ဟန်ဘာဂါကြိုက်သူနဲ့ နို့မှုန့်ကြိုက်သူ

ဓာတ်ပုံ - လမင်းနိုင်
ဆိုင် -  Orange Kid
ရရှိနိုင်မည့်နေရာ - Orange Kid (တော်ဝင်စင်တာ ဒုတိယထပ်)

    ဟန်ဘာဂါကို အရမ်းကြိုက်လို့ တစ်ခုလုံးကုန် အောင်စားနိုင်တယ်ဆိုတဲ့ သောကြာသမီးလေး သက်လျာဆန်းထွဋ် က အစီစဉ်တင်ဆက်သူ ဖေဖေဆန်းထွဋ်၊ မေမေ ဇင်မင်းတို့ရဲ့ တစ်ဦးတည်းသော သမီးလေး။ အသက် ၂ နှစ် ၁၀ လရှိသူ သက်လျာ ဆန်းထွဋ်လေးက ‘‘အသက်ကြီးလာရင် နှုတ်ခမ်းနီနီ ဆိုးပြီး ABCD ဆိုမှာ’’ လို့ ချစ်စဖွယ် အပြုံး၊ မပီကလာ ပီကလာ အသံလေးနဲ့ ပြောပြသွားပါတယ်။
    နို့မှုန့်ကို ဒီတိုင်းလဲစား၊ ဖျော်လဲသောက် နို့မှုန့်ဆို ငယ်ငယ်ကတည်းက အရမ်းကြိုက်တဲ့ သမီးလေး နွေးဝင့်ဝါအေး ရဲ့ အသက်က ၂ နှစ်နဲ့ ၃ လပါ။ ဖေဖေ စိုင်းမိုးစံ၊  ရုပ်ရှင်သရုပ်ဆောင် မေမေ မိုးပြည့်ပြည့်မောင် ရဲ့ တစ်ဦးတည်းသော သမီးလေးပါ။ မေမေကတော့ နွေးဝင့်ဝါအေး လေးကို ပညာရေးမှာထူးချွန်သူ ဖြစ်စေချင်ပါတယ်။