မြန်မာဝတ်စုံ တီထွင်ခံစားခြင်း

စုံတွဲညနေခင်း မြန်မာပွဲတက်ဝတ်စုံ ဖြစ်ပါတယ်။ ညဘက်မီးရောင်တွေကြားမှာ ပေါ်လွင်စေဖို့အတွက် အရောင်တောက်တောက် ကို အသုံးပြုပြီး မိန်းကလေးရဲ့ဝတ်စုံကို ခေတ်မီပုံစံနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။

ချိတ်ကိုခေတ်မီတဲ့ မြန်မာဝတ်စုံဒီဇိုင်းနဲ့ တွဲဖက်ဝတ်ဆင်လိုသူများအတွက် စိတ်ကြိုက်ဖြစ်မဲ့ ဒီဇိုင်းပုံစံပါ။ လူငယ်ဆန်တဲ့ ၀တ်စုံပုံစံလည်း ဖြစ်ပါတယ်။

ကချင်ရိုးရာဝတ်စုံကို တီထွင်ချုပ်လုပ်ထားခြင်းပါ။

အ၀ါရောင်ပေါ်မှာ အမဲရောင်ပန်းပွင့် ဒီဇိုင်းတွေက ဒီဝတ်စုံရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှစပြီး လူလတ်ပိုင်းအ ရွယ်အထိ ၀တ်ဆင်လို့ရတဲ့ ၀တ်စုံဒီဇိုင်းပုံစံ ဖြစ် ပါတယ်။

ခါးနေရာမှာလုပ်ထားတဲ့ ဒီဇိုင်းက သာမန်အမျိုးသမီးတွေအတွက်လည်း အခုလိုပဲ ပေါ့ပေါ့ပါးပါးလှနေသလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်လည်း ဆင့်ပွားတီထွင်ချုပ်လို့ရတဲ့ ပွဲတက်ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။

ယနေ့ခေတ်မှာ လူကြည့်များနေတဲ့ ဇာနဲ့ အောက်ခံအရောင်ကွဲ တွဲဆက်ပိတ်စကို ပေါ့ပေါ့ပါးပါးပွဲတက်ဝတ်စုံ ဒီဇိုင်းတစ်မျိုး ဖြစ်ပါ တယ်။ ဒီဇိုင်နာက ဖန်တီးတီထွင်ထားပါတယ်။