She's My Favourite

Designer Ma Pont (My Favourite)

People မဂ္ဂဇင်းရဲ့ ကဏ္ဍအတွက် ကျွန်မ ရွေးချယ်ခဲ့တဲ့ ဒီဇိုင်းက ရိုးရှင်းပြီး Summer Collection ဘက်ကို သွားတာမျိုးလေးပါ။ 
များသောအားဖြင့် ဒီဇိုင်းဆို ဆန်းပြားထူးခြားတာတွေကြိုက်သလို ဒီရက်ပိုင်းမှာလည်း အဲဒါမျိုးတွေ ချုပ်တာများနေတဲ့အတွက် ဒီကဏ္ဍမှာတော့ Ready to wear ထုတ်မယ့် 100% ချည်သား စစ်စစ်တွေနဲ့ ချုပ်ပေးခဲ့ပါတယ်။ 

ဝတ်စုံပုံစံလေးတွေဆို ခါတိုင်းတီထွင်တာတွေထက်စာရင် တကယ့်ကို ရိုးရိုးရှင်းရှင်းပုံစံလေးတွေဖြစ်နေပေမဲ့ ကြည့်လိုက်ရင် မပုံ့ရဲ့ပုံစံလေးလည်း ဖြစ်နေရမယ်။ 
ဝတ်ဆင်သူတွေလည်း နှစ်သက်ရမယ်။ ဝတ်လာရင် ဘေးလူအမြင်မှာလည်း သူ့ဝတ်စုံလေး ချစ်စရာလေး လှလိုက်တာဆိုတဲ့ ခံစားချက်လေးလည်း ဖြစ်စေချင်တယ်။

နောက်ပိုင်း  Ready to wear ထွက်ရင် ကိုယ်ဝတ်စုံလေးတွေ အတုဆိုတာမျိုး ကော်ပီတာမျိုး ရှိလာမှာလည်း နားလည်ပြီးသားပေါ့နော်။ ဒါပေမဲ့ တတ်နိုင်သမျှ ၀တ်စုံတိုင်းမှာ ကိုယ့်ပုံစံလေးနဲ့ ကိုယ့်ပိတ်စလေးနဲ့ ကိုယ်တိုင်ဟန်းမိတ်ထိုးတဲ့ လက်ရာလေးတွေနဲ့ပဲသွားပါမယ်။ အထည်ရေများများထုတ်ပြီး ရောင်းမယ့်ပုံစံမျိုးမသွားဘဲ ဒီဇိုင်နာ brand တစ်ခုအနေနဲ့ Limited ပဲသွားပါမယ်။ 

2018 Plan ဆိုရင် လုပ်မယ့်အရာတွေ အများကြီးရှိတဲ့အထဲက ဒီ  Ready to wear လေးတွေကို ဖြစ်အောင်ထုတ်သွားမယ်ဆိုတာ ကတိပေးနိုင်ပါတယ်။ 

ကျွန်မပညာတွေကို လက်ဆင့်ကမ်း ဖြန့်ဝေဖို့အတွက် ဒီဇိုင်နာသင်တန်းပေးတာနဲ့ ပတ်သက်လို့ကတော့ လောလောဆယ်မှာ အဓိကအနေနဲ့ လုံးဝ ဘာမှမတတ်သေးတဲ့သူတွေကိုပဲ သင်ပေးတဲ့ ဒီဇိုင်နာ Basic Course ကိုဖွင့်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ တကယ့်ကို ဒီဇိုင်းပညာဝါသနာပါတဲ့လူငယ်တွေ၊ သက်လတ်ပိုင်းရောက်သွားတဲ့ သူတွေ၊ အိမ်ထောင်ရှင်မိန်းကလေးတွေ၊ Single Mother တွေ အိနြေ္ဒရရလေး လုပ်လို့ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် စာသင်တာတစ်ခုတည်း မဟုတ်ဘဲ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတာကအစ လုပ်ပေးပါတယ်။ ပညာဒါနပေးဖို့ လိုအပ်သူတွေကိုလည်း ကျွန်မသင်တန်းမှာ ပညာဒါနပေး ပါတယ်။ ဒီဟာလေးက ကုသိုလ်လည်းရတယ်။ ဒီပညာနဲ့ အသက်မွေးဝမ်းကြောင်း သွားကြရင်လည်း တစ်သက်လုံးကောင်းတယ်ဆိုတော့ အဲဒီ ရည်ရွယ်ချက်လေးနဲ့ လုပ်ဆောင်ခဲ့ပါတယ်။