Primary tabs

အသစ် = ကစ်ကစ်

 ၂၀၁၆ ရဲ့ အစဆုံးသော ဇန်နဝါရီလ...။
    ဒီလမှာ မျက်နှာဖုံးရှင် သူမနဲ့ ပြောဖြစ်သမျှ တွေက အသစ်အကြောင်းတွေချည်း...။
    သူမရဲ့ အသစ်အသစ်သော အကြောင်းတွေ က ဘာတွေများဖြစ်နေမလဲ...။

Model - Wutt Hmone Shwe Yee
H&M - May Oo
Photo - Life Photography
Designer - Ma Myintzu (Zu Zu Collection)
Venue - Novotel Yangon Max

   အသစ်= ကစ်ကစ်
    ကစ်က သိပ်ပြောင်းလဲတာမရှိဘူး။ အစွဲ အလန်းကြီးတဲ့အထဲမှာပါတယ်။ အင်တာဗျူးတွေ မှာလည်း ဖြေဖူးပါတယ်။ နန်းကြီးသုပ်ကို ကြိုက် ပြီဆို မနက်စာ နန်းကြီးသုပ်ကိုချည်း ခြောက်လ လောက်လည်း ဆက်တိုက်စားချင်စားတယ်။ ဒါပေမဲ့ ကိုယ့်ကို ပတ်ဝန်းကျင်က၊ ပရိသတ်ကကျ တော့ တစ်ခါလာလည်း ဒါပဲဆိုတာမျိုး အမြင်မရိုး စေချင်ဘူး။ အသစ်အဖြစ်နဲ့ပဲ မြင်စေချင်တယ်။ အခုရိုက်တဲ့ မျက်နှာဖုံးဆိုလည်း အမြင်ပြောင်း သွားအောင် ကြိုးစားထားတာပဲ။  

အရောင်… အသစ်
    အရင်တုန်းက အပြာရောင်နဲ့ အဖြူကိုကြိုက် တယ်။ အခုလည်းကြိုက်ဆဲပဲ။ ခုလောလောဆယ် တော့အရောင်အသစ်အနေနဲ့ ခရမ်းရောင်ခပ်ပုပ် ပုပ်ကို ကြိုက်နေတယ်။

အနုပညာပန်းတိုင်… အသစ်
    ကစ်က အမြဲကြိုးစားနေတဲ့သူ။ မရပ်ဘူး။ ကြိုးစားမှုကိုလည်း မရပ်ဘူး။ လှုပ်ရှားမှုတွေလည်း မရပ်ဘူး။ လုပ်တဲ့အလုပ်ကသာ တူချင်တူမယ် ဖြစ်ချင်တဲ့ဆန္ဒတွေက ပြောင်းပြောင်းသွားတယ်။ အကယ်ဒမီရပြီးတဲ့နောက်မှာ ဘာတွေထပ်ဖြစ် ချင်လဲဆိုတော့ အရင်တုန်းကမရဖူးတဲ့ အောင်မြင် မှုတွေ၊ မရသေးတဲ့ အောင်မြင်မှုတွေ ထပ်ရချင်နေ သေးတယ်။ မတူတဲ့အောင်မြင်မှုတွေ ရချင်သေး တယ်။

ရုပ်ရှင်... အသစ်
    “အနုဘစ်” ဆိုတဲ့ကားတော့ ၂၀၁၆ ထဲမှာ အသစ်စက်စက်ရုံတင်ဖို့ရှိတယ်။ နောက်တစ်ကား လည်းတင်မယ်ထင်တယ်။ ၂၀၁၆ ထဲမှာ ကစ်ရဲ့ ရုပ် ရှင်ကားကြီး အသစ် (၂)ကား၊ (၃)ကားတော့ တင် ဖြစ်မယ်ထင်တယ်။

ဇာတ်ရုပ်... အသစ်
    အမှန်အတိုင်းပြောရရင် ကိုယ်လုပ်ပြချင်တဲ့ ဇာတ်ကောင်တွေ စိတ်ထဲမှာ အများကြီးရှိတယ်။ တချို့ဇာတ်ရုပ်တွေကျတော့ ကိုယ်လုပ်လို့မမှီတာ မျိုးတွေလည်း ရှိနေသေးတယ်။ ဝတ်မှုန်ရွှေရည် ဆိုတာ လူတွေမမှတ်မိလောက်တဲ့ ဇာတ်ရုပ်မျိုးတွေ လည်း သရုပ်ဆောင်ကြည့်ချင်ပါသေးတယ်။

အချစ်... အသစ်
    အမြဲတမ်း ရည်းစားမရှိဘူးလို့ ဖြေရတာ ပျင်းစရာကြီး(ရယ်လျက်)။ ပရိသတ်တွေလည်း ပျင်းရောပေါ့။ ကစ်မှာ အချစ်အသစ် ရှိပါတယ်လို့။ လောလောလတ်လတ် အသစ်စက်စက်ပါ။

ခရီး... အသစ်
    ၂၀၁၆ ထဲမှာဆိုရင်တော့ ခရီးအသစ်အနေနဲ့ Europe ဘက်ကို သွားချင်မိတယ်။