မြန်မာဝတ်စုံ တီထွင်ခံစားခြင်း

Candy Color အတွဲအစပ်လို့ ဆိုနိုင်ပါတယ်။ ရိုးရှင်းတဲ့ဝတ်စုံဆီမှ သင့်ရဲ့နုနယ်ပျိုမျစ်မှုကို ပန်းနုရောင်နဲ့ စိမ်းပြာရောင်အတွဲအဖက် ကနေ ရှာဖွေနိုင်ပါလိမ့်မယ်။

ကမ္ဘာမြေကြီးကို ကိုယ်စားပြုထားတဲ့ အစိမ်းရောင်ဝတ်စုံကိုတော့ ဒေါင်းမြီးသဏ္ဍန် ပန်းနုရောင်ဇာများနဲ့ အလှဆင်ချုပ်လုပ်ထားပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ နွဲ့နှောင်းမှုကို အားဖြည့်ပေးမယ့် ၀တ်စုံဒီဇိုင်းကို သင်အလွယ်တကူ မြင်တွေ့နိုင်ပါလိမ့်မယ်။

အနီရောင်ဇာများနဲ့ ခပ်ပြေပြေအတွန့်လေးများပါတဲ့ ထမီဒီဇိုင်းက သင့်အတွက်အမြင်ဆန်းနေသယောင်ရှိသော်လည်း တည်ငြိမ်တဲ့အသား ရောင်ဖျော့ဖျော့က အားလုံးထဲမှာ သင့်ကို ရှုတိုင်းယဉ်စေဖို့ ကူညီပေးနိုင်ပါတယ်။

မိန်းကလေးဆန်သော ငယ်ရွယ်ခြင်းရဲ့ သင်္ကေတပန်းရောင်ကို လှပတဲ့ကနုတ်ပုံစံဇာများနဲ့ တွဲဖက်လို့ ခမ်းနားတဲ့ဝတ်စုံဒီဇိုင်းအဖြစ် ဖန်တီးချုပ်လုပ်ထားပါတယ်။

အရိုးဆုံးထဲက အဆန်းပြားဆုံး အလှအပများကို ဇွန်လစာမျက်နှာပေါ်မှတစ်ဆင့် ဖော်ပြပေးလိုက်ပါ တယ်။ တစ်မူထူးခြားတဲ့ ဇာ၊ လိုက်ဖက်ဆန်းသစ်တဲ့ အရောင်အတွဲအစပ်များကို ဘယ်အခါမှ မရိုးသော မြန်မာဝ တ်စုံများအဖြစ် အသက်သွင်းလိုက်သောအခါ...

တောက်ပအားပြည့်တဲ့ အဝါရောင်ဝတ်စုံပေါ်က အနက်ရောင်ဇာများက တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမငယ်တစ်ဦးအသွင်ကို အပြည့်အဝ ပုံဖော်ပေးနိုင်ပါလိမ့်မယ်။

ထသွားထလာ (သို့) ပွဲနေပွဲထိုင်အတွက် သင့်စိတ်ကြိုက်ရွေးချယ်နိုင်မယ့် ၀တ်စုံအဖြစ် ဖန်တီးပေးထားပါတယ်။ အ၀ါနုရောင်နဲ့ ဆင်စွယ်ရောင်ဖျော့ဖျော့ဇာကို တွဲဖက်ချုပ်လုပ်ထားပြီး ကာလဒေသလိုက်လို့ ပ၀ါလေးကိုပါ တွဲဖက်ဆင်ယင်နိုင်ပါတယ်။

မော်ဒယ်လ် - ကြည်တြာဗိုလ်
ဆံပင်၊ မိတ်ကပ် - ဝိုင်း (ဒီဇင်ဘာနှင်း)
ဝတ်စုံ - မဘုတ် (မုံရွာ)