ကမ္ဘာ့ဈေးအကြီးဆုံး အမှတ်တံဆိပ်အိတ်များ

၁။ Louis Vuitton

LV လို့ ဆိုလိုက်တာနဲ့ ဇိမ်ခံအသုံးအဆောင်များလို့ တန်းသိလေ့ရှိကြပါတယ်။ Louis Vuitton အမည်ရ ပြင်သစ်ဖက်ရှင်တိုက်က အဆင့်အတန်း မြင့်မားမှုနဲ့ လှပခန့်ညားမှုရဲ့ သင်္ကေတအဖြစ် ဖက်ရှင်လောကကို ရာစုနှစ်နှစ်ခုကျော်ကျော်အရှိန်အ၀ါ ကြီးကြီးမားမားနဲ့ ကြီးစိုးထားခဲ့တာ ဖြစ်လို့ ကမ္ဘာ့ဈေးအကြီးဆုံး အိတ်များစာရင်းရဲ့ ထိပ်ဆုံးမှာ တည်ရှိနေတာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ A List လို့ သတ်မှတ်ခံထားရသူများနဲ့ တွဲဖက်မြင်ရလေ့ရှိတဲ့ LV Bag များက အမျိုးအစားအလိုက် သုံးစွဲသူရဲ့စိတ်ကို ကျေနပ်နှစ်သိမ့်စေတယ်လို့ ဆိုပါတယ်။ Raindrop Besace ဆိုတဲ့ ရေစိုခံအိတ်အမျိုးအစား တန်ဖိုး $ 2,000 ခန့်ကနေစလို့ ခရီးဆောင်အိတ်၊ ကျောပိုးအိတ်နဲ့ အိတ်အမျိုးအစား အစုံစုံအတွက်  $ 55,000 ခန့်အထိ တန်ဖိုးရှိအိတ်များ ပါဝင်ပါတယ်။ အိတ်တစ်လုံးချင်းစီရဲ့ ဈေးနှုန်းကြောင့် မဟုတ်ဘဲ LV အမှတ်တံဆိပ်ရဲ့ တန်ကြေး စုစုပေါင်း $ 25.9 ဘီလျံခန့် ရှိတာက ဒီအမှတ်တံဆိပ် နံပါတ်(၁)ဖြစ်နေရခြင်းဖြစ်ပါတယ်။

 

 ၂။        Mouawad

Mouawad ကုမ္ပဏီက ကျောက်မျက်ရတနာများကို ဖက်ရှင်အသုံးအဆောင်အဖြစ် ပြောင်းလဲဆန်းသစ်ပြီး ပိုင်နိုင်တဲ့ ဒီဇိုင်းတီ ထွင်မှုများကြောင့် ရေပန်းစားပါတယ်။ ကုမ္ပဏီကို ၁၈၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဂျနီဗာ၊ အရှေ့အလယ်ပိုင်းနဲ့ ဒူဘိုင်းနိုင်ငံတွေမှာ ရုံးချုပ်တွေ ဖွင့်လှစ်ထားပြီး လူချမ်းသာတွေကို ပစ်မှတ်ထား ဆွဲဆောင်လျက်ရှိပါတယ်။ ကုမ္ပဏီက ၂၀၁၀ ခုနှစ်မှာ ဖန်တီးခဲ့တဲ့လက်ရာ ဖြစ်တဲ့ စိန်အလုံးရေ ၄၅၀၀ ကျော်ကို ၁၈ ကာရတ်ရွှေနဲ့ ပြုလုပ်ထားတဲ့  Mouawad 1001 Nights Diamond Purse အမည်ရ လက်ကိုင်အိတ်က တန်ဖိုး ၃.၈ သန်းနဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအိတ်အဖြစ် ဂင်းနစ်စ်စံချိန်ဝင်ခဲ့ပါတယ်။

 

၃။ Hermes

Hermes အမှတ်တံဆိပ် Matte Crocodile Biking Bag အမည်ရ အိတ်ကတော့ တံဆိပ်တူအိတ်တွေထဲမှာ ဈေးအကြီးဆုံး ဖြစ်ပြီး $ 120 000 ခန့် တန်ကြေးရှိပါတယ်။ ပြည့်စုံကြွယ်ဝခြင်းရဲ့ သင်္ကေတအဖြစ် ရည်ရွယ်ထုတ်လုပ်လိုက်တဲ့ ဒီအဖိုးတန်အိတ်ကို မိချောင်းသားရေကို အသုံးပြုပြီး လက်နဲ့ချုပ်လုပ်ထားကာ အဖွင့်အပိတ်ခလုတ် နေရာမှာတော့ ၁၀ ကာရတ်စိန်ပွင့်ကို ရွှေဖြူနဲ့ ဘောင် ကွပ်လို့ တပ်ဆင်ပေးထားပါတယ်။

၎။         Chanel

ဇိမ်ခံ ဖက်ရှင်အသုံးအဆောင်များ အကြောင်းပြောကြပြီဆိုရင်တော့ Chanel ကို ချန်ထားခဲ့လို့ မရနိုင်ပါဘူး။ Chanel တံဆိပ်ကို အော်စကာပွဲလို၊ ရုပ်ရှင်အထူးပြသပွဲလို ထင်ရှားတဲ့ အခါသမယတွေမှာ နာမည်ကျော်တွေနဲ့ တွဲဖက်လို့မြင်ရလေ့ရှိပါတယ်။ ၁၉၀၉ ခုနှစ်မှာ Coco Chanel က စတင်တည်ထောင်ခဲ့တဲ့ ဒီဖက်ရှင်တိုက်က ဖက်ရှင်နဲ့ ပတ်သတ်တဲ့ နေရာတိုင်းမှာ ထိပ်ဆုံးက သိမ်းပိုက်ထားလေ့ ရှိပါတယ်။ လက်ကိုင်အိတ်တွေဟာ ပုံမှန်နဲ့သာမာန်သာ ဖြစ်ရမယ်လို့ သတ်မှတ်ထားတဲ့ အယူအဆကို Diamond Forever Tote Bag ကို ထုတ်လုပ်လို့ Chanel က စတင်ဖျက်သိမ်းလိုက်ပါတယ်။ $ 261,000 တန်ဖိုးရှိတဲ့ လက်ကိုင်အိတ်ကို ၂၀၀၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ၁၃ လုံးသာ ဈေးကွက်ထဲသို့ ပို့ခဲ့ပါတယ်။ မိချောင်းသားရေ၊ ၃.၅၆ ကာရတ်စီး စိန်အလုံး ၃၃၄ လုံး၊ ရွှေဖြူစတဲ့ ပစ္စည်းအမျိုးအမည်များနဲ့ အိတ်ရဲ့ဒီဇိုင်းက ဒီအိတ်ကို ကမ္ဘာ့ဈေးအကြီးဆုံး အိတ်အဖြစ် တွန်းပို့ပေးလိုက်တာ ဖြစ်ပါတယ်။

၅။         Marc Jacobs

Marc Jacobs ရဲ့ Carolyn Crocodile လက်ကိုင်အိတ်က $ 50,000 ၀န်းကျင်ခန့် ရှိပါတယ်။ ဈေးနှုန်းကြောင့် လက်တွန့် သွားချင်တဲ့ အထက်တန်းလွှာ မဒီတွေကို ခရမ်းရောင် မိကျောင်းသားရေနဲ့ ပြုလုပ်ထားတဲ့ မက်မောဖွယ် ဒီလက်ကိုင်အိတ်က အဆက် မပြတ် ဆွဲဆောင်နိုင်စွမ်းရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ဒီလက်ကိုင်အိတ်ဖန်တီးမှုနဲ့ အတူဒီဇိုင်နာ Marc Jacobs ရဲ့အောင်မြင်မှုကလည်း ကြီးမားလာပါတယ်။

 

 

၆။         Fendi

အီတလီက နာမည်ကျော်အိတ်တွေ အကြောင်းစဉ်းစားတော့မယ် ဆိုရင်တော့ ပထဆုံးပေါ်လာတဲ့ အမှတ်တံဆိပ်က Fendi အမှတ်တံဆိပ် ဖြစ်ပါတယ်။ ၁၉၂၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အီတလီ ဖက်ရှင်တိုက်က Baguette (သို့) B လက်ကိုင်အိတ်များနဲ့အတူ ထင်ရှားလာပါတယ်။ အဖြူရောင်သိုးသားရေ၊ အမည်းရောင် မိကျောင်းသားရေနဲ့ အမျိုးမျိုးသော ဒီဇိုင်းပုံစံရှိတဲ့ ဒီလက်ကိုင်အိတ်တွေကို $ 28,000 ခန့် ပေးရင်တော့ ၀ံ့ဝံ့ကြွားကြွား လက်မှာချိတ်ထားနိုင်ပြီ ဖြစ်ပါတယ်။

 

 

၇။         Judith Leiber

Judith Leiber အမှတ်တံဆိပ်ကလည်း ကမ္ဘာ့ဈေးအကြီးဆုံး လက်ကိုင်အိတ် စာရင်းဝင်အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်။ ဟန်ဂေရီ ဒီဇိုင်နာဖြစ်တဲ့ Judith Leiber က သူမရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ၁၉၆၃ မှာ တည်ထောင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာအနှံ့မှာ ချေဆန့်လာနိုင်ခဲ့ပါတယ်။ ဥရောပနိုင်ငံက အချို့သော First Lady တွေက သူမရဲ့ဖောက်သည်တွေ ဖြစ်လာကြပြီး ရတနာများနဲ့ အလှဆင်ထားတဲ့သူမရဲ့ အိတ်တွေက နာမည်ကျော်လာပါတယ်။ $ 90,000 ကျော် တန်ဖိုးရှိတဲ့ စိန်၊ ဥဿဖျားနဲ့ နီလာကျောက်တွေ စီခြယ်ထားတဲ့ Precious Rose bag တွေက သူမရဲ့ လူကြိုက်များတဲ့ လက်ရာများထဲမှာ အပါအ၀င်ဖြစ်ပြီး ဈေးအကြီးဆုံး စာရင်းဝင် အိတ်များလည်း ဖြစ်ပါတယ်။

 

၈။         Prada

အ၀တ်အစား၊ လက်ဝတ်ရတနာ၊ ရေမွှေး၊ဖိနပ်၊ နာရီနဲ့အိတ်များ ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးလှတဲ့ အီတလီ ဖက်ရှင် တိုက်ကတော့ Prada ပဲဖြစ်ပါတယ်။ လက်ကိုင်အိတ်တွေကတော့ Prada ရဲ့ အအောင်မြင်ဆုံး ဖက်ရှင်အသုံးအဆောင်များပဲ ဖြစ်ပါတယ်။ ၁၉၁၃ ခုနှစ်ကတည်းက စတင်ပြီး ဖက်ရှင်လောကထဲ ၀င်ရောက်လာတဲ့ ဒီဖက်ရှင်တိုက်က နှစ်တွေကုန်လွန်လာတာနဲ့အမျှ အရည် အသွေးကလည်း တဖြည်းဖြည်း ထိပ်တန်းကို ရောက်ရှိလာပါတယ်။ Prada အိတ်များကလည်း တစ်အိတ်ချင်း ဈေးနှုန်းကြောင့် ကမ္ဘာ့ ဈေးအကြီးဆုံးအိတ်တွေ ဖြစ်လာတာမဟုတ်ဘဲ အမှတ်တံဆိပ်ရဲ့တန်ဖိုးက မြင့်မားမှုကြောင့် ထိပ်တန်းစာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ Prada အိတ်တွေက သင့်ကြွယ်ဝမှုရဲ့ ပြယုဒ်တစ်ခု ဖြစ်နိုင်ပါတယ်။