Designer's Inspiration!

ကျွန်မက ဒီကဏ္ဍအတွက်ကို ပိုင်ဖြိုးသုနဲ့ ရိုက်မယ်စိတ်ကူးတော့ သုသုက လက်ရှိမှာ ဆံပင်လည်းတိုနေတယ်။ Designer Collection လည်းဖြစ်တဲ့အတွက် Customer တွေအတွက် နေ့စဉ် ချုပ်နေကျ မြန်မာဝတ်စုံ၊ သတို့သမီးဝတ်စုံ၊ ထိုင်မသိမ်းဝတ်စုံတွေက ခွဲထွက်ပြီး ခုလိုဝတ်စုံတွေကို သီးသန့်ပြချင်တယ်။ ဒါမျိုးကို ဝတ်လေ့ဝတ်ထရှိတာကလည်း ကျွန်မရဲ့ Customer တွေ မှာနည်းတယ်။ အခု သုသုဆံပင်တိုနေတဲ့အချိန်နဲ့ ဒီဝတ်စုံလေး တွေနဲ့အဆင်ပြေတယ်ဆိုပြီး ရွေးဖြစ်ပါတယ်။

နွေရာသီလည်းဖြစ်တော့ အင်္ကျီတွေ အကုန်လုံးကို ဟဲဗီးတွေ ထူထူထဲထဲတွေ မလိုချင်ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ အပြင်ကို ဝတ်လို့ရတာမျိုး  စိတ်ကူးထားတယ်။ အဲဒီအခါကျတော့ အရောင်လေးတွေကို ခပ်ဖျောဖျောလေးတွေ ရွေးလိုက်တယ်။

၂ဝ၁၈ မှာ ဘာတွေ ဖန်တီးဖြစ်မလဲဆိုတော့  အင်းလေး၊ ဇင်းမယ်ပေါ်မှာရက်တဲ့ မြန်မာချိတ်တွေကို High Couture ဘက်သွားတဲ့ ပုံစံမျိုးတွေ ဖန်တီးချင်နေပါတယ်။ မတ်လ ၂၉ အင်ဒိုနီးရှား ဖက်ရှင်ရှိုးမှာ ပြခဲ့တဲ့ ပုံစံတွေကိုလည်း အဲလိုမျိုးပဲ ဖန်တီးထားပါတယ်။

ကျွန်မရဲ့ ဒီဇိုင်နာ သက်တမ်းကတော့ ၁၉၉၂ - ၂ဝ၁၈ ရှိပါပြီ။ ဒီဇိုင်နာလောကထဲကို သေချာဝင်ရောက်လာတဲ့အချိန်မှာ မြန်မာ့ရိုးရာချည်ထည်၊ ပိုးထည်တွေ အကုန်လုံးကို မြန်မာဝတ်စုံ အနေနဲ့သာမကဘဲ ပြည်ပမှာပါ ဘယ်လူမျိုး ဘယ်အမျိုးသမီးပဲဖြစ်ဖြစ် ပွဲတက်ဝတ်စုံအနေနဲ့ပါ ဝတ်လို့ရအောင် ဒီဇိုင်းဖန်တီးမှုကို စိတ်ဝင်စားပါတယ်။ နောက်တစ်ခုကတော့ လုံချည်နဲ့လိုက်ဖက်တဲ့ ပန်းလေးတွေ အပွင့်လေးတွေကို ပန်းထိုးပြီး ပန်းဖောက်တာပါ။  ပိုးထည်ဖြစ်ဖြစ်၊ ပိုးပွင့်ဖြစ်ဖြစ်၊ ဘရိုကိတ်အပွင့်ဖြစ်ဖြစ်၊ ချိတ်ဆိုရင်လည်း ကနုတ်ပေါ့နော်... အဲဒါလေးတွေကို ကနုတ်ဆွဲ၊ ပန်းဆွဲပြီးတော့ အဲဒီပေါ်မှာ ပန်းဖောက်တာကို ၁၉၉ဝ ကျော်ကတည်းက ဒီနေ့အထိ ကျွန်မရဲ့ Trademark အဖြစ်အမြဲသုံးပါတယ်။

ကျွန်မရဲ့ Customer တွေအတွက်ကတော့ ဝတ်စုံတစ်စုံလာအပ်ပြီဆို ပထမဆုံး ဘယ်လိုလှအောင်ချုပ်ရမလဲဆိုတာ တွေးရုံတင်မက အခုနောက်ပိုင်းမှာဆို ရက်ချိန်းမှန်ဖို့လည်း လုပ်ရပါတယ်။ ရက်ချိန်းကလည်း လတ်တလော ရေစီးပဲခေါ်ရမှာပေါ့နော်... အခုအပ်တယ်ဆိုရင် ဒီညချက်ချင်းရချင်တာ နှစ်ရက်အတွင်း ရချင်တာ တို့ကိုလည်း ကျွန်မအနေနဲ့ ဖြည့်ဆည်းပေးဖြစ်တယ်။ အဲဒါကျွန်မထားတဲ့ စေတနာပါ။ ကျွန်မကို ယုံယုံကြည်ကြည်နဲ့လာအပ်ကြတဲ့ ကျွန်မရဲ့Customer များကိုလည်း ရင်ထဲကနေ ကျေးဇူးတင်ကြောင်းလေး ပြောချင်ပါတယ်။


Model - Paing Phyo Thu
Designer - Yone Yone
Makeup - Ally
Photo - Kan Su Ho (Black & White)
Retouch - Kan Su Ho