အသွင်ကွဲ အိတ်များ…

ဖက်ရှင်ကျဖို့ ပံ့ပိုးပေးတဲ့ အိတ်
ကိုယ်နဲ့မကွာဆောင်ယူလိုတဲ့ ပစ္စည်းတွေကို သယ်ဆောင်ပေးမယ့် အိတ်
မြင်နေကျပုံစံမဟုတ်တဲ့ အသွင်ကွဲ အိတ်

အိတ်ကြိုး ဆန်းဆန်း
အိတ်တစ်ခု ဖက်ရှင်ကျဖို့ လွယ်ကြိုးကို ဒီလိုဆန်းဆန်း လုပ်ယူလို့ရတယ်ဆိုတာ သိပါသလား…
Mulberry
Anya Hindmarch
Alexander Wang
Fendi

အိတ်ပိစိပေါက်စ 
အိတ်တွေ ဒီလောက်သေးသွားရင် ဘာထည့်သယ်လို့ရမှာလဲလို့ မတွေးလိုက်ပါနဲ့။ ချစ်စဖွယ် အိတ်နဲ့ ဖက်ရှင်ကျချင်တဲ့ ပဂေးလေးတွေ ရွေးချယ်ကြမှာအမှန်ပါ။
Fendi
Coach
Tory Burch
Mulberry

တစ်လုံးထက်ပိုတဲ့ အိတ်
အိတ်တစ်လုံးတည်း လွယ်တာထက် အခုလိုမျိုး အတွဲလိုက် အိတ်လေးတွေကလည်း အမြင်ဆန်းပြီး သင့်ကို ဖက်ရှင်ကျစေမှာပါ။
Gucci
Coach
Fendi
Mulberry

အိတ်ကြီးကြီးမားမား 
ခရီးထွက်မယ်၊ သယ်စရာပစ္စည်းများတယ်ဆိုရင် ဧရာမ အိတ်တစ်လုံးကို ကောက်ဆွဲမှာပါပဲ။ အဲဒီ့အခါ ဖက်ရှင်ကျတဲ့ ဒီလို အိတ်ကြီးကြီးမားမားတွေ ရွေးလို့ရပါတယ်။
Proenza Schouler
Michael Kors
Gucci
Altuzarra

လက်ပွေ့အိတ်
ချပ်ချပ်ကပ်ကပ်နဲ့ စတိုင်လ်ကျဖို့အတွက် ဒီလိုလက်ပွေ့အိတ်တွေကို မမေ့ပါနဲ့။
Proenza Schouler
Michael Kors
Marc Jacobs
Mulberry

မိကျောင်းသားရေ
အတုတွေ အများကြီးရှိနိုင်ပေမဲ့ သားရေကွက်ပေါ်တဲ့ အိတ်တွေဟာ ဈေးကြီးတာကြောင့် အဆင့်အတန်းတစ်ခုကို ဖြစ်စေပါတယ်။
Fendi
Jason Wu
Gucci
Mulberry