၂၀၁၆ ကို ကြီးစိုးမည့် အိတ်သေးသေးလေးများ

    ၂၀၁၆ ကို အရှိန်အဟုန်နဲ့ ၀င်ရောက်လာတဲ့ အိတ်ဖက်ရှင်စီးကြောင်းကတော့ ချစ်စရာကောင်း တဲ့ အိတ်သေးသေးလေးတွေကို သယ်ဆောင်လာ တာပဲ ဖြစ်ပါတယ်။
    ကမ္ဘာကျော်ဖက်ရှင်ဂုရုကြီးတွေရဲ့ ကမ္ဘာ ကျော်အမှတ်တံဆိပ်လက်ရာတွေမှာလည်း နှစ်သစ်အတွက် လတ်ဆတ်တဲ့ စိတ်ကူးဆန်းသစ်မှုတွေ နဲ့ အိတ်သေးသေးဒီဇိုင်းတွေသာ ကြီးစိုးနေခဲ့ပြီး  မသေးရင်တောင် ကြီးတယ်လို့မဆိုသာတဲ့ အိတ် တချို့တလေသာ အိတ်ဖက်ရှင်ရေစီးထဲမှာ နည်းနည်းကျဉ်းကျဉ်းအနေနဲ့ လိုက်ပါစီးမျောလျက် ရှိနေတာကို တွေ့ရပါတယ်။
    ဒီတော့ ၂၀၁၆ ဟာ အိတ်အကြီးကြီးတွေရဲ့ ဖက်ရှင်အလှည့်မဟုတ်တာ သေချာပါပြီ။ ၂၀၁၆ ကို ကနဦးစကတည်းက ကြီးစိုးထားကြတဲ့ အိတ်သေး လေးတွေထဲမှာ ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့ သူ့ထက်ငါ အပြိုင်လန်းတဲ့ ဒီဇိုင်းဆန်းတချို့ ကို အကဲခတ်လိုက်ရအောင်…။


1.    LV လို့သိကြတဲ့ Louis Vuitton ကတော့ ဒီလိုအိတ်သေးသေးဒီဇိုင်းတွေနဲ့ သေတ္တာပုံစံအိတ် တွေကို ဖက်ရှင်လျှောက်လမ်းတွေထက် ပို့ဆောင် ခဲ့ကြတယ်။


2.    Chanel ရဲ့ ဒီဇိုင်းတွေထဲမှာတော့ သူ့ရဲ့ Logo အိတ်ကလေးက ပြိုင်ဖက်ကင်းတဲ့ ဒီဇိုင်း ဖြစ်ခဲ့တယ်။


3.    Miu Miu ကတော့ ကျားသစ်ကွက်နဲ့ တွန့် တွန့်ဖတ်ဖတ်ဒီဇိုင်းတွေကို ချပြထားတယ်။


4.    တစ်မျိုးနဲ့တစ်မျိုး လုံးဝကွဲပြားခွဲထွက်နေတဲ့ ဒီဇိုင်းတွေနဲ့ Moschino


5.    Chloe’ ရဲ့ ရောင်စုံကွက်ကလေးတွေက လည်း ဆွဲဆောင်မှုတစ်မျိုးရှိလှတယ်။


6.    Emporio Armani ရဲ့ လယ်သာဒီဇိုင်းဆန်း အိတ်နဲ့ မွေးပွအိတ်အနက်ကလည်း စွဲမက်ချင် စရာ…။


7.    Valentino ကတော့ ဟန်းမိတ်ဒီဇိုင်းတွေကို ဆင်မယောင်ယောင်နဲ့ ကွဲပြားထားတယ်။


8.    Hermes ရဲ့ အိတ်သေးသေးလေး ဒီဇိုင်း တွေက Perfect ဖြစ်လွန်းတယ်။


9.    Ralph Lauren အမှတ်တံဆိပ်ရဲ့ စတိုင်လ် တွေက ဒီလို...။


10.    Dior ကတော့ အငြိမ်ဒီဇိုင်းတွေနဲ့ပဲ ဆွဲဆောင် ထားပါတယ်။


11.    Marc Jacobs ရဲ့ ပွေ့ကိုင်ထားချင်စရာ အိတ်လေးတွေ…။


12.    Dsquared ရဲ့ ဒီဇိုင်းတွေကတော့ ဆောင်း တွင်းအတွက် လိုက်ဖက်လှတယ်။


13.    ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် များ...
  
14.    သိုးမွေးဆန်ဆန်၊ သက္ကလပ်သားတွေနဲ့ ဆောင်းဖက်ရှင်အိတ်ဒီဇိုင်းများ…
 
15.    ချစ်စရာ ဒီဇိုင်းဆန်းနဲ့ အိတ်ကလေးများ
 
16.    တောက်ပထည်ဝါတဲ့ အိတ်သေးသေး ဒီဇိုင်း များနဲ့