Myanmar Dress

ဒီဇိုင်းဌေးဌေးတင် တီထွင်ဖန်းတီးထားသော မြန်မာဝတ်စုံဒီဇိုင်းများ ဖြစ်ပါတယ်။

(၁) လူငယ်ဆန်ဆန် ၀တ်စုံဒီဇိုင်းလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မီမီဝတ်ဆင်သူတွေ အကြိုက်တွေ့မယ့် ဖက်ရှင်ပုံစံတစ်မျိုး ဖြစ်ပါ တယ်။ အင်္ကျီရဲ့လက်ဒီဇိုင်းကတော့ ဒီဇိုင်နာရဲ့ စိတ်ကူးတီထွင်မှုပုံစံ ဖြစ်ပါတယ်။

(၂) သွပ်လက်ပေါ့ပါးတဲ့ ပွဲတက်ဝတ်စုံဒီဇိုင်း  ဖြစ်ပါတယ်။ မြန်မာဆန်ပြီး ခေတ်မီလှပချင်သူတွေနဲ့ သင့်လျော်မယ့်ဝတ်စုံ ဖြစ်ပါ တယ်။

(၃) တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးဆန်ဆန် ၀တ်ချင်သူတွေကြိုက်မယ့် ပုံစံဖြစ်ပါတယ်။ ၀တ်စုံမှာ ဖန်တီးတီထွင်မှုတွေ မပါပေမဲ့ ပိတ်စဒီဇိုင်းနဲ့ အရောင်ရဲ့လှပမှုကို ဒီဇိုင်နာက လိုက်ဖက်ညီပုံစံဖြစ်အောင် ဖန်တီးထားပါတယ်။

(၄) ရိုးရိုးရှင်းရှင်းနဲ့ ၀တ်စုံတစ်ခုလုံးကို မြန်မ ဆန်ဆန် ဖန်းတီးမှုတွေကိုကြိုက်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

(၅) ပွဲတက်မြန်မာဝတ်စုံပါ။ အရောင်ရဲ့ တွဲစပ်မှုနဲ့ ၀တ်စုံရဲ့ဒီဇိုင်းက ပွဲတက်မြန်မာမိန်းကလေးတစ်ယောက်ရဲ့ လှပမှုကို ပေါ် လွင်စေပါတယ်။

(၆) အင်္ကျီမှာတပ်ဆင်ထားတဲ့  handmade ကြယ်သီးဒီဇိုင်းကို အဓိကဖော်ပြချင်တဲ့ ၀တ်စုံဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အရောင် နှစ်မျိုးကို တွဲစပ်ဝတ်ဆင်ထားပါတယ်။