Twins

တေးသံရှင် Alex ရဲ့ ချစ်စရာကောင်းတဲ့ အမြွာသမီးနဲ့သား Dora Alex နဲ့ Kevin Alex... တစ်မိနစ်ပဲကွာတဲ့ အမြွာမောင်နှမနှစ်ယောက်၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချစ်ကြတဲ့မောင်နှမ…

သူတို့ မောင်နှမနှစ်ယောက်ရဲ့ သွက်လက်နေတဲ့ ဟန်ပန်နဲ့ ဖက်ရှင်လေးတွေနဲ့အတူ သူတို့နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေအကြောင်းကို ပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်...

Dora Alex
Dora နဲ့ Kevin နဲ့က အသက် တစ်မိနစ် ပဲကွာတယ်။ Dora က တစ်မိနစ်ကြီးတယ်၊ Kevin က တစ်မိနစ်ငယ်တယ်။


Kevin Alex
ကျွန်တော်တို့ မောင်နှမနှစ်ယောက်က အမြွာဆိုပေမဲ့ တချို့အမြွာပူးတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တွေ့ဖူးတဲ့ အမြွာတွေက ရုပ်ချင်းဆင်ကြတယ်။ မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ်။ ဒါပေမဲ့ ကျွန်တော်တို့ကျတော့ ရုပ်ချင်းမဆင်ကြဘူး။ အဲဒါက ကျွန်တော်တို့အတွက် ထူးဆန်းတယ်။


Dora Alex
ငယ်ငယ်တုန်းက ရန်ဖြစ်ရင် လက်ပါ ပါတယ်။ ကုတ်တာ Kevin က ကုတ်လိုက်တာ အမာရွတ်ဖြစ်ပြီး လက်မှာ ကျန်ခဲ့တာ စာရေးတိုင်း တွေ့ရတယ်။ ငါ့မောင်လေးလုပ်တာဆိုပြီး။ တစ်မိနစ်ပဲကွာတာဆိုပေမဲ့ ၃ နှစ်လောက်ငယ်သလို ခံစားရတယ်။ ခုထက်ထိလည်း အဲ့လိုပဲ ခံစားရပါတယ်။ 


Kevin Alex
Dora နဲ့ ကျွန်တော်နဲ့က တစ်မိနစ်ပဲ ကွာပေမဲ့ Dora က အစ်မဆိုတော့ ပိုပြီးညှာတယ်။ သူက လူကြီးပိုဆန်တယ်။  Dora ရဲ့ အကျင့်က ဘာလဲဆိုတော့ ငယ်ငယ်တုန်းက ပစ္စည်းတစ်ခုဆိုရင် ဘာပဲရရ တစ်ယောက်တစ်ခုဆီရတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကိုအနိုင်ကျင့်တယ်။ နည်းနည်းလေးမှားလိုက်တာနဲ့ အဖွားကြီးလိုပဲ ပွစိပွစိနဲ့ ပြောတယ်။


Model - Dora Alex, Kevin Alex
Makeup & Hair - Irene Aung Aung
Photo & Retouch - Aung Ko Ko (Gray Hills)