Man Fashion

Photo - LMN

    မိုးရာသီရဲ့ အဖွင့်ကာလလေးဖြစ်တဲ့ ဇွန်လမှာ နာမည်ကျော် သရုပ်ဆောင်မင်းသား ကျော်ကျော်ဗိုလ်ရဲ့ မိုး Feeling နဲ့ Fashion ပုံရိပ်လေးတွေကို အထူးတင်ဆက်ပေးလိုက်ပါတယ်။

 စိတ်နဲ့တွေ့နေတဲ့ ဖက်ရှင်


    အခုဝတ်တဲ့ပုံစံတွေက အခုလောလောဆယ် စိတ်ထဲမှာဖြစ်နေတဲ့ပုံစံလေး…
    ဖိနပ်ဆိုလည်း ဘောင်းဘီကိုဖိနပ်ထဲထည့် ၀တ်တဲ့ပုံစံမျိုး…
    ဘောင်းဘီဆိုလည်း ဂွအောက်ကျကျပုံစံ မျိုး…
    Overcoat ဆိုရင်လည်း ပုံစံဆန်းဆန်းပွ ယောင်းယောင်းမျိုးပေါ့…
    အတွင်းအင်္ကျီကသာ Body Fit  ဖြစ်ချင်ဖြစ်နေမယ်၊ အပေါ်ထပ်က ကိုယ်နဲ့တစ်ဆိုဒ် နှစ်ဆိုဒ်လောက်ကြီးနေတာမျိုး….
    ပြီးတော့…လက်အိတ်ပေါ့၊ အခု လက်အိတ်စွပ်တဲ့ Mood ဖြစ်နေတယ်

အမြဲကြိုက်ဖက်ရှင်


    အဓိကကတော့ ပေါ့ပါးတာကိုပဲ ကြိုက်တာပါ။ ဖက်ရှင်တစ်ခုအတွက် ကိုယ့်ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ လိုက်ဖက်ညီအောင် ပြင်ဆင်တတ်ဖို့ပဲ လိုပါတယ်။
    သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ရုပ်ရဲ့ဖက်ရှင်ကိုတော့ အမြဲဦးစားပေးပြီး ၀တ်ရတာပေါ့။
    ထသွား ထလာ Outfit ကတော့ ကိုယ့်ခန္ဓာကိုယ် အချိုးအစားအလျောက်… ပိန်ရင်ပိန်လာတဲ့ အလျောက် ..၀ရင်ဝလာတဲ့အလျောက် လိုက်ဖက်ညီတဲ့…နောက်ပြီး ကာလံဒေသံနဲ့ ကိုက်ညီတာမျိုး ၀တ်ဖို့လိုပါတယ်။
    မိုးရာသီက အေးတဲ့ဘက်ကို ရောက်လာပြီဆိုတော့ အပါးတွေသိပ်မ၀တ်ဖြစ်တော့ဘဲ နည်းနည်းထူတာလေးတွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် ၀တ်တတ်ဖို့လိုပါတယ်။

မိုးဖီလင်


    မိုးရာသီက စိုစိစိုစိဆိုတဲ့ feeling တော့ရှိတယ်။ အိမ်မှာနေပြီး ရုပ်ရှင်ကြည့် ဒါမှမဟုတ် စာအုပ်ဖတ်၊ ကော်ဖီလေးတစ်ခွက်နဲ့ …အဲလိုနေလို့ အရမ်းကောင်းတဲ့ ရာသီ။ ပိုက်ဆံဆိုတာ ရှာစရာမလိုဘဲ ပေါများနေရင်တော့ မိုးတွင်းတစ်ခုလုံး ကို ခွေကြည့်ရင်း၊ ကော်ဖီသောက်ရင်းနဲ့ အနားယူရင်း ကြိုက်တာတွေ တွေးပစ်လိုက်ချင်တာလေ…နောက်ပြီး အိမ်ကလည်း ဒီလိုမြို့ထဲပြထဲက အိမ်မဟုတ်ဘဲနဲ့ တောင်စောင်းလေးမှာ သစ်လုံးအိမ် လေးနဲ့ နေချင်တာ။  အဲဒီ feel က မိုးရာသီ တိုင်းဖြစ်တဲ့ feel…။ တစ်ချိန်ကျရင် အဲလိုရအောင်တော့ လုပ်ဦးမယ်….။