စရိုက်မတူတဲ့ မမနဲ့မောင်လေး

      မမက ကာတွန်းကားနဲ့ အလှအပကိုကြိုက် တယ်။ မောင်လေးကကျတော့ လူကြီးဆန်ပြီး ကလေး သဘာဝအကြိုက်တွေထက် လူကြီးတွေ နဲ့နေရတာ သဘောကျတယ်။ လူကြီးတစ်ယောက် လိုနေချင်တယ်တဲ့။ မမဖြူစင်ကြယ်နဲ့ မောင်လေး လင်းဝဏ္ဏခွာနီး။ ဓာတ်ပုံ ၀ဏ္ဏခွာနီး + မသဇင် ကိုကိုတို့ရဲ့ ရင်သွေးနှစ်ဦးဖြစ်ပါ တယ်။ မောင်နှမ နှစ်ယောက်က အသက် (၅)နှစ်ကျော်ကွာတဲ့အ တွက် နှစ်ယောက်အတူကစားလို့ရတဲ့ အရွယ် တွေဖြစ်ပေမယ့် မမက တစ်ခါတလေ မောင်လေး ကို နိုင်ချင်တယ်လို့ မိခင်ဖြစ်သူကပြောတယ်။

        ကလေးသဘာဝ မောင်နှမနှစ်ယောက် အတူဆော့။ သူမိခင်က သူတို့နှစ်ယောက်ကို မတည့်အတူ နေတဲ့။ မမဖြူစင်ကြယ်က မောင်လေးကို ပိုချစ်တယ်လို့ပြောရင် စိတ်ဆိုးတယ်။ သူ့ကိုလည်း ချစ်စေချင် တယ်လို့ မောင်နှမနှစ်ယောက်နဲ့ ပတ်သက်ပြီးပြောပါတယ်။

     ဓာတ်ပုံရိုက်တာ အရမ်းဝါသနာပါကြတယ်။ နိုဗယ်လို့အိမ်မှာ ချစ်စနိုးခေါ်တဲ့ သားလေး လင်းဝဏ္ဏခွာနီး က ဓာတ်ပုံရိုက်တာပိုပြီး ၀ါသနာ ပါတယ်လို့သိရတယ်။

     နေ့တိုင်းသူ့ကို ဓာတ်ပုံရိုက်ပေးမှ ကျေနပ် တဲ့မောင်လေးနဲ့ အလှအပဖက်ရှင် ကာတွန်းကားတွေကို စိတ်ဝင်စားတဲ့ မမ။ ချစ်စရာမောင်နှမ နှစ်ယောက်ရဲ့ ကလေးဖက်ရှင်ကဏ္ဍကို ဖော်ပြပေးလိုက်ပါတယ်။