ဟိဏ်းသစ်နဲ့ Street, Smart !

Model - HeinnThit
Photo - Aung KyawTun (Visual Design)
Designer - Sandar by Sandar Aung  (For Smart Wear)
Designer - Min Khant (For Street Wear)

 

လိုင်မိုးစက်တွေကြားက People ရဲ့ Men Fashion ကဏ္ဍကို အဆိုတော် ဟိဏ်းသစ်ရဲ့ ဖက်ရှင် စိတ်ကူးတွေနဲ့အတူ ပုံရိပ်တွေ ဖန်တီးဖြစ်ခဲ့တယ်။

ဇူလိုင်၊ People အတွက် ဖက်ရှင်စိတ်ကူး
ဒီကဏ္ဍအတွက် ဖက်ရှင်ကတော့ စိတ်ကူးနဲ့တစ်ထပ်တည်းကျတယ်။ ကုတ်အင်္ကျီ ခပ်မိုက်မိုက်တွေကို ဝတ်ချင်သလို၊ Street Wear ကိုလည်း ဝတ်ချင်တယ်။ နှစ်မျိုးလုံးဝတ်ခွင့်ရတယ်။ Men's Wear ရဲ့အဓိကအချက်က ရိုးရှင်းခြင်းနဲ့ Smart လို့ထင်တယ်။ Hot ရမယ်။ Attractive ဖြစ်ရမယ်။

စိတ်နဲ့တွေ့တဲ့ဖက်ရှင်
ဂျင်းဘောင်းဘီ Skinny သို့မဟုတ် အောက်စီးကို တီရှပ်ပြောင်နဲ့ဝတ်ရတာပါ။ အဖြူ၊ အမည်း၊  ခဲ အဲ့အရောင်တွေ ပိုကြိုက်တယ်။

 

မိုးတွေရွာရင် ဝတ်ချင်တဲ့ဖက်ရှင်
ကျွန်တော်က Slipper သဘောကျတယ်။ ကျွန်တော့်ကို ဒီတိုင်းလျှောက်သွားတာ မြင်ရင် Slippers နဲ့ပဲမြင်ရမယ်။ မိုးရွာရင်တော့ ခေါင်းစွပ် Hoodie နဲ့ Slipper နဲ့ပေါ့။ တခုသတိထားရမှာက အင်္ကျီကို အရမ်းမထူတာပေါ့။ ထူတော့ မိုးတွင်း ဆိုတော့ ခြောက်သွေ့ဖို့လည်းခက်တယ်။

မ၀တ်ဖြစ်ပေမဲ့သဘောကျမိတဲ့ဖက်ရှင်
အများကြီးရှိတယ်။ ကျွန်တော်ကလူကောင်ကြီးတော့ တချို့ဖက်ရှင်တွေနဲ့ သိပ်မလိုက်ဘူး။ အရမ်းသတိထားရတယ်။ ဘောင်းဘီအပွတွေ၊ ခပ်ရှုပ်ရှုပ်ဒီဇိုင်းတွေ၊ ဆံပင်ရှည်ရှည်တွေ မလိုက်ဘူးလို့ထင်တယ်။ သူများတွေ ဝတ်ထားရင်တော့ သဘောကျတယ်။ ကိုယ်တိုင်လိုက် မဝတ်ဖြစ်ဘူး။ ဖက်ရှင်ဆိုတာ ကိုယ်နဲ့အဆင်အပြေဆုံးနဲ့ သက်တောင့်သက်သာရှိဖို့ အရေးအကြီးဆုံးပါ။