးထားတဲ့ Saint Laurent ရဲ့ အိတ်က နေ့ရက်တိုင်းမှာ အမျိုးမျိုးသော ပစ္စည်းပစ္စယတွေကို ကိုယ်နဲ့တပါတည်း သယ်ဆောင်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာပါသတဲ့။ ရိုးရှင်းတဲ့ အိတ်ရဲ့ ဒီဇိုင်းက ဟိတ်ကြီးဟန်ကြီး ပုံစံမျိုး ပေါက်မနေဘဲ အလုပ်များတဲ့ အမျိုးသမီးတို့အတွက် ထသွားလာသွား သယ်ဆောင်သွားဖို့ အဆင်ပြေစေနိုင်ပါတယ်။ အိတ်ကို နွားကလေး သားရေနဲ့ ပြုလုပ်ထားပြီး လက်ကိုင်ကိုတော့ ကြေးဝါကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အရွယ်အစားကို လိုက်ပြီးတော့ ဈေးနှုန်းသတ်မှတ်ထားတာကို တွေ့ရပါတယ်။ အရွယ်အစားခပ်ကြီး ကြီးနဲ့ Tote အမျိုးအစား Saint Laurent က ထုတ်တဲ့အိတ်ကိုတော့ Gigi Hadid, Cameron Diaz နဲ့ Rosie Huntington- Whiteley တို့က ကိုင်ဆောင်ခဲ့ကြပါတယ်။ 

၆။ Modalu Pippa Satchel 
Pippa Middleton ကနေ Modalu က ထုတ်လုပ်တဲ့အိတ်တစ်မျိုးကို သွားလေရာရာမှာ ကိုင်ဆောင်ခဲ့တတ်တာကို အကြောင်းပြုပြီးတော့ ကုမ္ပဏီကနေ Modalu Pippa Satchel လို့ အမည်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အိတ်လေးပါ။ အရည်
အသွေးမြင့် သားရေသားကို အသုံးပြုချုပ်လုပ်ထား တဲ့အိတ်တွေက ဒီဇိုင်းက ရိုးရှင်းထည်ဝါပြီး သယ် ဆောင်ရလွယ်ကူစေတဲ့ ကြိုးသိုင်းပုံစံနဲ့လည်း ရရှိနိုင်ပါတယ်။ နေရာတိုင်းအတွက် လိုက်ဖက်သင့်တော်မယ့် ဒီဇိုင်းကြောင့် မျက်စိကျစရာပါဘဲ။

၇။ Madonna ကိုင်တဲ့ Dolce & Gabbana Miss Sicily Satchel 
Dolce & Gabbana ရဲ့ Miss Sicily သားရေအိတ်ဟာဆိုရင်လည်း ထိပ်တန်းစာရင်းဝင် နာမည်ကျော်တို့ရဲ့ အသည်းစွဲအိတ်တွေထဲက တစ်မျိုးပါ။ Madonna, Sarah Jessica Parker နဲ့ Eva Mendez တို့ ကိုင်ဆောင်ခဲ့ကြပါတယ်။ အကောင်းစား သားရေနဲ့ ဖန်တီးချုပ်လုပ်ထားတဲ့ ဒီအိတ်ရဲ့ ထူးခြားချက်က အတွင်းပိုင်းမှာ အိတ်တွေအများကြီး ထည့်သွင်းချုပ်လုပ်ထားခြင်းပါဘဲ။ လက်ကိုင်အိတ် အဖြစ် အသုံးပြုလို့ရသလို ဖြုတ်လို့တပ်လို့ရတဲ့ ကြိုးအရှည်ကိုလည်း ထည့်သွင်းထားတယ်။ လက်ကိုင်တွေ အမှတ်တံဆိပ်တွေကိုတော့ တောက်ပတဲ့အဆင်တန်ဆာတွေကို အသုံးပြုပေးထားတာကို တွေ့ရမှာပါ။

၈။ Nicole Richie ရဲ့ Celine Luggage Tote
အိတ်ကို ဖန်တီးချုပ်လုပ်ထားတဲ့ ပုံစံလေးက ပြုံးပြနေတဲ့ပုံမျိုး ဖြစ်နေတာကြောင့် Smiley Bag လို့လည်းခေါ်ကြတယ်။ Celine က အသေးစိတ်ကျတဲ့ လက်မှုပညာနဲ့ ဇိမ်ခံပစ္စည်းဒီဇိုင်းတွေ ကြောင့် နာမည်ကြီးပါတယ်။ အရည်အသွေးမြင့် သားရေကို အသုံးပြုချုပ်လုပ်ထားတဲ့ Celine Luggage Tote ဟာ နေ့စဉ်သုံးအတွက်ကို ရည် ရွယ်ပုံ ရပါတယ်။ Gossip Girl ရဲ့ ငွေကြယ်ပွင့် Leighton Meester နဲ့ Nicole Richie တို့ကတော့ Celine Luggage Tote အိတ်ကို သဘောကျ နှစ်သက်တဲ့သူတွေပါ။ 

https://www.ranker.com/list/hottest-celebrity-handbags/fashionbaby