နေရောင်အောက်က ဖက်ရှင်စိန်ခေါ်မှု

    နွေဦးကာလရဲ့ နေရောင်အောက်က ဖက်ရှင် ကျကျ၊ စွဲဆောင်မှုရှိရှိလှပနေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အလှအပကို ခံစားနိုင်စေဖို့ စတိုင်လ် စုံ၊ အရောင်အသွေးစုံပြီး ခေတ်ရှေ့ပြေးနေတဲ့ Sunglass နဲ့ Scarf ဒီဇိုင်းဆန်းတို့ရဲ့ ဖက်ရှင်ကို
ပေါင်းစပ်ကြည့်လိုက်တဲ့အခါ နေရောင်အောက်က ပြီးပြည့်စုံတဲ့ Spring Style နဲ့ ခပ်မိုက်မိုက် ဖက်ရှင် တစ်ခုကို စိန်ခေါ်ပြီးသား ဖြစ်သွားပါလိမ့်မယ်…

Model- Christina
Hair & Makeup- Win Myint (Kan Taw Lay)
Glasses- IQ Vision
Scarf- Power Queen

    နေရောင်အောက်ကို ထွက်တော့မယ်ဆိုရင် ဖက်ရှင်လည်းကျ၊ မျက်စိကိုလည်း ကာကွယ်ပြီး သားဖြစ်တဲ့ သင့်တော်တဲ့ နေကာမျက်မှန်တစ်လက် ကတော့ မရှိမဖြစ်ကို လိုအပ်ပါတယ်။


    မျက်မှန်ဒီဇိုင်း ဘယ်လောက်ပဲလှနေလှနေ အရည်အသွေးမမီတဲ့ မျက်မှန်တစ်လက်ကို သင် တပ်မိမယ်ဆိုရင်တော့ သင့်ရဲ့မျက်စိအတွက် စိတ် ချနိုင်ဖို့ ရာခိုင်နှုန်းအတော်နည်းပါတယ်။


    သင့်ရဲ့ ဖက်ရှင်နဲ့အမြင်ကို ပြောင်းလဲနိုင် ဖို့အတွက် ခေတ်မီပြီး အရည်အသွေးမြင့်တဲ့ မျက်မှန်တစ်လက်ကို အမြန်ဆုံးဝယ်တပ်လိုက်ပါ။


   အရောင်အသွေးစုံ၊ ဒီဇိုင်းစုံပြီး လှပနေတဲ့ ပ၀ါလေးတွေနဲ့အတူ အသွင်မျိုးစုံဖန်တီးလို့ ဖက်ရှင်ကျကျနေလိုက်ပါ။  

 နေရောင်အောက်မှာ မျက်မှန်နဲ့ တွဲဖက်ဖို့ အဆင်တန်ဆာတစ်ခုအနေနဲ့ ခေတ်မီလှပတဲ့ ပ၀ါလေးတွေနဲ့လည်း အလှဆင်နိုင်ပါတယ်။