Accessories Tips

Accessories ဆိုတာ လိုက်ဖက်မှန်ကန်စွာ ရွေးချယ်ဆင်မြန်းတတ်မယ်ဆိုရင် ငြီးငွေ့စရာ ကောင်းလောက်အောင် ကို ပုံရိုးလွန်းလှတယ်လို့ ထင်ရတဲ့ ၀တ်စုံတစ်စုံကိုလည်း မိနစ်ပိုင်းအတွင်း အလွန်တရာဆွဲဆောင်မှုရှိလှတဲ့ အသွင်အပြင် မျိုးပြောင်းလဲပစ်လိုက်နိုင်တဲ့ အစွမ်းရှိပါတယ်။
ဒီနေရာမှာ လိုက်ဖက်မှန်ကန်စွာ ရွေးချယ်တတ်ဖို့လိုတယ်ဆိုတဲ့ စကားလေးကိုတော့ ထပ်လောင်းပြောပါရစေ။
အဲဒီလိုမှမဟုတ်ဘူးဆိုရင် Accessory တွေဟာ သင့်ရဲ့အသွင်အပြင်ကို ဂွမ်းသွားအောင် လုပ်နိုင်တယ်ဆိုတာက လည်း တစ်ဖက်မှာ သေချာပေါက်ရှိနေတတ်လို့ ဖြစ်ပါတယ်။
ဒီတော့ Accessories ရွေးချယ်ရာမှာ အခြေခံအားဖြင့် အကူအညီပေးနိုင်မယ်လို့ ယူဆရတဲ့ အချက်လေးတွေကို လေ့လာကြည့်ကြပါမယ်။

(၁)    Accessories ရွေးချယ်ရာမှာ များသောအားဖြင့် မိမိဝတ်ဆင်မယ့် အ၀တ်အစားနဲ့ လိုက်ဖက်မယ့်ပုံစံနဲ့ အရောင်ကို ရွေးချယ်ကြပြီး တစ်ခါတစ်ရံမှာတော့မိမိဝတ်လိုတဲ့ အဆင်တန်ဆာပေါ်မူတည်ပြီး လိုက်ဖက်မယ့်အ၀တ်အစားကို ရွေးတတ် ကြပြန်ပါတယ်။
ဒီနေရာမှာ အ၀တ်အစားပေါ်မူတည်ပြီး အဆင်တန်ဆာကိုရွေးပါ- အဆင်တန်ဆာပေါ်မူတည်ပြီး အ၀တ်အစားကို မရွေးပါနဲ့ဆိုတဲ့ အကြံပြုချက်တချို့ကို တွေ့ရှိရတတ်ပေမဲ့ ဒီစာမျက်နှာပေါ်မှာတော့ စိတ်ကျေနပ်ရာသာရွေးပါလို့သာ ပြော ချင်ပါတယ်။
ဖက်ရှင်စတိုင်လ်တစ်ခုအတွက် စိတ်ကျေနပ်မှုနဲ့ မိမိကိုယ်ကိုယ်ကိုယုံကြည်မှုကလည်း ခရီးရောက်စေပါတယ်။

(၂)    အဓိကအနေနဲ့ အဆင်တန်ဆာတစ်ခုခု ၀ယ်ယူတော့မယ်ဆိုရင် မိမိမှာရှိထားတဲ့ အ၀တ်အစားနဲ့ လိုက်ဖက်မှုကို ပိုမိုဦးစားပေးပြီး ရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ ဖက်ရှင်အတွက် ပြည့်စုံစေသလို အသုံးစရိတ်ပိုင်းမှာလည်း စနစ်တကျ ဖြစ်စေပါတယ်။

(၃)    Accessories နဲ့ အ၀တ်အစားဟာ အမြင်အားဖြင့် ၀ိတ်မျှတမှုလည်းရှိသင့်ပါတယ်။ ဥပမာ-ပြောရရင် ကုတ်အင်္ကျီ သို့မဟုတ် အနောက်တိုင်းစတိုင်လ်ဝတ်စုံဝတ်မယ်ဆိုရင် ညှပ်ဖိနပ်လိုမျိုး၊ ကွင်းထိုးဖိနပ်လိုမျိုးကို ရှောင်သင့်တာမျိုးပါ။ ဒါ့ အပြင် လိုင်းစင်းတွေ ခပ်ရှုပ်ရှုပ်အဆင်မျိုးတွေ ၀တ်ဆင်မယ်ဆိုရင်လည်း အဆင်တန်ဆာကို ရိုးရိုးရှင်းရှင်း ရွေးချယ်ရမှာပါ။

(၄)    လက်စွပ်လေးတွေနဲ့ ကိုယ်ရဲ့ဖက်ရှင်ကို ထောက်ပံ့တဲ့အခါမှာလည်း ပုံစံမျိုးစုံအများကြီး ပြွတ်သိပ်ပြီး ရှုပ်ယှက်ခတ် နေအောင်ဝတ်တာမျိုးထက် ဒီဇိုင်းဆန်းဆန်းတစ်ကွင်းတည်းကို ရွေးချယ်ပြီး အ၀တ်အစားနဲ့ လိုက်ဖက်မှုကို ဦးစားပေးနိုင် ပါတယ်။

(၅)    လုပ်ငန်းခွင်စတိုင်လ် စမတ်ကျကျ ၀တ်ဆင် သူအနေနဲ့  ကိုယ်စိတ်ကြိုက်လက်စွပ်ကို လက် တစ်ဖက်မှာ တစ်ကွင်းစီလောက် ခပ်ရှင်းရှင်းဝတ် ဆင်လေးဝတ်ဆင်ပြီး ကိုယ့်ရဲ့ဖက်ရှင်ကို လိုက် ဖက်အောင်ပံ့ပိုးနိုင်ပါတယ်။

(၆)    လက်ချောင်းမှာအသားတွေ ဖောင်းအစ်ထွက်နေအောင် လက်စွပ်ကျပ်ကျပ်တွေကို မသက်မသာ ၀တ်ဆင်ထားတဲ့ ပုံစံမျိုး ပေါက်နေတာကတော့ ရှောင်သင့်တဲ့အချက်ပဲ ဖြစ်ပါ တယ်။

(၇)    နားဆွဲတွေ နားကပ်တွေဟာလည်း မျက်နှာလေးကို ပိုမိုဆွဲဆောင်မှုရှိစေဖို့ ပံ့ပိုးပေးနိုင်တာကြောင့် ဆင်မြန်းသင့်ပါ တယ်။ အထူးသဖြင့် မိမိရဲ့မျက်နှာကျပေါ်မူတည်ပြီး နားကွင်း၊ နားဆွဲ၊ နားကပ်တွေကို သေချာစွာ ရွေးချယ်သင့်ပါတယ်။
ဥပမာအားဖြင့် နားဆွဲရှည်ရှည် သွယ်သွယ်လေးတွေဟာ ၀တ်ဆင်သူရဲ့မျက်နှာကို ရှည်သွယ်သယောင်ဖြစ်စေ တာမို့ ပင်ကိုမျက်နှာရှည်သွယ် တဲ့သူတွေအနေနဲ့ မရွေးချယ်သင့်တာမျိုးပါ။

(၈)    ပျိုမေတိုင်း မရှိမဖြစ်ဝယ်သိမ်းထားသင့်တဲ့ Accessories အမျိုးအစားကတော့ အ၀တ်အစား ပုံစံအတော်များများနဲ့ လိုက်ဖက်ပြီး အရောင်မရွေး တွဲဖက်ဝတ်ဆင်နိုင်မယ့် ပုလဲအဆင်တန်ဆာနဲ့ ညပွဲတွေ ပါတီပွဲတွေမှာ ပိုမိုလင်းလက်တောက် ပအောင် ဆင်မြန်းနိုင်မယ့် ပြိုးပြိုးပြက်ပြက် ကျောက်မျက်ရွဲအဆင်တန်ဆာတွေ ဖြစ်ပါတယ်။

(၉)    နေကာမျက်မှန်တွေဟာ ကျန်းမာရေးအတွက်ရော၊ စတိုင်လ်ကျလှပဖို့အတွက်ပါ အထောက်အကူပြုလှတာ ကြောင့် ဆောင်ထားသင့်တဲ့ Accessories ပါ။
မျက်မှန်ဝယ်တဲ့အခါ ဈေးပေါပေါနဲ့ ပစ္စည်းများများဝယ်သုံးဖို့ထက် အမျိုးအစားကောင်းကောင်းထဲက ကိုယ်နဲ့လိုက် ဖက်ရာ တစ်လက်နှစ်လက်လောက်ကို သေချာစွာ ရွေးချယ်ဝယ်ယူထားမယ်ဆို လုံလောက်ပါတယ်။

(၁၀)    အလှအပ အ၀တ်အစား အဆင်တန်ဆာတွေ အားလုံးပြင်ဆင်ပြီး အပြင်သွားတော့မယ်ဆိုရင် အိတ်နဲ့ ဖိနပ်က စကားပြောလာပါပြီ။ အိတ်ကြီးရွေးရမလား အိတ်သေးရွေးရမလား အပြင်ကာလာနဲ့ ဒီဇိုင်းတွေကလည်း ရွေးချယ်ရမှာ တွေများလှပါတယ်။
ခေတ်ပေါ် Trend နဲ့အညီ ပြောင်းလဲသွားတတ်တဲ့ ဒီဇိုင်းမျိုးတွေဟာ အချိန်ကာလတစ်ခုအတွင်း ခေတ်စား ပြီးတဲ့အခါ ဒိတ်အောက်သွားတတ်တာမို့ သူ့အချိန်နဲ့သူ သုံးလို့ကောင်းပေမဲ့ ပုံမန်အားဖြင့် အချိန်မရွေး အ၀တ်အစား ကာလာ ဒီဇိုင်းမရွေး အတော်များများလိုက်ဖက်စွာသုံးနိုင်မှာမျိုးကို ရွေးချယ်ထားချင်တယ်ဆိုရင်တော့  လယ်သာအနက် ရောင် ခွာမြင့်ကြိုးသိုင်းဖိနပ်မျိုးနဲ့ ကြိုးအတို၊ အရှည်နှစ်မျိုးသုံးလယ်သာ စလင်းဘတ်အိတ် ကောင်းကောင်းလေးတစ်လုံးက အဆင်အပြေ ဆုံးဖြစ်စေနိုင်မှာပါ။

(၁၁)    အရောင်ရှုထောင့်ကကြည့်ပြီး ပြောမယ်ဆိုရင် အဖြူရောင်နဲ့ အနက်ရောင်အ၀တ်အစားမှာ Accessories ဘယ်လို အရောင်နဲ့ပဲတွဲတွဲ အိုကေသလို ကာလာတစ်မျိုးမျိုးနဲ့ အ၀တ်အစားကိုရွေးမယ်ဆိုရင်လည်း အဖြူရောင်နဲ့ အနက်ရောင် Accessory တွေဟာ လိုက်ဖက်တာများပါတယ်။
တကယ်လို့ အ၀တ်အစားနဲ့ Accessories ကိုအနီရောင်နဲ့ အစိမ်းရောင်လို ဆန့်ကျင်ဘက်ကာလာမျိုးနဲ့ အရောင်စုံ ခပ်ဆန်းဆန်းတွေ တွဲဖက်မယ်ဆိုရင်တော့ အားလပ်ရက်ရာသီမျိုးနဲ့က ပိုမိုလိုက်ဖက်စေမှာ ဖြစ်ပါတယ်။

အထက်ပါ အချက်အလက်တွေဟာ Accessories ရွေးချယ်ဆင်မြန်းမှုနဲ့ ပတ်သတ်ပြီး နိုင်ငံတကာက ဖက်ရှင် အကြံပေးတချို့ရဲ့ ယေဘုယျသုံးသပ်ချက်တွေကို လေ့လာဖော်ပြလိုက် တာ ဖြစ်ပါတယ်။
ဒီနေ့ခေတ် ပျိုမေတို့အားလုံး ဖက်ရှင်စီးကြောင်းထဲမှာ အ၀တ်အစား ဒီဇိုင်းချင်းတူနေမယ်ဆိုရင်တောင် Accessory တွေနဲ့ ကူညီပြီး ကိုယ်ပိုင်စတိုင်လ်နဲ့ ဆန်းသစ်လှပစွာ စီးမျောနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။