ယုဇန စိတ်ကြိုက် Accessories

“Accessories တွေထဲမှာ အကြိုက်ဆုံးကဆွဲကြိုးရယ်၊ နားကပ်ရယ်၊ လက်ပတ်နာရီရယ် အဲဒါတွေက မပါမဖြစ်ပါ။ တစ်ခါတလေကျရင်လည်း ဆွဲကြိုးတွေ၊ နားကပ်တွေမပါရင်တောင် လက်ပတ်နာရီလေးတစ်ခုတည်းလည်း အမြဲတမ်းဝတ်ဖြစ်တာမျိုး ရှိတယ်” ဆိုတဲ့ တေးသံရှင် ယုဇနရဲ့ စိတ်ကြိုက်Accessories နဲ့ ဖက်ရှင်တွေကို ကြည့် လိုက်ရအောင်နော်…….

အင်္ကျီအမည်းနဲ့ဝတ်တဲ့ Accessories မှာတော့ ဆွဲကြိုးလည်းမဟုတ်၊ Scarf လည်း မဟုတ်တဲ့ ကြိုးလေးထည့်ထားတယ်။ အဲဒါလေးကကျတော့ သြစတြေးလျက ၀ယ်လာတာ။ အဲဒါလေးက Accessories သဘောပါပဲ။ Scarf လိုပုံစံလေးမှာ ကွင်းလေးတွေထည့်ထားတော့ ပုံစံလေးလည်းဆန်းတယ်ဆိုတော့ အခုဒီဝတ်စုံလေးမှာ ထည့်သုံးထားပါတယ်။ မျက်မှန်ဆိုရင်လည်း Ray Ban ကို အခုဝတ်ထားတဲ့ပုံစံမျိုး အများဆုံးတပ်ဖြစ်တယ်။ ရွှေရောင်ပိုက်ဆံအိတ်လေးကိုကျတော့ ညဘက် ဒင်နာသွားတာမျိုးဆိုရင် ဂျင်းဘောင်းဘီလေးနဲ့ ဒီအိတ်ကလေး ကိုင်ဖြစ်တယ်။

ငယ်ငယ်တုန်းကဆိုရင် သိုးမွေးနဲ့လုပ်တဲ့ လက်ပတ်လေးတွေ ၀တ်ဖြစ်တယ်။ အခုကျတော့ နောက်ထပ်ပေါ်တဲ့ Hand Chain လေးတွေ၊ တွဲလောင်းလေးတွေ၊ အရောင်တောက်တောက် ဆန်းဆန်းလေးတွေ သဘောကျတယ်။ Shopping ထွက်လို့ Accessories ၀ယ်ရင် အရင်တုန်းကဆို ဆိုင်အစုံပဲ ၀ယ်တယ်။ အခုနောက်ပိုင်းတော့ Forever 21 ၊ H & M တို့က Accessories တွေကို သဘောကျတယ်။ အဲဒီက Accessories တွေကျတော့ သိပ်အကြီးကြီးတွေမဟုတ်ဘဲ Elegant ဖြစ်တဲ့အတွက် အဲဒီကပစ္စည်းလေးတွေကို သဘောကျတယ်။ တစ်ခါတလေကျတော့လည်း အင်္ကျီကရိုးနေလို့ Accessories နဲ့ ပြန်ထိန်းလိုက်ရတာမျိုးတွေရှိတယ်။ တကယ်ကိုယ့်စိတ်ကြိုက်ဆိုရင်တော့ သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ဆွဲကြိုးလေးတွေ ပိုကြိုက်တယ်။

အရင်တုန်းကခါးပေါ်တာဆို သိပ်မ၀တ်ဖြစ်ဘူး။ အခုနောက်ပိုင်းကျတော့ သူများတွေလည်း ၀တ်ကြတယ်၊ ခေတ်နဲ့လည်း အရမ်းကွာနေတာမျိုး မဖြစ်အောင် ဘောင်းဘီကို Denim လေးကို အပေါ်ကနေ Crop Top လေး ၀တ်လိုက်တယ်။ ဘောင်းဘီထဲမှာဆို ဂျင်းပန်အရမ်းကြိုက်တယ်၊ တော်တော်များများကလည်း ဘောင်းဘီနဲ့ကို ပိုသဘောကျကြတယ်ဆိုတော့ ဂျင်းဘောင်းဘီနဲ့ လိုက်ဖက်မယ့် Accessories လေးတွေနဲ့ တွဲဝတ်လိုက်တယ်။


အမြဲတမ်းဝတ်ဖြစ်တာဆိုရင် နာရီ။ တခြားဟာတွေ မ၀တ်ဖြစ်ရင်တောင် နာရီကတော့ အြ မဲဝတ်ဖြစ်တယ်။  ဖိနပ်ကိုကျတော့ လှတာတွေ့ရင် ၀ယ်ချင်တယ်။ အိမ်မှာလည်း ဖိနပ်တွေ အများကြီးရှိနေတာကို ထပ်ဝယ်တယ်။ တစ်ခါတလေကျရင် မ၀တ်ဖြစ်ဘဲနဲ့ လည်သာတွေ ကွာသွားတာမျိုး ဖြစ်တယ်။ ခရီးသွားရင် စလင်းဘတ်အိတ်ထက် ကျောပိုးအိတ်ကို ပိုကြိုက်တယ်။ ကျောပိုးအိတ်လေးတွေမြင်ရင် မ၀ယ်ဘဲမနေနိုင်ဘူး။

Photo - Thardu Ko Ko