Primary tabs

Academy Winners

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများအား ဂုဏ်ယူစွာဖြင့် ဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဘိုကလေးတင့်အောင် (တစ်သက်တာ ရုပ်ရှင်ဆု)
“အသက် ၉၆ နှစ်ပြည့်ဖို့ ၂လပဲ လိုပါတော့တယ်။ အသက် ၁ဝဝ ပြည့်ဖို့ ကြိုးစားပါမယ်။”

အိန္ဒြာကျော်ဇင် (အမျိုးသမီး ဇာတ်ဆောင်ဆု)
“အခု ဒီ ဒုတိယဆုကို ၁၃နှစ် အကြာမှာ ရရှိခဲ့ပါပြီ။”


နေတိုး (အမျိုးသားဇာတ်ဆောင်ဆု)
“မမတာ ဇာတ်ကောင်အသက်ဝင်လာအောင် ပံ့ပိုးကူညီကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မမတာရဲ့ ဇာတ်ကောင် ရုံတင်ပြသချိန်မှာ ဇာတ်ဆောင်ဆုကို တစ်ပေးခဲ့ကြတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။”


မြင့်မြတ် (အမျိုးသားဇာတ်ပို့ဆု)
“တကယ့်အကယ်ဒမီဖြစ်ပါပြီလို့ပဲ ပြောချင်ပါတယ်။”


ပိုင်ဖြိုးသု (အမျိုးသမီးဇာတ်ပို့ဆု)
“သု အရမ်းစိတ်လှုပ်ရှားနေပါတယ်။ သုရဲ့ အနုပညာပျိုးခင်းက ဆရာတွေကို ကျေးဇူးတင်ပါတယ်။”

ဒါရိုက်တာ စင်ရော်မောင်မောင် (ဒါရိုက်တာဆု)
“၁၄နှစ်ကြာမှ ပြန်ရောက်လာတာ အရမ်း ဝမ်းသာပါတယ်။ မြန်မာပြည်မှာပဲနေ၊ မြန်မာပြည်မှာပဲ ပညာသင်ပြီးတော့ မြန်မာ့ရုပ်ရှင်လောကအတွက် ကြိုးစားနေကြတဲ့ သူတွေအားလုံးပါ။ သင်္ကြန်မိုးလို ဇာတ်ကားမျိုး၊ မှုံရွှေရည်လို ဇာတ်ကားမျိုးတွေကို မြန်မာပြည်မှာ ပြန်လည်ဖော်ထုတ်ဖို့ အများကြီးလိုပါသေးတယ်။ ကျွန်တော်တို့ ဒီတိုင်းပြည်မှာနေပြီး ဒီဆရာကြီးတွေဆီက သင်ပြီးတော့ ဒီပညာရပ်တွေနဲ့ ဒီလိုစင်မြင့်ပေါ်ရောက်လာတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်ရွာသားပါ။ ၁၂နှစ်ဝေးနေတဲ့ မဆင့်နဲ့ ကျွန်တော်ကြားမှာ မရရအောင် ကြိုးစားနေတဲ့ အခု အမေရိကားကနေကြည့်နေတဲ့ သားလေးကိုလည်း ကျေးဇူးတင်ပါတယ်။”


ဒါရိုက်တာ ဝိုင်း (ဇာတ်ညွှန်းဆု၊ ရင်ဘတ်ထဲကဓား) 
“လိုချင်တဲ့ ဆုကို စိတ်ရှင်းရှင်းနဲ့ ရလို့ပျော်ပါတယ်။ ဘာကြောင့်ရချင်လဲဆိုတော့ ကျွန်တော်လမ်းမှာ ရောက်နေချိန်မှာ လမ်းမှန်ပေါ်ရောက်အောင် လမ်းညွှန်ပေးတဲ့ ကျွန်တော့်ဆရာ ဦးညီညီထွန်းလွင်ကြောင့်ပါ။ နောက်နှစ်တွေမှာလည်း ဒီ ဇာတ်ညွှန်းထက် ပိုကောင်းသော အရည်အသွေးမြင့်သော ဇာတ်ညွှန်းတွေ ထုတ်လုပ်နိုင်အောင် ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်။”

သိန်းအောင် (အသံဆု၊ ထာဝရအမေ) 
“ပထမဆုံးရတဲ့ ဆုဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောက တိုးတက်ဖို့အတွက် ကြိုးစားသွားပါမယ်။”

နေခြည်မှာ ရွှေရည်လောင်း (ဇာတ်ကားဆု)
“ဒီဇာတ်ကားက ၂ဝ၁၇ ခုနှစ်မှာ မြန်မာ့ ဒီမိုကရေစီရုပ်ရှင်ပွဲတော်ကို ရည်ရွယ်ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေများများ ပေါ်ပေါက်စေဖို့နဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသများကို သွားရောက်တဲ့ ကျောင်းဆရာ၊ ဆရာမတွေ အပေါ်မှာ နားလည်မှုပေးနိုင်ဖို့အတွက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။”


စန္ဒယား တင်ဝင်းလှိုင် ( တေးဂီတဆု၊ ကွမ်းလုံရက် ၄ဝ )
“စစ်သားတွေကို ချစ်စရာကောင်းအောင် ရိုက်ပြနိုင်တယ်။ သနားစရာကောင်းတဲ့ စစ်သားတွေကိုကြည့်ပြီး ကျွန်တော့် တီးလုံးကောင်းရတာပါ။”

အိုဝင် (တည်းဖြတ်ဆု၊ ထာဝရအမေ)
“ဒီကားကြီးကို ယုံကြည်စွာလုပ်ခိုင်းခဲ့တဲ့ လက်ဦးဆရာ အကယ်ဒမီ စင်ရော်မောင်မောင်ကို ကျေးဇူးတင်ပါတယ်။ ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်းလို သားမျိုးတွေ ဒေါ်ခင်ခင်လို မိခင်မျိုးတွေ အများကြီးပေါ်ပေါက်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။”


ကျောက်ဖြူ (ပဒေသာ) နှင့် ကိုနေဝင်း (ဓာတ်ပုံဆု၊ သရဲမ၊ ဘီလူးမနှင့် မိန်းမပျို)
“အကယ်ဒမီ ၄ ဆုမြောက်ဖြစ်ပါတယ်။ ဆက်လက်ကြိုးစားသွားပါမယ်။”