မြန်မာဝတ်စုံ တီထွင်ခံစားခြင်း

ဓာတ်ပုံ-လမင်းနိုင်

မော်ဒယ်လ်-စုစန္ဒီဖြိုး

မိတ်ကပ်-ဇင်ဇင်(စိုးစိုးဒါလီ)

ဒီဇိုင်နာ-မမေမျိုး(May Fashion)

ဒီဝတ်စုံက ပုဝါကိုအသားပေး ချုပ်ထားပါတယ်။ ရင်ခံကို ရိုးရိုးပဲချုပ်ထားတယ်။ အပ်ါကနေ သိုးမွှေးပုဝါကို ဒီဇိုင်းထွင်ထားတယ်။ အဲဒီဝတ်စုံကို စိတ်ကူးရတာကတော့ ပုဝါလေးတွေ ဒီဇိုင်းဆန်းဆန်း ထွင်ချုပ်ချင်လို့ပါ။

ဆန့်ကျင်ဘက်အရောင် ခရမ်းနဲ့အ၀ါအတွဲအစပ်ကို အရောင်ဦးစားပေး ချုပ်ထားပါတယ်။

အင်္ကျီအထပ်ဒီဇိုင်းက ဒီဝတ်စုံရဲ့ ထူးခြားချက်ပါ။ ဆယ်ကျော်သက်ရွယ် ပွဲတက်ဒီဇိုင်းဆန်းဆန်း ပုံစံဖြစ်ပါတယ်။

ပုလဲ၊ ကျောက်၊ စိန်တွေကို အင်္ကျီမှာဒီဇိုင်း ထွင်ထားပါတယ်။ ညနေခင်းမြန်မာပွဲတက် ၀တ်စုံပါ။

ပန်းပွင့်ရဲ့ ပွင့်ဖတ်ဒီဇိုင်းကို အဓိကအသားပေးပြီး ချုပ်ထားပါတယ်။ အပွင့်ဒီဇိုင်းကတော့ ဒီဇိုင်နာရဲ့ စိတ်ကြိုက်ဖန်တီးမှု ဖြစ်ပါတယ်။ အဲဒီကနေတဆင့် ဆင့်ပွားပြီး ဒီဇိုင်းပြန်ထွင်ထားပါတယ်။

ဆယ်ကျော်သက်အရွယ် မြန်မာဝတ်စုံကို ပေါ့ပေါ့ပါးပါး ၀တ်ဆင်ချင်တဲ့သူ စိတ်ကြိုက်ဖြစ်မယ့်ပုံပါ။ အရောင်ငြိမ်ပြီး အေးအေးချမ်းချမ်းလေးနဲ့ လှနေတဲ့ ၀တ်စုံပုံစံ ဖြစ်ပါတယ်။