ခေတ်အကြိုက် ခေတ်အလိုက် Fashion & Accessories

Photo - LMN
Model - Warso Moe Oo
Makeup & Hair -  Shwe Pon

    “Accessories က လိုတယ်လေ။ ခုနောက် ပိုင်း လူငယ်တော်တော်များများကလည်း Accessories တွေ ၀တ်လာကြတယ်။ အရင်တုန်းကဆို Accessories မ၀တ်တာ ဘိုဆန်တယ်ဆိုပြီး ရှိခဲ့ ပေမဲ့ အခုကျတော့ ခေတ်ကပြန်ပြောင်းလာပြီ။ Accessories ရှုပ်ရှုပ်ယှက်ယှက်တွေ၊ အကြီးကြီး တွေ ပြန်ဝတ်လာကြတယ်။ အဲဒီအပေါ်မှာ ၀ါဆို တို့လည်း ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်ဖက် တဲ့ Accessories လေးတွေကို ၀တ်ဖြစ်ပါတယ်။ ကြိုက်လည်းကြိုက်ပါတယ်” လို့ သူမ စိတ်ကြိုက် ဖက်ရှင်နဲ့ သူမစိတ်ကြိုက်Accessories တွေကို ရွေးချယ်ဝတ်ဆင်ထားတဲ့ သရုပ်ဆောင် ၀ါဆိုမိုးဦးရဲ့ ဖက်ရှင်နဲ့ တွဲဖက်ထားတဲ့ Accessories တွေကို မြင်တွေ့ရမှာပါ။


    အခုဝတ်ထားတဲ့ဖက်ရှင်တွေက ၀ါဆိုဝတ် ဖြစ်နေတဲ့ဖက်ရှင်လည်းဖြစ်ပြီး လူငယ်တွေကြားထဲ မှာ ခေတ်စားနေတဲ့ ဖက်ရှင်လေးတွေပဲ ၀ါဆိုရွေးပြီး ရိုက်ဖြစ်တာပါ။ ၀ါဆိုရှိုးပွဲတွေ ဘာတွေကြည့်တဲ့ အခါ ၀တ်တဲ့စတိုင်လ်မျိုးလေး အခုဆို DJ Show တွေ သွားတဲ့အခါ အဲဒီလိုလေးတွေ ပေါ့ပေါ့ပါးပါးလေး တွေ၊ ပွဲတက်တဲ့အချိန်ကျရင်လည်း ပွဲတက်တဲ့ပုံစံ မျိုးလေး၊ ဟိုနားဒီနားသွားတဲ့အခါမျိုးလေးတွေမှာ ဒီလိုပုံစံလေးတွေ ၀တ်ဖြစ်တာများတယ်။ Accessories လေးတွေဆို ကားရိုက်တို့၊ ဓာတ်ပုံ ရိုက်တို့ဆို အမြဲဝတ်ဖြစ်တယ်။ Shopping သွားရင် အန်တီနဲ့အမြဲ သွားလေ့ ရှိတာဆိုတော့ အန်တီနဲ့ ၀ါဆိုနဲ့ တစ်လိုင်းစီခွဲထားတယ်။ ဒီနေ့အန်တီက အင်္ကျီဝယ်မယ်ဆို ၀ါဆိုက Accessories ၀ယ် မယ်ဆိုပြီး ခွဲပြီးဝယ်ဖြစ်တယ်။