ချစ်စနိုးဦးရဲ့ Accessories Taste

Photo – LMN

Make up –Nge Nge

(NNM(San Chaung))

Celebrity စိတ်ကြိုက် Fashion Accessoriesကဏ္ဍလေးမှာ ဧပရယ်လ်လအတွက် ရိုက်ကူးတင် ဆက်ပေးခဲ့တဲ့ အနုပညာရှင် ကတော့ ချစ်စနိုးဦး ဖြစ်ပါတယ်။

အခုလတ်တလော ခပ်ရှင်းရှင်း Dress ပုံစံတွေကို ကြိုက်နေတယ်လို့ဆိုတဲ့ သူမက ရိုးရိုးရှင်းရှင်းဝတ်စုံပေါ်မှာ လိုက်ဖက်မှုရှိတဲ့ Accessories တွေကို ခပ်များများ ရွေးချယ်ဝတ်ဆင်ထားပါ တယ်။ ဒီလိုပုံစံမျိုးကို ပွဲတက်တဲ့အခါဝတ်တယ်လို့ ဆိုပါတယ်။

ဒီတစ်စုံကိုတော့ April လထုတ် People ရဲ့ အချိန်ကာလနဲ့ ကိုက်ညီအောင် အရောင်တောက် တောက်  Dress လေးနဲ့ ရောင်စုံ Fancy လေးကို ရွေးချယ်ဝတ်ဆင်ပေးခဲ့ပါတယ်။ ၀တ်စုံမှာလည်း ကာလာတွေပါပြီးသားဆိုတော့ Accessory တွေအကုန်လုံးကို ရောင်စုံမ ၀တ်တော့ဘဲ ဆွဲကြိုးလေးကိုပဲ ရွေးဝတ်ခဲ့ပါတယ်။

ဒီပုံစံမျိုးကိုတော့ နေ့ဘက်ပွဲတက်တဲ့အခါ ၀တ်တယ်လို့ ဆိုပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စုံကို သပ်ရပ်စမတ်ကျတဲ့ Accessories တွေနဲ့ တွဲဖက်ပြီး လွတ်လပ်စွာ စမတ်ကျတဲ့၊  ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဟန် ပန်ကို ဖြစ်ပေါ်စေပါ တယ်။

Accessory တွေထဲမှာ သူမအနှစ်သက်ဆုံးကတော့ ဆွဲကြိုး၊ နာရီနဲ့ လက်ပတ်တွေလို့ သိရပါတယ်။ တခြား Accessories တစ်ခုမှ မ၀တ်ဖြစ်ရင်တောင် နာရီတစ်လုံးတော့ အမြဲဝတ်ဖြစ်တယ်လို့ဆိုတဲ့ သူမကနာရီတွေကို အ၀တ်အစား ကာလာပေါ်မူတည်ပြီး ပြောင်းလဲဝတ်ဆင်ရတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ Shopping ထွက်ရာမှာ အ၀ယ်အများဆုံးက နာရီ၊ ဖိနပ်နဲ့ လက်ကိုင်အိတ် တွေလို့ ဆိုတယ်။

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်တိုင်နှစ်သက်တဲ့ Accessory တွေအပြင် ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်း ပေါ် မူတည်ပြီး အချိန်ကာလနဲ့လိုက်ဖက်စွာ ဆင်ယင်ရိုက်ကူးပေးခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို ပရိသတ်များအနေနဲ့လည်း Taste  တစ်ခုရ ရှိလိမ့်မယ်လို့  မျှော်လင့်မိပါတယ်။