Man Fashion

ဒီဆောင်းက တကယ်ကိုအေးမြခဲ့လေတော့ နွေဦးရာသီက အအေးဓာတ်ငွေ့ငွေ့လေးကျန်နေဆဲ.....

ဒီကာလလေးအတွက် Man Fashion ကဏ္ဍကို ကိုကြံ့နဲ့ရိုက်ကူးဖြစ်ခဲ့တော့…..

Men ထဲက Man တစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ အခြေအနေ အချိန်အခါပေါ်မူတည်စီးမျောနေတဲ့ လတ်တလော ဖက်ရှင် တချို့ကို တွေ့ခွင့်ရရှိခဲ့တယ်....။

ရှေ့မှာနည်းနည်းအေးတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့တဲ့ အမှတ်တရအနေနဲ့ ဒီလိုပုံစံမျိုးကို ၀တ်ဖြစ်တယ်။

Fashion ရဲ့ သဘောတရားကတော့ အမြဲတမ်းတည်ငြိမ်မနေဘူး...တောက်လျှောက်သွားနေမှာပဲဆိုတော့... အဲဒီပေါ်မှာမှ စီးမျောတာကသက်သက်...ကိုယ့်စိတ်ခံစားမှုနဲ့ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး ကိုယ်လုပ်ချင်တဲ့အပေါ် တည်မှီလိုက်တာသက် သက်... အဲဒီနှစ်ခုပေါင်းပြီး ၀တ်ဖြစ်သွားတာ...။

ဒီပုံစံတွေက Man တွေအားလုံးကို ကိုယ်စားမပြုနိုင်ပေမဲ့ Men ထဲက Man တစ်ယောက်အနေနဲ့ ကိုယ့်စိတ်ရဲ့ အာသီသ လေးအပေါ်မှာတော့ ကိုယ်စားပြုနိုင်ပါတယ်။ အခုကျွန်တော်က ကားရိုက်အတွက် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေလည်း ထားနေ တယ်ဆိုတော့ နည်းနည်းကြမ်းတဲ့ပုံစံမျိုး ၀တ်လိုက်တာပေါ့။

ဒီဝတ်စုံမျိုးကတော့ ဘယ်သွားသွား အဆင်ပြေတယ်။ ပွဲသွားသွား၊ ရုံးတက်တက်၊ မိတ်ဆွေသူငယ်ချင်းနဲ့ပဲတွေ့တွေ့ ကျွန်တော်တို့ အသက်အရွယ်နဲ့ အဆင်ပြေမယ့်၊ လူမြင်ရတာ တင့်တယ်မယ့် အနေအထားမျိုးဆိုတော့ ပုံမှန်လေးဝတ်ဖြစ်တယ်။ Man တိုင်းဝတ်လို့ အဆင်ပြေမယ့် အနေအထားတစ်ခုပေါ့။

ကျွန်တော့်အနေနဲ့ ဓာတ်ပုံပဲရိုက်ရိုက်၊ ဇာတ်ကားပဲရိုက်ရိုက်၊ အငြိမ့်ပဲကက၊ သီချင်းပဲဆိုဆို ပရိသတ်ကို အမြဲတမ်း Entertainment လုပ်ပေးချင်နေတာ... ကျွန်တော့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့၊ ကျွန်တော် ဖန်တီးနိုင်စွမ်းရှိသရွေ့က ပရိသတ်ကို ဖျော်ဖြေတင်ဆက်မှုတွေ ဖြစ်နေစေချင်တာပါ။ အဲဒါကြောင့် ကျွန်တော်အမြဲတမ်း ကြိုးစားနေပါတယ်။ အမြဲတမ်းလည်း ဖန်တီး တင်ဆက်မှုအသစ်တွေ ကြိုးစားသွားပါဦးမယ်။