Primary tabs

မျှဝေမှု အလွဲတွေ

ငွေကြယ်ပွင့်တို့ဟာ အွန်လိုင်းမှာလည်း ထွန်းတောက်ချင်ကြတာပါဘဲ။ သူတို့ကို ချစ်ခင်နှစ်သက်ကြတဲ့ ပရိသတ်ကြီးနဲ့ အမြဲတစေ ထိတွေ့နေလို့ရတဲ့ နည်းလမ်းတွေထဲက တစ်ခုအနေနဲ့ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ တစ်နေ့တာ ဖြတ်သန်းမှုပုံရိပ်တွေ၊ အလှဓာတ်ပုံတွေအပြင် သူတို့ရဲ့ အတွေးအမြင်တွေကိုပါ အွန်လိုင်းကနေ မျှဝေတတ်ကြတယ်။ ဒါပေမဲ့ တစ်ခါတရံမှာတော့ ကမ္ဘာနဲ့ အဝန်းမှာရှိနေကြတဲ့ သန်းပေါင်းများစွာသော သူတို့ရဲ့ ပရိသတ်တွေဆီကို ပေးပို့လိုကြတဲ့ မက်စေ့၊ ပြောပြချင်ကြတဲ့ အကြောင်းအရာလေးတွေနဲ့ ပတ်သက်လာရင်တော့ အနည်းဆုံး နှစ်ခါ ပြန်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။

၂ဝ၁၇ ခုနှစ်အတွင်းမှာ သူတို့ရဲ့ မျှဝေမှုတွေအပေါ် လူအများက ပြန်လည်တုန့်ပြန်တာနဲ့ ပတ်သက်လို့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတဲ့ ငွေကြယ်ပွင့်တွေ တော်တော်များများ ရှိခဲ့ပါတယ်။ အောက်မှာ ဖော်ပြပေးသွားမှာခဲ့တော့ တစ်နှစ်ပတ်လုံး လူပြောများခဲ့ကြတဲ့ လူမှုကွန်ယက်ပေါ်က မျှဝေမှုအမှားလေးတွေ အလွဲလေးတွေပေါ့။ ဆက်ပြီးကြည့်လိုက်ပါဦးနော်။ 

၁။ ဦးနဲ့ ဒေါ် မှားပြောမိရှာတဲ့ Chelsea Handler
အမေရိကန် သရုပ်ဆောင် Chelsea Handler က သူမအနေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားမှုဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာ အာရုံစိုက်ဖို့ရှိနေလို့ ဟောလိ့ဝုဒ်ကနေ ခေတ္တအနားယူသွားမယ့်အကြောင်း ကြေငြာပြီးလို့ နှစ်ပတ်လောက် အကြာမှာ သူမဟာ Dana Rohrabacher ကို အမျိုးသမီးအဖြစ် မှားယွင်းကာ ရည်ညွှန်းဖော်ပြမိခဲ့ပါတယ်။ အောက်တိုဘာ နောက်ပိုင်းလောက်မှာပေါ့။ သူမက ‘ဒါကြောင့် ရီပါဘလစ်ကန်ဘက်က ကယ်လီဖိုနီးယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် Dana Rohracacher က ရုရှားက သတင်းအချက်အလက်တွေကို အဦးဆုံးရရှိတဲ့သူဘဲ။ ဘာကြောင့်လဲဆိုတော့ သူမက သူတို့နဲ့အတူ အလုပ်တွေ လုပ်တာကိုး။’ ဆိုပြီး တွစ်တာမှာ tweet ခဲ့ပါတယ်။ တွစ်တာ အသုံးပြုသူတွေကတော့ Rohrabacher ဟာ အမျိုးသားဖြစ်တဲ့အကြောင်းကို ခပ်မြန်မြန်ဘဲ ထောက်ပြခဲ့ကြပါတယ်။ Rohrabacher ဟာ အသက် ၇ဝ ရှိနေပြီ ဖြစ်ပြီးတော့ ကယ်လီဖိုးနီးယားက အောက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာက ၁၉၈၉ ခုနှစ်ကတည်းကပါ။ သူက သမ္မတ ရော်နယ်ရေဂင်အတွက် မိန့်ခွန်းတွေ ရေးပေးတဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

အကောင်းအမြင်မခံခဲ့ရတဲ့ Kim Kardashian
Kim Kardashian ဟာ ကုန်လွန်ခဲ့တဲ့ သြဂုတ်မှာတုန်းက သူမရဲ့ သမီးဖြစ်သူနဲ့အတူ စက်တင်ဘာလထုတ် Interview မဂ္ဂဇင်းအတွက် Jackie Kennedy စတိုင် လွှမ်းမိုးထားတဲ့ ဓာတ်ပုံရိုက်ကူးမှုက ဓာတ်ပုံကို ဝေမျှလာခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ လူတိုင်းက မေတ္တာအတွေးလေးတွေ ဝင်စားနိုင်ခဲ့ကြပုံတော့ မပေါ်ပါဘူး။ တချို့သော တွစ်တာအသုံးပြုသူတွေကတော့ Kardashian ရဲ့ အသားအရေက သမီးဖြစ်သူရဲ့ အသားအရောင်နဲ့ ကိုက်ညီအောင် မှောင်ထားပုံရတယ်လို့ ဆိုကြပါတယ်။ တခြားသူတွေကတော့ Kardashian ဟာ သမ္မတကတော်ဟောင်းကို အတုခိုးဖို့ ကြိုးစားနေတယ်လို့ ရက်ရက်စက်စက်ဆိုခဲ့ကြတာလည်း ရှိပါတယ်။ 


ဘွင်းဘွင်းရှင်းရှင်း Rob Kardashian 
Rob Kardashian တစ်ယောက်ကတော့ သူတို့ရဲ့ အတွင်းရေးတွေကို ဖွင့်ထုတ်ပြောဆို လိုက်ဖို့ တွန့်ဆုတ်မနေတတ်တဲ့သူပါ။ သူ့ရဲ့ ရည်းစားဟောင်း မော်ဒယ် Blac Chyna ကို တွစ်တာနဲ့ အင်စတာဂရမ်မှာ ဗီဒီယိုဖိုင်တွေအပြင် ဆဲရေးတိုင်းထွာတဲ့ ပို့စ်တွေနဲ့ သူမကို စွပ်စွဲပြောဆိုခဲ့ပါတယ်။ Rob Cardashian က သူမဟာ အသက်တစ်နှစ်အရွယ် သမီးဖြစ်သူ Dream အတွက် သင့်တော်တဲ့ မိခင်ကောင်းတစ်ယောက် မဟုတ်ဘူးလို့လည်း အခိုင်အမာဆိုခဲ့ပါသေးတယ်။ 

‘အရက်၊ မူးယစ်ဆေးဝါး၊ ကိုကင်းနဲ့ X and E တွေကို သုံးနေတာ မရပ်ဘူးဆိုရင် Dream ကို နောက်ထပ် ဘယ်တော့မှ မတွေ့စေရဘူး။ ယောက်ျားတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်လိုက် ထွက်လိုက် လုပ်နေခဲ့တဲ့ အရူးလို အိမ်ကြီးရဲ့အစား ငါနဲ့အတူရှိနေခဲ့တဲ့ သမီးလေးကို နောက်ဆုံးအကြိမ်အဖြစ် နားလည်ခဲ့တာက ဘယ်တုန်းကလဲ။ မိန်းမတစ်ယောက်က ဒီလိုမျိုး မလေးမခန့်လာလုပ်တာမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးဘူး။’ ဆိုတာတွေလည်း ပါပါသေးရဲ့။

နောက်ပြီး Chyna တင်ခဲ့တဲ့ ဓာတ်ပုံမှာ ပါဝင်ခဲ့တဲ့ ဘယ်သူမှန်းသေချာမသိရတဲ့ ထူးဆန်းတဲ့ သူဟာ Kardashian ကို ငွေယူမလား၊ Chyna ရဲ့ အဝေးမှာ နေပေးမလားလို့ မေးခဲ့တဲ့အကြောင်းကိုလည်း Rob Kardashian တစ်ယောက် ရေးခဲ့ပါသေးတယ်။ ဘာပဲပြောပြော ပွဲဆူခဲ့တဲ့ ဝေမျှမှုတွေလို့ ဆိုရမှာပေါ့။


ကြွားစိန်လေး Bow Wow
လွန်ခဲ့တဲ့နှစ်  မေလလောက်တုန်းက Bow Wow က အင်စတာဂရမ်က သူ့ရဲ့ပရိသတ်တွေကို သူက ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ နယူးယောက်စီးတီးကို ဒိုးပြီဆိုတဲ့အကြောင်း အသိပေး ပို့စ်တင်ခဲ့တယ်။ သိပ်မကြာခင်မှာဘဲ တစ်ခရီးတည်းသွား ဖော်ကောင်တစ်ယောက်က Bow Wow တစ်ယောက် အများပြည်သူ အသုံးပြုတဲ့ လေကြောင်းလိုင်းက လေယာဉ်တစ်ခုပေါ်မှာ ရှိနေတဲ့အကြောင်းကို ဓာတ်ပုံရိုက်ကူးမိပါရောလား။ အသက် ၃ဝ အရွယ် ရက်ပါတစ်ယောက်လည်းဖြစ်သလို ရုပ်သံ
စတားအဖြစ်လည်း ကျော်ကြားသူ Bow Wow ကို ကင်ပစ်လိုက်ဖို့ဆိုတာ ပရိသတ်တွေအတွက်တော့ အချိန်သိပ်မယူလိုက်ရပါဘူး။ ပိုပြီးဆိုးသွားစေတာတစ်ခုကတော့ Bow Wow  တင်ထားတဲ့ ဓာတ်ပုံမှာ ဖလော်ရီဒါ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုရဲ့ အမှတ်တံဆိပ်ပုံ ပါဝင်နေတာကို ပရိသတ်တွေ မြန်မြန်သိသွားကြခြင်းပါဘဲ။

ပရိသတ်ကို ခေါင်းကုတ်စဉ်းစားစေတဲ့  Rihanna
Rihanna ကတော့ သူမရဲ့ ပရိသတ်တွေကို ခေါင်းကုတ်စဉ်းစားမိစေအောင် ဖန်တီးခဲ့တဲ့သူပါ။ သူမရဲ့ Barbados မှာ ကျင်းပတဲ့ Crop Over Festival တစ်နည်း ကောက်ရိတ်ပွဲတော်မှာ သူမရဲ့ ဆန်းဆန်းပြားပြား ဝတ်စုံ ဆင်ယင်ထားတဲ့  ပုံကို ပို့စ်တင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဖိုတိုရှော့အလွဲလေးကြောင့် Rihanna ခမျာ လက်မတစ်ချောင်း ပိုနေတယ်ဆိုတာကို ပရိသတ်တွေက ဝိုင်းဝန်း ထောက်ပြပေးခဲ့ကြပါတယ်။


သြယ္သြယ္လ်လ် Kris Jenner
Kris Jenner ကတော့ သူမရဲ့ သွယ်လျပိန်ပါးတဲ့ ခန္ဓာကိုယ် အချိုးအစားကို အင်စတာဂရမ်မှာ ကြွားလုံးထုတ်ခဲ့ပါတယ်။ ဓာတ်ပုံနဲ့အတူ သူမက Cleanse လက်ဖက်ရည်အသုံးပြုပြီး ခန္ဓာကိုယ်အဆိပ်အတောက် ဖယ်ရှားခြင်းကို လုပ်ဆောင်တဲ့အကြောင်းကိုလည်း ပြောပြ ကြော်ငြာပေးထားခဲ့ပါသေးတယ်။ လူမှုကွန်ယက် အသုံးပြုတဲ့သူတွေက အသက် ၆၂ နှစ်ရှိနေပြီဖြစ်တဲ့ အမေအရွယ် အမျိုးသမီးကြီးရဲ့ အနောက်က သစ်သားခုံက သိသိသာသာ ခွက်ဝင်နေတာကို ခပ်မြန်မြန်လေးဘဲ ထောက်ပြပြောဆိုပေးခဲ့ကြပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်တော့ သူမဟာ သွယ်လျတဲ့ ပုံစံအတွက် ဖိုတိုရှော့လုပ်ထားတဲ့အကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပါဘဲ။ တခြားတစ်ယောက်ကတော့ သူမရဲ့ လက်မောင်းအောက်မှာ မှန်ဟာ တော်တော်လေးဝါးနေတာကို သတိပြုမိခဲ့ပြီး ဓာတ်ပုံကို ပြင်ဆင်စဉ်မှာ ဖြစ်နိုင်တဲ့ အဓိက လက္ခဏာတွေထဲက တစ်ခုဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။
Ref: Biggest celebrity social media mistakes of 2017
By Stephanie Nolasco