သန္တာဗို အကြိုက် Fashion Accessories

“Accessories ကို ဟိုးအရင်ကျောင်းတက်တဲ့ အချိန်တုန်းကတော့ ပေါ့ပေါ့ပါးပါးပဲနေပြီး သိပ် မ၀တ်ဖြစ်ဘူး။ မျက်မှန်ဆိုရင်လည်း ကိုယ့်မျက်လုံးအတွက် နေပူထဲသွားရင် အကာအကွယ်ဖြစ်တယ်ဆိုတာ မသိခဲ့ဘူး။ ပိုက်ဆံအိတ်ဆိုလည်း မကိုင်တတ်ဘူး။ အခုအနုပညာအလုပ် လုပ်တဲ့အချိန် ကျမှ Accessories ကို ကြိုက်သွားတာ” လို့ပြောတဲ့ သရုပ်ဆောင် သန္တာဗိုလ်ရဲ့ သူမစိတ်ကြိုက် ရွေးချယ်တဲ့ ဖက်ရှင်နဲ့ Accessories များကို ခံစားကြည့်ရှုလိုက်ပါဦးနော်။

ပိုက်ဆံအိတ်ဆိုရင်လည်း အရင်တုန်းကဆို ပိုက်ဆံကို အိတ်ကပ်ထဲ ထည့်သွားတာ။ မချောကပဲ ၀ယ်လာပေးတယ်။ ကိုယ်တိုင်ဝယ်တယ်ဆိုတာ မရှိခဲ့ဘူး။ မျက်မှန်ဆိုရင်လည်း အရမ်းကြိုက်တဲ့အထဲမှာ ပါသွားတယ်။ ပိုက်ဆံအိတ်ဆိုလည်း အရမ်းရူး သွပ်သွားတယ်။ Fancy ပစ္စည်းလေးတွေဆိုရင်လည်း နားကပ်အရမ်းကြိုက်တယ်။ ငယ်ငယ်ကတည်းက နားကပ်ဖောက်ထားတာဆိုတော့ နားကပ်ကို တော်တော်ဝတ်ဖြစ်တယ်။ လက်ကောက် တို့၊ ဆွဲကြိုးတို့ကိုတော့ အရမ်း မ၀တ်ဖြစ်ဘူး။

အခုရွေးရိုက်ဖြစ်တဲ့ Accessories မှာဆိုရင် ညီမကပုံမှန်ဆို ပုလဲဆွဲတာနည်းတယ်။ ကိုယ်ရွေးချယ်ထားတဲ့ အင်္ကျီလေးနဲ့ လိုက်မယ်ထင်လို့ ရွေးရိုက်ဖြစ်ပါတယ်။ Accessories တွေထဲမှာဆို နားကပ်ကို အကြိုက်ဆုံးပဲ။ တခြားပစ္စည်းတွေ ထက် နားကပ်ကို အမြဲလည်းဝတ်ဖြစ်တယ်။

ဓာတ်ပုံရိုက်တဲ့အခါဆိုရင် နားကပ်အကြီးကြီးတွေ၊ ဆွဲကြိုးအကြီးကြီးတွေ ၀တ်ရတာကြိုက်တယ်။ ဒါပေမဲ့ အပြင်သွားရင်တော့ နားကပ်နဲ့ လက်စွပ်ကို အဓိက ၀တ်ဖြစ်တယ်။ တွေ့တဲ့နေရာတိုင်းမှာ ကြိုက်ပြီဆိုရင်တော့ Fancy ပစ္စည်း နားကပ်၊ ဆွဲကြိုး၊ လက်ကောက်တွေ အမြဲဝယ်တယ်။

Photo- LMN
Model- Thandar Bo
Makeup& Hair- Htet(Pop Soul)