Shopping ထွက်တိုင်းဝယ်တဲ့ ထွန်းရတီရဲ့ Accessories

Photo - Thardu Ko Ko
Model - Htun Yati
Makeup& Hair - Lin Lin(Lanmadaw)

လှပပြီးဆွဲဆောင်မှုရှိနေတဲ့ ဖက်ရှင်ကို ထပ်မံအလှဖြည့်စွက်ပေးတာက Accessories... ဖက်ရှင်ကျလှပခြင်းကို Accessories က ပံ့ပိုးဖြည့်စွက်လိုက်တဲ့အခါမှာတော့ ပြီးပြည့်စုံတဲ့ ဆွဲဆောင်မှုက ပိုမိုရရှိသွားစေပါတယ်။ တေးသံရှင် ထွန်းရတီရဲ့ စိတ်ကြိုက် Accessories ကရော ဘာတွေများဖြစ်နိုင်မလဲ…

 

ဒီအင်္ကျီလေးမှာ အနီရောင်ကို Accessories ရွှေရောင်လေးနဲ့တွဲပြီး ၀တ်ထားပါတယ်။ အများကြီးတော့ မထည့်ထားပါဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ ၀တ်ထားပါတယ်။ မျက်မှန်ကိုလည်း ကြိုက်တယ်။ ကြည့်လိုက်ရင် ချစ်စရာပုံစံလေးနဲ့ ပေါကြောင်ကြောင်ပုံစံလေးတွေ၊ ပုံစံဆန်းဆန်းလေးတွေ ပိုကြိုက်တယ်။

ဒီဝတ်စုံလေးကိုတော့ ဘောင်းဘီအဖြူရောင်လေးကို အင်္ကျီအနီရောင်လေးနဲ့တွဲပြီး လည်ရှည်ဖိနပ်အဖြူလေး စီးထားတယ်။ ဒီဝတ်စုံမှာ Acce-ssories ကို ငွေရောင်လေးတွေ တော်တော်များများနဲ့တွဲပြီး ၀တ်ဖြစ်ပါတယ်။

“Accessories ကို အရမ်းကြိုက်ပါတယ်။ Accessories ၀ယ်တဲ့အခါကျရင် ရတီက အင်္ကျီနဲ့တွဲပြီး လိုက်ဖက်တာလေးတွေ ၀ယ်ဖြစ်ပါတယ်။ Shopping ထွက်တိုင်း အမြဲဝယ်ဖြစ်တဲ့ Accessories ထဲမှာ ဖိနပ်အများဆုံးပါတယ်။ ကြိုက်တာ
တော့ အမြင့်တွေကြိုက်ပေမဲ့ မျိုးစုံဝယ်ဖြစ်တယ်။ ကိုယ်မရောက်ဖူးသေးတဲ့နေရာမျိုးမှာ Shopping ထွက်ရင်တော့ Accessories တွေ အများကြီး ၀ယ်ဖြစ်ပါတယ်”

အမဲဝမ်းဆက်လေးမှာတော့ မျက်နှာကိုလည်း မာတဲ့ဘက်ကို ပြင်ထားပြီး ဦးထုပ်လေးကိုလည်း ကြိုက်လို့ဝတ်ဖြစ်ပါတယ်။ ပုံစံလေးလည်းဆန်းတယ်၊ ဂျိုလေးနှစ်ခုပါတော့ ကြိုက်လို့ဝယ်ဖြစ်တာပါ။