Primary tabs

မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူတို့ရဲ့ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်

ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းကျော်လွန်လို့ လေးနှစ်တာ အချိန်ကာလထဲကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်တဲ့ People ။ ဒီလို ခရီးရှည်ကို ဖြတ်သန်းလာခဲ့တဲ့ People ရဲ့ (၁၄)နှစ်ပြည့် အထူးထုတ်အတွက် မျက်နှာဖုံးကိုလည်း အနုပညာခရီးလမ်း ပေါ်မှာ အချိန်ကြာလျှောက်လှမ်းခဲ့ကြပြီး အောင် မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြတဲ့ အနုပညာရှင်များစွာနဲ့ဖန်တီးဖြစ်ခဲ့တယ်။ 

တစ်ချိန်က ညှို့ချက်ပြင်းပြင်းနဲ့ ဆွဲဆောင်မှုအားကောင်းခဲ့ပြီး လက်ရှိအချိန်မှာလည်း တည်ငြိမ်တဲ့ အလှအပတွေကိုယ်စီနဲ့  တောက်ပနေဆဲဖြစ်တဲ့ မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူတို့ သုံးယောက်… 

သူမတို့ သုံးယောက်ရဲ့ အလှအပနဲ့ Fashion Sence ကို အတိအကျ ပုံဖော်ပေးနိုင်ခဲ့တဲ့ Designer ကောင်းမြတ် ( Haute Couture)… 

ရှိပြီးသား အလှအပတွေကို ပိုမို လှပကြွတက်လာအောင် တည်ငြိမ်တဲ့ စုတ်ချက်တွေနဲ့ ခြယ်မှုန်းပေးခဲ့ကြတဲ့  မိတ်ကပ်ပညာရှင်တွေဖြစ်တဲ့  ဒီဇင်ဘာနှင်း၊ ညီညီမောင် (စမ်းချောင်း)  နဲ့ မေဦး… 

လှပခမ်းနားတဲ့ နောက်ခံ အပြင်အဆင်တွေကို ဖန်တီးပေးခဲ့တဲ့ မာမီကျော် ( မလေးရှား)… 

သူတို့အားလုံးရဲ့ ဖန်တီးမှု လက်ရာများကို ဟာမိုနီကျကျပေါင်းစပ်ပြီး အသက်ဝင်တဲ့ ပုံရိပ်များအဖြစ် ပြောင်းလဲပေးခဲ့တဲ့ Life Photography … 

ဒီလိုနဲ့ People (၁၄)နှစ်ပြည့် အထူးထုတ်ရဲ့ မျက်နှာဖုံးကို ဖန်တီးဖြစ်ခဲ့ပြီး သူမတို့သုံးယောက်ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းကို  မေးမြန်းဖြစ်ခဲ့ပါတယ်။ 


မိုးဟေကို

လက်တလော စိတ်ခံစားမှု 
ခုလတ်တလော စိတ်ခံစားမှုလေးကတွေ ပုံမှန်ပါပဲရှင့်။

လက်ရှိစိတ်ကြိုက်ဖြစ်နေတဲ့ ဖက်ရှင်
အခု People မှာ ၀တ်ထားတဲ့ ဖက်ရှင်က မိုးရဲ့ စိတ်ကြိုက်ဖြစ်နေတဲ့ ဖက်ရှင်ပါပဲ။

အရင်က မိုးဟေကို နဲ့ လက်ရှိမိုးဟေကို မတူတော့တဲ့ အချက်ဆိုရင် 
မတူတော့တဲ့ အချက်ဆိုရင် အနုပညာဘက်မှာ နည်းနည်းအပျင်းကြီးသွားတယ်။

ကိုယ့်ရဲ့ ဘ၀ခံယူချက် 
-

နောက်ဆယ်နှစ်မှာ ကိုယ့်ကိုကိုယ် မြင်တွေ့ချင်တဲ့ ပုံစံ (အချစ်ရေး၊ စီးပွားရေး၊ အနုပညာ လှုပ်ရှားမှု) 

ဘ၀မှာ ပျော်ရွှင်စွာဖြတ်သန်းပြီး စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်။ 

ကိုယ်ရိုက်ကူးခဲ့ပြီးသမျှထဲက ကိုယ်နဲ့ တစ်သားတည်းဖြစ်ခဲ့တဲ့ ဇာတ်ကားနဲ့ ဇာတ်ရုပ်ဆိုရင်
ရိုက်ပြီးသမျှတော့ အတတ်နိုင်ဆုံး တစ်သားတည်းကြအောင် ကြိုးစားသရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တော့ရှိတာပေါ့နော်။ 

ပရိသတ်တွေ ကိုယ့်နာမည်ကို ကြားလိုက်တာနဲ့တွဲပြီး မြင်စေချင်တဲ့ ကိုယ့်ရဲ့ Image က
-

အကယ်၍များ သရုပ်ဆောင် မင်းသမီး မဖြစ်ခဲ့ဘူးဆိုရင် ကိုယ်ဖြစ်ချင်ခဲ့တဲ့ အရာက 
သရုပ်ဆောင် မင်းသမီး မဖြစ်ခဲ့ဘူးဆိုရင် ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတစ် ယောက်ဖြစ်နေမှာပါ။

ဘ၀မှာ တစ်ကြိမ်တော့ လုပ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဆန္ဒရှိထားပြီး မလုပ်ဖြစ်သေးတာက
လုပ်မယ်ဆိုတဲ့ ဆန္ဒရှိရင်တော့ လုပ်ဖြစ်အာင် လုပ်ခဲ့တာချည်းပဲ။

စုဆောင်းလေ့ရှိတတ်တဲ့ ပစ္စည်းတွေဆိုရင် 

လက်ဝတ်ရတနာတို့၊ ဖိနပ်တို့၊ ပိုက်ဆံအိတ် တို့

စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တဲ့ နည်းလမ်း 
ခရီးထွက်တယ်၊ ဘုန်းကြီးကျောင်းသွား တရားနာတယ်၊ တရားထိုင်တယ်၊ တခါတလေ ဘယ်သူနဲ့မှ စကားမပြောပဲ နေလိုက်တယ်။

People နဲ့ ရိုက်ခဲ့တဲ့ ရိုက်ကွင်းတွေထဲကမှ အမှတ်တရရှိခဲ့တဲ့ အချိန် 
People မှာ ရိုက်ထားသမျှ ကာဗာတွေ ပြန်ကြည့်မိတဲ့ အချိန်တိုင်း အမှတ်တရဖြစ်တယ်။ 

အနုပညာညီအစ်မ သုံးယောက်တူတူ ရိုက်ကူးရတဲ့ ခံစားချက် 
နောင်တစ်ချိန်ပြန်ကြည့်ရင် အမှတ်တရ ဖြစ်နေမှာပါ။ ပျော်လဲ ပျော်တယ်။ 

People 14 နှစ်ပြည့်အတွက် အမှတ်တရစကား 
အောင်မြင်ပြီးသား စာအုပ်ဆိုတော့ ဒီ့ထက် ပိုအောင်မြင်ပါစေရှင့်။

Model - Moe Hay Ko
H&M - May Oo
Photo - Life Photography
Designer -  Designer Kaung Myat - Haute Couture
Decoration - Mommy Kyaw (Malaysia)
AVA Vintage Furniture and Collectibles

သင်ဇာဝင့်ကျော်

လက်တလော စိတ်ခံစားမှု 
လတ်တလောကတော့ ဓာတ်ပုံရိုက်ဖို့တစ်ခုအတွက် ဘန်ကောက်ကိုရောက်နေပါတယ်။ စိတ်ကတော့ ပျော်နေပါတယ်။

လက်ရှိစိတ်ကြိုက်ဖြစ်နေတဲ့ ဖက်ရှင်
ခုက မိုးရာသီဆိုတော့ ဘောင်းဘီရှည် ပေါ့ပေါ့ပါးပါးဖြစ်မယ့် ရှပ်အကျီ၊ Canvas ဖိနပ်လေးနဲ့ ဦးထုတ်လေးဆောင်းပြီး Free Style ၀တ်ရတာကို ကြိုက်နေပါတယ်။

အရင်က သင်ဇာဝင့်ကျော်နဲ့ လက်ရှိ သင်ဇာဝင့်ကျော် မတူတော့တဲ့ အချက်ဆိုရင် 
အရင်နဲ့ အခု မတူတာကတော့ အသက် ပိုကြီးလာတာပေါ့နော်။ အရင်ကထက်လည်း ပိုရင့်ကျက်လာပါတယ်။

ကိုယ့်ရဲ့ ဘ၀ခံယူချက် 
သင်ဇာဘ၀ရဲ့ ခံယူချက်က ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်သွားတယ်။ ပရိသတ်ရဲ့ ဝေဖန်မှုနဲ့ လူကြီးမိဘရဲ့ ဆုံးမစကားတွေကို အလေးထားပါတယ်။ 

နောက်ဆယ်နှစ်မှာ ကိုယ့်ကိုကိုယ် မြင်တွေ့ချင်တဲ့ပုံစံ (အချစ်ရေး၊ စီးပွားရေး၊ အနုပညာ လှုပ်ရှားမှု) 
သင်ဇာဖြစ်ချင်တဲ့ ပုံစံကတော့ Independent Women ပေါ့။ ကိုယ့်ကို ယုံကြည်မှုလည်း ရှိတယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်။ အချစ်ရေးမှာပဲဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ် အနုပညာ 
မှာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်လေး လျှောက်လှမ်းချင်ပါတယ်။ 

ကိုယ်ရိုက်ကူးခဲ့ပြီးသမျှထဲက ကိုယ်နဲ့ တစ်သားတည်းဖြစ်ခဲ့တဲ့ ဇာတ်ကားနဲ့ ဇာတ်ရုပ်ဆိုရင်
    -

ပရိသတ်တွေ ကိုယ့်နာမည်ကို ကြားလိုက်တာနဲ့တွဲပြီး မြင်စေချင်တဲ့ ကိုယ့်ရဲ့ Image က
အားလုံးရဲ့ အမြင်မှာ ဟန်ဆောင်မှုကင်းပြီးတော့ ကိုယ့်ကို ယုံကြည်မှုရှိတဲ့ မိန်းမတစ်ယောက် အသွင်ပုံသဏ္ဍာန် မြင်စေချင်ပါတယ်။ 

အကယ်၍များ သရုပ်ဆောင်မင်းသမီး မဖြစ်ခဲ့ဘူးဆိုရင် ကိုယ်ဖြစ်ချင်ခဲ့တဲ့ အရာက 
သင်ဇာ သရုပ်ဆောင် မင်းသမီးမဖြစ်ခဲ့ဘူးဆိုရင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်။ ဒါမှမဟုတ် အလှဖန်တီးရှင်တစ်ယောက်ပေါ့နော်၊ သူများတွေကို လှအောင်လုပ်ပေးရတဲ့သူ တစ်ယောက်ဖြစ်နေမှာပါ။ 

ဘ၀မှာ တစ်ကြိမ်တော့ လုပ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဆန္ဒရှိထားပြီး မလုပ်ဖြစ်သေးတာက
သင်ဇာအရမ်းချစ်ရတဲ့ ပရိသတ်တွေနဲ့ သင်ဇာမွေးနေ့ပွဲမှာ ဆုံချင်ပါတယ်။ ဒါစိတ်ထဲမှာ အမြဲရှိပြီး မလုပ်ဖြစ်သေးတဲ့အရာပေါ့။ 
    
စုဆောင်းလေ့ရှိတတ်တဲ့ ပစ္စည်းတွေဆိုရင် 
မျက်မှန်၊ နာရီ၊ ပိုက်ဆံအိတ်တို့လိုမျိုး Branded ပစ္စည်းလေးတွေကို ကိုယ်ကြိုက်ရင် ကြိုက်သလိုဝယ်ပြီး စုဆောင်းတတ်ပါတယ်။ 

စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တဲ့ နည်းလမ်း 
သင်ဇာ စိတ်ညစ်လို့ရှိရင် အစားများများစားတယ်၊ တီဗွီကြည့်တယ်၊ သီချင်းနားထောင်တယ်၊ အိပ်တယ်။ ပြီးရင် ဘုရားရှိခိုးတယ်။ တခါတလေ မိသားစုနဲ့ အချိန်ဖြုန်းတယ်။

People နဲ့ ရိုက်ခဲ့တဲ့ ရိုက်ကွင်းတွေထဲကမှ အမှတ်တရရှိခဲ့တဲ့ အချိန် 
ရိုက်ကွင်းတိုင်းကတော့ အမှတ်တရ ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုမတူဘူးပေါ့။ အခုနောက်ဆုံး မင်းသမီးသုံးယောက်ဆုံပြီးရိုက်တဲ့ ရိုက်ကွင်းက ပိုပြီးအမှတ်တရဖြစ်ပါတယ်။ မဆုံဖြစ်တာလဲ ကြာပြီလေ။ 

အနုပညာညီအစ်မ သုံးယောက်တူတူရိုက်ကူးရတဲ့ ခံစားချက် 
အခုလိုမျိုး မဆုံဖြစ်တာကြာပြီဖြစ်တဲ့ မင်းသမီးသုံးယောက်ပြန်ဆုံပြီး ရိုက်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ 

People 14 နှစ်ပြည့်အတွက် အမှတ်တရစကား 
People ၁၄ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဒီ့ထက်ပိုပြီး တိုးတက်အောင်မြင်တဲ့ မဂ္ဂဇင်းဖြစ်ပါစေ။

Model - Thinzar Wint Kyaw
H&M - December Hnin
Photo - Life Photography
Designer -  Designer Kaung Myat - Haute Couture
Decoration - Mommy Kyaw (Malaysia)
AVA Vintage Furniture and Collectibles

အေးမြတ်သူ

လတ်တလော စိတ်ခံစားမှု 
လတ်တလောကတော့ ပျော်တယ်ရှင့် အရင်ကထက်စာရင် လက်ရှိအချိန်တွေမှာ အကောင်းဆုံးဆိုတဲ့ ပျော်ရွှင်မှုတွေ မိတ်ဆွေအပေါင်းသင်းတွေ ပတ်ဝန်းကျင်သစ်ကို ရတယ်လို့ ခံစားရတယ်ရှင့်။

လက်ရှိစိတ်ကြိုက်ဖြစ်နေတဲ့ ဖက်ရှင်
လက်ရှိစိတ်ကြိုက်ဖြစ်နေတဲ့ ဖက်ရှင်ကတော့ မြန်မာအင်္ကျီပါပဲ။ ထသွားထလာ ချည်ထည်လေးတွေ ၀တ်ရတာ သက်တောင့်သက်သာရှိတယ်၊ ဈေးနှုန်းဘက်က ကြည့်ရင်လဲ ကုန်ကျစရိတ် အရမ်းမများဘူး။
 
အရင်က အေးမြတ်သူနဲ့ လက်ရှိအေးမြတ်သူ မတူတော့တဲ့ အချက်ဆိုရင် 
ခံယူချက်တွေ ကွာသွားမယ်၊ စဉ်းစားတွေးခေါ်တာတွေ ကွာသွားမယ်၊ ဆုံးဖြတ်ချက်တွေ ကွာသွားမယ်၊ အရင်ထက်စာရင် ပိုတည်ငြိမ်လာတယ် လူကြီးဆန်လာတယ်လို့ ခံစားရပါတယ်။

ကိုယ့်ရဲ့ ဘ၀ခံယူချက် 
ကိုယ့်ရဲ့ အနာဂတ်ကောင်းဖို့အတွက် လက်ရှိပစ္စုပ္ပန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်ဆို​ပြီး အေးမြတ်သူ ခံယူထားတယ်။

နောက်ဆယ်နှစ်မှာ ကိုယ့်ကိုကိုယ် မြင်တွေ့ချင်တဲ့ပုံစံ ( အချစ်ရေး၊ စီးပွားရေး၊ အနုပညာ လှုပ်ရှားမှု) 
အချစ်ရေးထက် မေတ္တာရေးကို ပိုလိုချင်တယ်၊ မိသားစု သံယောဇဉ် အဲ့ဒါတွေ ပိုလိုချင်တယ် သေချာတာတော့ နောက်ဆယ်နှစ်ဆိုရင် တစ်ကိုယ်တည်းဖြစ်နေမယ်လို့တော့ အာမမခံနိုင်ဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဘက်၊ ကိုယ်မွေးဖွားထား
တဲ့ ရင်သွေးလေးတွေနဲ့တူတူ မေတ္တာတရားနဲ့ ထုံးဖွဲ့ထားတဲ့ ပျော်ရွှင်စရာမိသားစုလေး ထူထောင်ချင်တယ်။ စီးပွားရေးကတော့ ပရဟိတ ကုသိုလ်လုပ်နိုင်ဖို့ သင့်တင့်တဲ့ စီးပွားရေးတစ်ခုတော့ ရှိချင်တယ်။ နောက်ဆယ်နှစ်မှာ သရုပ်ဆောင်မ
လုပ်ဖြစ်ခဲ့သည်ရှိသော် အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်ကို ကောင်းတဲ့အရာတွေ ပြောပေးနိုင်စွမ်းရှိသော ရှေ့ကနေ ပြုလုပ်ပေးနိုင် စွမ်းရှိသော အနုပညာရှင်တစ်ယောက် ဖြစ်ချင်တယ်။ 

ကိုယ်ရိုက်ကူးခဲ့ပြီးသမျှထဲက ကိုယ်နဲ့ တစ်သားတည်းဖြစ်ခဲ့တဲ့ ဇာတ်ကားနဲ့ ဇာတ်ရုပ်ဆိုရင်
သဘောကျခဲ့တဲ့ဇာတ်ကောင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် အေးမြတ်သူနဲ့ တစ်ထပ်တည်းကျတဲ့ ဇာတ်ကောင်ကတော့  ရှိမှာမဟုတ်ဘူး။ သူတို့က အေးမြတ်သူမှ မဟုတ်တာ။ 

ပရိသတ်တွေ ကိုယ့်နာမည်ကို ကြားလိုက်တာနဲ့ တွဲပြီးမြင်စေချင်တဲ့ ကိုယ့်ရဲ့ Image က
အေးမြတ်သူလို့ ပြောလိုက်တာနဲ့ ‘‘ြ မန်မာ ၀တ်စုံနဲ့ လှတယ်နော်၊ ခန္ဓာကိုယ်လဲ ပြောင်းလဲသွား တယ်၊ ပရဟိတကိုလဲ စိတ်ဝင်စားပြီး လုပ်လာတယ်’’ အဲ့ဒီလို image မြင်လာကြတယ်။ ပရိသတ် ရဲ့ မေတ္တာတွေကြောင့် ဒီထက်ပိုပြီး လေးနက်တဲ့ image မျိုးဖြစ်အောင် တည်ဆောက်ချင်ပါတယ်။  

အကယ်၍များ သရုပ်ဆောင် မင်းသမီးမဖြစ်ခဲ့ဘူးဆိုရင် ကိုယ်ဖြစ်ချင်ခဲ့တဲ့ အရာက 
မင်းသမီး မဖြစ်ခဲ့ဘူးဆိုရင်တော့ သေချာတယ် ခုချိန် အိမ်ထောင်ကျနေလောက်ပြီ။ အေးမြတ်သူက ဈေးရောင်းရတာ ၀ါသနာပါတယ်လေ။ ပလာဇာမှ အထည်ရောင်းတာပဲဖြစ်ဖြစ် ကိုယ်ပိုင်ဆိုင်ဖွင့်တာပဲဖြစ်ဖြစ် လုပ်နေလောက်ပြီ။

ဘ၀မှာ တစ်ကြိမ်တော့လုပ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဆန္ဒရှိထားပြီး မလုပ်ဖြစ်သေးတာက
လုပ်ချင်တဲ့ ဆန္ဒတွေအများကြီးပဲ။ အနည်းငယ်တော့ အကောင်အထည်ဖော်နိုင်ပါပြီ။ လတ်တလော ဆန္ဒလို့ပြောရင်တော့ အေးမြတ်သူအဖေ နဲ့ အမေကိုခေါ်၊ Europe ဘက်ကိုသွားပြီး ဈေး ၀ယ်ထွက်ချင်တယ်။ အကောင်အထည်တော့ မဖော်နိုင်သေးဘူးပေါ့။ တစ်နေ့နေ့ဖြစ်အောင် ကြိုးစားမယ်။ 

စုဆောင်းလေ့ရှိတက်တဲ့ ပစ္စည်းတွေဆိုရင် 
အေးမြတ်သူ ပစ္စည်းစုဆောင်းရတာ ၀ါသနာမပါဘူး။ တစ်ခုတော့ ၀ါသနာပါတယ် မိတ်ဆွေစစ် မိတ်ဆွေကောင်း စုတာတော့ ၀ါသနာပါတယ်။

စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တဲ့နည်းလမ်း 
စိတ်ဖိစီးမှုများရင် Gym ဆော့တယ်။ ခန္ဓာကိုယ်အရမ်းနွမ်းလာတဲ့ အချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်တယ်။ 

People နဲ့ ရိုက်ခဲ့တဲ့ ရိုက်ကွင်းတွေထဲကမှ အမှတ်တရရှိခဲ့တဲ့ အချိန် 
ပထမဆုံး People ကာဗာရိုက်တာပါပဲ။ Miss People ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူစွာနဲ့ ရိုက်ရတာ အမှတ်တရပါပဲ။ 

အနုပညာညီအစ်မ သုံးယောက်တူတူရိုက်ကူးရတဲ့ ခံစားချက် 
ဒီသုံးယောက်က လက်ရှိအသက်အရွယ်မှာ ခန္ဓာကိုယ်အထိန်းနိုင်ဆုံး သုံးယောက်၊ အလှအပ၊ သရုပ်ဆောင်၊ အောင်မြင်မှုတွေ ထိန်းသိမ်းထားနိုင်တဲ့ သုံးယောက်၊ တစ်ခေတ်တစ်ခါက ဆွဲဆောင်မှုရှိတယ်ဆြို​ပီး နာမည်ကြီးခဲ့တဲ့ ဒီသုံးယောက် ဆုံပြီးရိုက်ဖို့ဆိုတာ အရမ်းခဲယဉ်းတယ်၊ တခါမှလည်း ဆုံပြီး မရိုက်ဖူးဘူးဆိုတော့ အရမ်းကိုထူးခြား ပါတယ်။ ဒါကြောင့်လဲ People က ရွေးချယ်ခဲ့တယ်လို့ ထင်ပါတယ်။

People 14 နှစ်ပြည့်အတွက် အမှတ်တရစကား 
People မှာ ထူးခြားချက်က Elegant ဖြစ်တယ် သူက အရည်အသွေးဆိုတဲ့ ဂုဏ်ပုဒ် ကို အမြဲထိန်းသိမ်းထားနိုင်တဲ့အတွက် အေးမြတ်သူထင်ပါတယ်။ လူတွေ ခေတ်တွေ စနစ်တွေ ပြောင်း သွားလဲ မြန်မာပြည်ရဲ့ ခေတ်ကို ရှေ့ဆောင်လမ်းပြ
ပေးနေမယ့် မဂ္ဂဇင်းအဖြစ် ရပ်တည်နေမယ်လို့ ယုံကြည်နေပါတယ်။

Model - Aye Myat Thu 
H&M - Nyi Nyi Maung (San Chung)
Photo - Life Photography
Designer -  Designer Kaung Myat - Haute Couture
Decoration - Mommy Kyaw (Malaysia)
AVA Vintage Furniture and Collectibles