Primary tabs

လွဲမှားပြုမူမိတာလေးတွေက…

တစ်ခါတလေမှာတော့ သူတို့ရဲ့ အမှားဆိုတာချည်းဘဲ ပြောလို့မရတာလေးတွေ ရှိနေပါတယ်။ သူတို့လည်းဘဲ လူသားတွေ မဟုတ်လား။  တချို့သော ငွေကြယ်ပွင့်တွေဟာ စိတ်အခန့်မသင့်တာကြောင့် လုပ်လိုက်တဲ့ ကိစ္စလေးတွေက အမှား
အယွင်းလေးတွေ ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ တချို့ကြတော့လည်း သူတို့ရဲ့ စွဲလမ်းမှုတွေကြောင့်နဲ့ တချို့သောအရာတွေကြောင့် ဆိုးဆိုးရွားရွား ပြုမူမိလိုက်တာမျိုး ဖြစ်သွားပါရောလား။ ဒီတစ်လမှာတော့ နာမည်ကျော်တို့ရဲ့ ဆိုးဆိုးရွားရွား ပြုမူမိသွားတဲ့ အပြုအမူ အမှားတွေကို စုစည်းထားပါတယ်။ 

ဘာမပြော ညာမပြော Kanye West 
၂၀၁၅ ခုနှစ် ဇန်နဝါရီတုန်းက Grammy ဆုပေးပွဲရဲ့ စတိတ်စင်ပေါ်မှာ ဖြစ်သွားခဲ့တဲ့ Kanye West ရဲ့ အဖြစ်အပျက်လေးပါ။ အဆိုတော် Beck က တစ်နှစ်တာအတွက် အကောင်းဆုံး အယ်(လ)ဘမ်ဆုကို တက်ရောက်ယူပြီးတဲ့နောက်ပိုင်း Kanye West က စင်ပေါ်ကို တက်လာကာ ဘာမပြော ညာမပြောနဲ့ ဆင်းသွားခဲ့ပါတယ်။ ပွဲမှာ ရှိနေတဲ့ လူတွေအားလုံးက ပြက်လုံးထုတ်တယ်လို့တောင် ထင်သွားခဲ့ရပါသေးတယ်။ နောက်ဆုံးမှာတော့ သူ့အပြုအမူနဲ့ ပတ်သက်လို့  West က တွစ်တာကနေ ‘ကျွန်တော် Beck ကို လူသိရှင်ကြား တောင်းပန်ချင်ပါတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး Beck’ ဆိုပြီး ရေးသားတောင်းပန်ခဲ့ပါတယ်။ 

ဟိုတယ်က ပုလင်းနဲ့ Scott Disick 
Scott Disick ကတော့ အပေါင်းအသင်းတွေနဲ့အတူ ဟိုတယ်တစ်ခုက ပစ္စည်းကို ခိုးယူခဲ့တာကတော့ ဟိုးလေးတကျော်ပါဘဲ။ TMZ.com ရဲ့ အဆိုအရ Disik ဟာ Hotel Jerome မှာ သူငယ်ချင်းတွေနဲ့အတူနေထိုင်ခဲ့ပြီး ဘားကနေ အရက်ပုလင်းကို ခိုးယူသောက်သုံးကာ သူတို့အခန်းထဲက အမှိုက်ပုံးထဲမှာဘဲ စွန့်ပစ်ခဲ့ပါသတဲ့။ ဟိုတယ်က Disick ကို ပုလင်းဖိုးရော အခန်းခပါ ဒေါ်လာ ၉၀၀ တောင်းခံခဲ့ပါတယ်။

သားအတွက်ကြောင့်ဖြစ်ရတဲ့ Sean “Diddy” Combs
ရက်ပါ Sean “Diddy” Combs  ဒါမှမဟုတ် စင်ပေါ်က နာမည်အတိုင်းဆိုရင် Puff Daddy ကတော့ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ လော့(စ)အိန်ဂျလိ့စ် ဘောလုံးအသင်းရဲ့အားကစားနည်းပြနဲ့ အော်ကျယ်ဟစ်ကျယ် ဖိုက်တင်းပလေးကြလို့ အဖမ်းခံခဲ့ရပါသတဲ့။ ဖိုက်တင်ပလေးရတဲ့ အကြောင်းအရင်းကတော့ နောက်တန်းခံစစ်မှာ ကစားနေတဲ့ Combs ရဲ့ သားဖြစ်သူ Justin ကို အားကစားနည်းပြရဲ့ ဆက်ဆံပုံကြောင့်ဖြစ်ပါတယ်။ တနလာင်္နံနက်ခင်းမှာ စိတ်မပါလက်မပါနဲ့ လေ့ ကျင့်နေတဲ့  Sean “Diddy” Combs ရဲ့သားကို နည်းပြက ကန်လိုက်တာကြောင့်ဖြစ်ပါသတဲ့။ ရက်ပါကြီးဟာ အဲ့ဒီညမှာတော့ အာမခံရခဲ့လို့ ကံကောင်းသွားတယ်ဆိုရမှာပေါ့။

စိတ်မြန်လက်မြန် Shia LaBeouf
Shia LaBeouf က စိတ်မြန်လက်မြန်ရှိလှတဲ့ သူ့အမူအရာတွေကြောင့် လူသိများပါတယ်။ LaBeouf ဟာ အသက် ၉ နှစ်အရွယ်တုန်းက ရှုးဖိနပ်တစ်ရံခိုးမိလို့ အဖမ်းခံရတဲ့ဖူးတဲ့အကြောင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ Refinery 29 က ဖော်ပြခဲ့တယ်။ အောက်တိုဘာလောက်တုန်းကမှ သူဟာ လူကြားသူကြားမှ ထိန်းမနိုင်သိမ်းမရ ရမ်းကားရန်ဖြစ်ခဲ့လို့ အဖမ်းခံခဲ့ရသေးတာပါ။ ၂၀၁၄ ခုနှစ်တုန်းကဆို ဇွန်တစ်လတည်းမှာတင် ၂ ကြိမ် အဖမ်းခံခဲ့ရပါတယ်။ တစ်ကြိမ်ကတော့ Cabaret ရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့ ပတ်သက်ပြီး ကသောင်းကနင်းဖြစ်အောင် နှောင့်ယှက်လို့ဖြစ်တာ နောက်တစ်ကြိမ်ကတော့ နယူးယောက်စီးတီးက အိမ်ခြေယာမဲ့ လူတစ်ယောက်ကို ခြေရာခံလိုက်ကာ ပြဿနာရှာတာကြောင့် ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမိတဲ့ Vanessa Hudgens
၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီတုန်းက မင်းသမီးဟာ Instagram မှာ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အဲ့ဒီ ဓာတ်ပုံကတော့ အရီးဇိုးနားပြည်နယ်က ဆီဒိုနားမှာရှိတဲ့ ကျောက်တုံးတစ်တုံးပေါ်မှာ သူမရဲ့ နာမည်အရင်းနဲ့ သူမရဲ့ ရည်းစားနာမည် Austin Butler တို့ကို ထွင်းထုထားတဲ့ပုံပါ။ nbcnews.com ရဲ့ အဆိုအရတော့ Hudgens ဟာ အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ U.S Forest Servicse ရဲ့ မြေပေါ်မှာရှိတဲ့ သဘာဝလက္ခဏာရပ်တွေကို ထိခိုက်ပျက်စီးစေမှုကြောင့် ရုံးတော်ကို ဆင့်ခေါ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒေါ်လာ ၁၀၀၀ လျော်ကြေးပေးပြီး အဆုံးသတ်ခဲ့ရပါသတဲ့။ 

ပြောမှားဆိုမှားလေး Ariana Grande
၂၀၁၅ ခုနှစ် ဇူလိုင်မှာ Dangerous Woman ရဲ့ တေးသံရှင် Ariana Grande က ကယ်လီဖိုးနီးယားမှာရှိတဲ့ ဒိုးနတ်ဆိုင်တစ်ဆိုင်မှာ ဗန်းတွေထဲ ထည့်ထားတဲ့ ဒိုးနတ်တွေကို တစ်ခုပြီးတစ်ခု လျှာဖြင့်လျက်နေတဲ့ပုံကို လုံခြုံရေးကင်မရာကနေ ဖမ်းယူရရှိခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ ဗီဒီယိုထဲမှာ သူမက အမေရိကကို မုန်းတယ်လို့လည်း ဆိုထားတာကို တွေ့ရပါသတဲ့။ နောက်ပိုင်းမှာတော့ Grande က သူမပြောခဲ့တဲ့ ပြောမှားဆိုမှား ဖြစ်ခဲ့တာတွေကို တောင်းပန်ခဲ့ပါတယ်။ 

မူးပြီးမောင်းတဲ့ Lindsay Lohan 
Mean Girls ရဲ့ ငွေကြယ်ပွင့်ဟာ ၂၀၁၃ ခုနှစ် မေလမှာ မဆင်မခြင်ကားမောင်းတဲ့အပြင် ရဲတပ်ဖွဲ့ကို လိမ်ညာအသနားခံခဲ့တာကြောင့် ရက်ပေါင်း ၉၀ ကြာ မူးယစ်ဆေး သုံးစွဲသူတွေ ပြုပြင်ထူထောင်ပေးတဲ့စင်တာကို သွားဖို့ အမိန့်ချခံခဲ့ရပါတယ်။ ဇွန်လမှာတော့ သူမဟာ Betty Ford လူငယ်ပြုပြင်ထိန်းသိမ်းရေး စင်တာကနေ တစ်လလောက်စောပြီး ထွက်ခွာခဲ့ကာ Cliffside Malibu မူးယစ်ဆေးဝါး စွဲလမ်းသူများအတွက် ပြန်လည်ထူထောင်ရေးစင်တာကို ရောက်မှာသာ သူမရဲ့ ပြစ်ဒဏ်ကို ပြီးဆုံးအောင် ပေးဆပ်ခဲ့တာ ဖြစ်ပါတယ်။  

အမှုတွေ ပွေခဲ့ရသူ Amanda Bynes
ငယ်စဉ်က ကလေးသရုပ်ဆောင် လုပ်ခဲ့ဖူး သူ Amanda Bynes ကတော့ ၂၀၁၂ နဲ့ ၂၀၁၃ မှာ အမှုတွေ တစ်ခုပြီးတစ်ခု ပွေခဲ့ရတယ်လို့ ဆိုရမှာပါဘဲ။ People.com ရဲ့ အဆိုအရ Byne က ၂၀၁၂ ခုနှစ်မှာ မူးပြီးမောင်းတဲ့ အမှုကို ရင်ဆိုင်ခဲ့ရပြီး ကားတိုက်ပြီး ပြေးခဲ့တဲ့ အမှုကြောင့်လည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အတိအကျပြောလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုး ခံစားခဲ့ရပြီး အသေးစား မီးလောင်မှုဖြစ်စေခြင်းနဲ့ ကားလမ်းမပေါ်မှာ သူစိမ်းတစ်ယောက်ကို ထူးထူးဆန်းဆန်းတွေ ပြုမူတာကြောင့် ကာလီဖိုးနီးယားမှာရှိတဲ့ စိတ်ရောဂါနဲ့ သက်ဆိုင်တဲ့ ဝေဒနာရှင်တွေ ထားရှိရာနေရာမှာ နေခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူမရဲ့မိခင်ကတော့ နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ ခွင့်ပြုခဲ့ပြီး သူမရဲ့ ရှေ့နေကလည်း ဆေးမှုနဲ့ပတ်သက်လို့ သူမရဲ့ အခြေအနေက ရုံးတော်ကိုလာရောက်ဖို့ မသင့်တော်သေးတဲ့အကြောင်း ပြောကြားလာပါတယ်။ Bynes က ပြုပြင်ထိန်းသိမ်းရေးစင်တာမှာ ကုသမှုတွေကို ပြီးဆုံးတဲ့အထိ သွားရောက်ခဲ့ရပါတယ်။ 
Ref: Celebrities behaving badly
https://www.newsday.com/entertainment/celebrities/celebrities-behaving-b...