Primary tabs

ဖေဖော်ဝါရီ ပန်းကလေး

MI SANDI
HAIR&MAKEUP-MA CHO&MA KHAINE (HELLO)
PHOTO- AUNG ZAW(LOVE SPACE)
RETOCH- NYI NYI HLA BAW
DRESS- SANDAR AUNG (SANDAR FASHION)
DECORATION- LADY ROSE

သူမ
စကားပြောမြန်သည်
စိတ်ရှည်သည်
အမြဲပြုံးနေတတ်၏
သိုဝှက်မှုမရှိ
ဂီတကိုချစ်သည်
အစားအသောက်ကြိုက်သည်
သူမကတော့ သူမကိုယ်သူမ "ဖက်တီးလေး" ပါတဲ့
    အောင်မြင်တဲ့ အဆိုရှင်တစ်ယောက် လူငယ် တစ်ယောက် လန်းဆန်းမှုတွေပြည့်နေတဲ့ မိန်းမပျို တစ်ယောက်  မိန်းမမဆန်လွန်းသော မိန်းကလေး မိစန္ဒီ
    သူမကို မိန်းမဆန်ဆန် နူးညံ့မှုများဖြင့် ပျော့ ပျော့ပြောင်းပြောင်း ဖန်ဆင်းပစ်လိုက်သည်။ ဖေဖော်ဝါရီ ပန်းကလေး
    ဒီဇိုင်နာ မစန္ဒာရဲ့ နူးနူးညံ့ညံ့ဖက်ရှင်၊ Hello က မခိုင်နဲ့ မချို တို့ရဲ့ ဖူးဖူးရွရွ အပြင်အဆင်၊  ဓာတ်ပုံ အောင်ဇော်ရဲ့ ရိုမန်တစ် ရိုက်ချက်တွေနဲ့ သူမကို ပေါင်းစပ်ဖန်းတီးလိုက်တဲ့ ဖေဖော်ဝါရီ အချစ်လလေးအတွက်  ချစ်စရာ သူမလေး အသွင်ဖြစ်လာပါတော့တယ်။ ပိုမိုသက်ဝင်တဲ့ ပုံရိပ်တွေ ဖြစ်ဖို့ ညီညီလှဘော်က photo retoch ပြန်လုပ်ပါတယ်။

အချစ်ဆိုတာ
    တိုတိုပြောရရင်တော့  နားလည်ပေးနိုင်မှု ပေါ့။
    အလုပ်ကိုယ်စီနဲ့ ချစ်သူနှစ်ဦးအတွက် သူ့ကို လည်းကိုယ်နားလည် ကိုယ့်ကိုလည်း သူနားလည် ပေးတဲ့ ရင်ခုန်မှုမျိုးနဲ့ အချစ်ပေါ့။
    လောလောဆယ် ငြိမ်းချမ်းပျော်ရွှင်နေတာ မိစန္ဒီရဲ့ အချစ် နားလည်းထားတဲ့ အချစ်ရဲ့အဓိပ္ပာယ် ပါ။ အချစ်ဆိုတဲ့ တွယ်ငြိမှု ပါဝင်နေသေးတာဆို တော့လည်း နည်းနည်းပါးပါးတော့ ပူလောင်မိတာ ပေါ့လေ။
    ဟိုအရင် ခပ်ငယ်ငယ်တုန်းကတော့ သ၀န် တိုမှုတွေ၊ ချုပ်နှောင်မှုတွေနဲ့ ပူလောင်ခဲ့ဖူးပေမယ့် အခုအချစ်ကတော့ ပျော်စရာအချစ်ဘ၀ပါ။

အနုပညာ
    သီချင်းတစ်ခုတည်းကိုပဲ အရူးအမူးဆိုချင်ခဲ့ ရေးချင်ခဲ့တဲ့ မိစန္ဒီပါ။
    သီချင်းတွေရေးနေဆိုနေရတဲ့ ဘ၀ဟာ အရာ အားလုံးထက် ပြည့်စုံတယ်လို့ ယုံကြည်ခဲ့သူပါ။
    တကယ်တမ်း သီချင်းတွေဆိုဖြစ်လာတော့ သီချင်းအပြင် များစွာသောအရာတွေကိုပါ ပြုလုပ် ရမယ်ဆိုတာ နားလည်လက်ခံပြုလုပ်ဖြစ်ခဲ့ပြီး သီချင်းနဲ့ ပတ်သက်လို့ အကောင်းဆုံးဖန်တီးသလို အခြားဆက်စပ်နေတဲ့ သီချင်း MTV တွေကိုလည်း အကောင်းဆုံးဖန်တီးခဲ့ပါတယ်။
    ပိုက်ဆံမကြည့် အချိန်မကြည့်ပဲ အကောင်း ဆုံးဖြစ်အောင် ကြိုးစားဖြစ်ခဲ့တယ်။ မိစန္ဒီရဲ့ သီချင်း နဲ့ ပတ်သက်ပြီး နားထောင်တာ MTV တွေကြည့် တာကအစ ပရိတ်သတ်အတွက် တန်အောင်လုပ် ပေးချင်တာပါ။ သရုပ်ဆောင်တာနဲ့ ပတ်သက်လို့ အားနည်းချက်တွေရှိခဲ့ပြီး သရုပ်ဆောင်ရတာ ရှက် ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

အလှအပ ဖက်ရှင်
    မိန်းမမကျ ယောက်ျားမဆန်တဲ့ ဖက်ရှင်မျိုး သိပ်ကြိုက်တယ်။ ကိုယ့်သီချင်းကို အထောက် အကူဖြစ်စမယ့် ဖက်ရှင်အတွက် သေသေချာချာ လေးတော့ လုပ်ဖြစ်ပါတယ်။ ကိုယ့်ကို သက်တောင့် သက်သာဖြစ်စေတဲ့ မိန်းမမဆန်လွန်းတဲ့ စတိုင်လ်
က မိစန္ဒီ စတိုင်လ်ပါ။
    မိတ်ကပ်ဆိုတာ ငယ်ငယ်ကတော့ ကိုယ်နဲ့ ဘာမှမဆိုင်ဘူးပေါ့။ အခုကတော့ ပိုပိုသိလာတာ ပေါ့ မိတ်ကပ်ပညာရှင်တွေနဲ့ ပတ်ဝန်းကျင်က အကြံပေးမှုကြောင့်  အခုဆို မိစန္ဒီ မိတ်ကပ်အ ကြောင်း ပိုပိုသိလာပြီ။ မိန်းကလေးဆိုတာ ဘာ
ပဲဖြစ်ဖြစ် လှအောင်ကို နေသင့်ပါတယ်။

မိသားစု
    ဖေဖေရယ် မေမေရယ် မိစန္ဒီထက် သုံးနှစ်ခွဲ ငယ်တဲ့ အလှအပကြိုက်တဲ့ ညီမလေးရယ်နဲ့ ပျော် စရာ Happy Life လေးပါ။
    ဂီတကိုဝါသနာပါလွန်းတဲ့ မိစန္ဒီကို  အိမ်က ပထမတော့ ပေါ်ပင်လုပ်တာလို့ထင်ပြီး မယုံခဲ့ကြ ဘူးလေ။ ခွင့်မပြုချင်ဘူးပေါ့။
    မိစန္ဒီက မိဘဖြစ်စေချင်တဲ့ စာကိုလည်း ကြိုး စားပေးခဲ့တော့ နောက်ပိုင်းမှာ ခွင့်ပြုခဲ့ကြတယ်။ အရမ်းချုပ်ချယ်မှု မလုပ်ခဲ့ပေမယ့် စည်းကမ်းတကျ ဆုံးမခဲ့တဲ့ မိဘတွေကြောင့် စိတ်ကိုငြိမ်းချမ်းအောင် ထားစေတတ်တဲ့ မိဘကြောင့် ဘယ်သူတွေ ကပဲ ပူလောင်အောင်လာလုပ်လုပ် အပြုံးမပျက်တတ်တဲ့ မိဘတွေကြောင့် မိစန္ဒီလည်း အဲလိုနေတတ်လာခဲ့ ပါတယ်။ အနုပညာနယ်ပဲဖြစ်ဖြစ် ပေါင်းသင်း ဆက်ဆံရေးမှာပဲဖြစ်ဖြစ် မိစန္ဒီ ပျော်ပျော်နေတတ် ပါတယ်။
    ဘ၀ကိုရိုးရှင်း အေးဆေးစွာပဲ ဖြတ်သန်းချင်ပါတယ်။

ပရိသတ်
    တကယ်တော့လေ မိစန္ဒီက သီချင်းတွေသာ ဆိုချင်တာ ပရိသတ်နဲ့ တွေ့ရမယ်ဆို ရင်တုန်နေ ရော။ အခွေအတွက် ပရိုမိုးရှင်းလုပ်ရမယ်ဆိုရင် ပိုဆိုးပြီ။
    လူကြောက်တတ်တယ်။ ကိုယ်တစ်ယောက် တည်းထုတ်တဲ့ အခွေဆိုတော့ ကိုယ့်မှာတာဝန်က ပိုကြီးသွားပြီးတော့ လူတွေမလာရင် ဘယ်လိုလုပ် မှာလည်းဆိုတဲ့ သောကတွေများတတ်တာလေ။ ပွဲမလုပ်  သုံးလေးရက်လောက်က အိပ်လို့ကိုမရ ဘူး အိပ်ပျော်ရင်တောင် အိမ်မက်က လူတွေတစ် ယောက်မှ မလာဘူးလို့မက်တာ။ ပွဲလာတဲ့ ပရိ သတ်တွေက အရမ်းနားလည်မှုရှိပြီး အဆင်မပြေ တာတွေကို ခွင့်လွှတ်ပေးလို့ အရမ်းကို ကျေးဇူး တင်နေမိတယ်။ ရန်ကုန်ပရိသတ်ရော မန္တလေး ပရိသတ်ရော အဲလောက်အားပေးကြမယ်လို့ ထင် တောင်မထင်မိဘူး။ အရမ်းပျော်ရပါတယ်။ အောင် မြင်ရမယ်ဆိုတဲ့စိတ်နဲ့ လုပ်ခဲ့တာမဟုတ်ပဲ အ ကောင်းဆုံး ကြိုးစားခဲ့တာပါ။ ဒီအတွက် ပရိသတ်
ဆီက ချစ်မေတ္တာရတယ်လို့ ထင်ပါတယ်။


    ဆက်ပြီးလည်း မိစန္ဒီ ကြိုးစားနေပါဦးမယ်လို့။