Primary tabs

15th Anniv & 5 Angels

၁၅ နှစ်ပြည့် People မဂ္ဂဇင်းအတွက် တောက်ပလှပနေတဲ့ အိန်ဂျယ်လ်လေးတွေကို ခမ်း နားထည်ဝါသော အသွင်အပြင်တင်ဆက်မှုများနဲ့ ဝင့်ထည်စွာ တင်ဆက်လိုက်ပါတယ်။

 

Eaindra Kyaw Zin
People မဂ္ဂဇင်းကို စသိပြီး အလုပ်စလုပ်ဖြစ်တာက ကာဗာရိုက်တာကနေ စသိခဲ့တာပါ။ အန်တီခင်စန်းဝင်းရဲ့ သတို့သမီးဝတ်စုံလေးကို ဝတ်ပြီး ကာဗာရိုက်ခဲ့တဲ့အချိန်မှာ စဆုံခွင့်ရခဲ့တာပါ။

People မှာ ရိုက်ဖြစ်ခဲ့တဲ့တာတွေအားလုံးကတော့ အမှတ်တရတွေချည်းပဲ ကိုယ်တိုင်လည်း သဘောကျတယ် ပရိသတ်တွေလည်း ကြိုက်ခဲ့တယ်ဆိုတော့လေ။ နောက်တစ်ခုအနေနဲ့ အမှတ်တရအရှိဆုံးကတော့ People ကလုပ်တဲ့ Miss People ပွဲတွေမှာ ဒိုင်လုပ်ဖြစ်ခဲ့တာတွေကတော့ အမှတ်တရပါ။ ပွဲစဉ်အစကနေအဆုံး အဆင့်ဆင့်ရွေးချယ်တဲ့ ပွဲတွေတွမှာ ဒိုင်လုပ်ဖြစ်ခဲ့ပြီး ရိုက်ကူးရေးတွေလည်းလုပ်ခဲ့တာ မှတ်မှတ်ရရ ရှိနေပါတယ်။ အူဝဲက အဲလိုလုပ်တာမျိုးကို အခြားဘယ်မှာ မှမလုပ်ခဲ့ပဲ  People နဲ့ပဲလက်တွဲပြီး လုပ်ဖြစ်ခဲ့ တာဆိုတော့ အမှတ်တရအဖြစ်ဆုံးလို့ ပြောရမှာပေါ့။

၁၅ နှစ်ပြည့်မှာ ကာဗာရိုက်ဖြစ်တော့ ပါဝင်တဲ့ ညီမတွေ အကုန်လုံးကညီအမတွေလို အလုပ်လုပ်တဲ့အခါမှာ တကယ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်တူကိုယ်တူ နဲ့  People ကာဗာအတွက် အကောင်းဆုံးပုံဖော်ပေးခဲ့ကြတာပါ။ အရမ်းလည်း ပျော်စရာကောင်းခဲ့ပါတယ်။ ဒီပုံလေးတွေကိုလည်း ပရိသတ်ကြိုက်မယ် စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ People ၁၅ နှစ်ပြည့်မှာ ထူးထူးခြားခြားလေးဖြစ်မယ်လို့လည်း ထင်ပါတယ်။

လောလောဆယ် အူဝဲ ပုပ္ပါးနဲ့ ပြင်ဦးလွင်မှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ပြီးပြန်လာတယ် အခု ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။

People ကတော့ အူဝဲနဲ့ မိသားစုလိုပဲ အလုပ်တွေလုပ်ခဲ့တယ်။ ရင်းရင်းနှီးနှီးနဲ့ မိသားစုလိုမျိုးပဲလို့ ပြောလို့ရပါတယ်။

၁၅ နှစ်တောင်ရှိခဲ့ပြီး ခိုင်ခိုင်မာမာနဲ့ ရပ်တည်လာခဲ့တယ် ဆက်ပြီးတော့လည်း ဒီထက် အောင်မြင်မှုတွေ ပိုရပြီး ပရိတ်သတ်တွေ အသည်းစွဲ မဂ္ဂဇင်းတစ်အုပ် စာပေပရိသတ်အတွက်လည်း လက်ကိုင်ထားရတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Moe Hay Ko
မိုးရဲ့ အနုပညာသက်တမ်းတောင် ၁ဝ နှစ်ကျော်ပြီဆိုတော့ People ကို မော်ဒယ်လောကထဲ မရောက်ခင် အပြင်စာဖတ်ပရိသတ်တစ်ဦး ကျောင်းသူဘဝကတည်းက သတိထားကြည့်ဖြစ်တဲ့ မဂ္ဂဇင်းတစ်ခုထဲမှာ အပါအဝင်ပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ကအနုပညာကို ဝါသနာပါတော့ Cover လှလှလေးတွေ ပုံလှလှလေးတွေ နာမည်ကြီး သရုပ်ဆောင်တွေရဲ့ ပုံတွေ သတင်းတွေကို ဖတ်ခဲ့ရတဲ့ ဘဝဆိုတော့လေ။

People နဲ့ အမှတ်တရတွေကတော့ မထင်မှတ်ပဲ မရည်ရွယ်ပါပဲနဲ့ကို တိုက်ဆိုင်စွာနဲ့ပဲ အထူးထုတ်တွေမှာပါဝင်ဖြစ်တာတော့ အမှတ်တရပါပဲ အခုလည်း ၁၅ နှစ်ပြည့်မှာ ရိုက်ဖြစ်သွားတာလည်း တိုက်ဆိုင်စွာနဲ့ အမှတ်တရ ဖြစ်သွားတာပဲလေ။

ကာဗာရိုက်ကြတာလည်း ပျော်စရာကောင်းတယ် ကောင်းမြတ်နဲ့က လက်တွဲပြီး အင်္ကျီတွေ ချုပ်လာတာကြာပြီ သူချုပ်တဲ့ ဝတ်စုံလေးတွေကို ဝတ်ပြီးတော့ ကိုယ်ချစ်ခင်နှစ်သက်ကြိုက်ရတဲ့ မအူဝဲတို့ အွန်ဆိုင်း၊ ဆိုင်းလူ၊ ခေးမားတို့နဲ့ ဒီလို စုပြီး ရိုက်ရတာပျော်တယ် ကြိုက်တယ်။

လောလောဆယ် လုပ်ဖြစ်နေတာက အလုပ်နဲ့ဆိုင်တဲ့ သင်တန်းတက်နေတယ် ၉ လပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ရှိတယ် ကျန်တာကတော့ မိုးက အနုပညာအလုပ်ကို အချိန်ပေးမှုက လျှော့လိုက်ပြီဆိုတော့ ကိုယ်တကယ် ရိုက်ချင်တဲ့ ကားရယ် ကိုယ်တစ်ကယ်လုပ်ချင်တဲ့ ရိုက်ကူးမှုတွေကျမှလုပ်တော့တယ်။ ဝါသနာလည်းပါတယ် ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေအတွက် တစ်ခါတလေရိုက်ပေးဖြစ်တယ်လေ။

People မဂ္ဂဇင်းက အောင်မြင်ပြီးသားစာအုပ်တစ်အုပ်ပါ။ အခုဆို ၁၅ နှစ်တောင်မြောက်ခဲ့ပြီပဲလေ People အဖွဲ့နဲ့ ဝိုင်းတော်သားတွေအားလုံး စည်လုံးညီညွတ်စွာ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးပါတယ်။

Awn Seng
နယ်မှာ အွန်ဆိုင်းစာအုပ်ဆိုင်ကိုသွားပြီး စာအုပ်ငှားပြီး ဖတ်ရတယ်ပေါ့နော်။ စာအုပ်ဆိုင်မှာ မဂ္ဂဇင်းစာအုပ်တွေ အများကြီးထဲမှာမှ ကိုယ့်ကို ဆွဲဆောင်နိုင်တဲ့ ကိုယ်ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်အဖြစ် စသိခဲ့တယ်။ အခု ၁၅ နှစ်ပြည့် အထူးထုတ်မှာ ကိုယ်အားကျခဲ့ရတဲ့ အနုပညာရှင်နဲ့အတူတူ သူငယ်ချင်းတွေနဲ့အတူတူ Cover Girl တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတာ အွန်ဆိုင်းအတွက် အမှတ်တရအကြီးကြီးပါပဲ။ ပျော်ဖို့လည်းကောင်းခဲ့တယ်။ စိတ်လှုပ်ရှားဖို့လည်း ကောင်းတယ်။ ဒီဇိုင်နာ ကောင်းမြတ်ရဲ့ ဝတ်စုံပြီးရင် Stylist မိတ်ကပ်က မေဦးပေါ့နော်။ အားလုံးက အကောင်းဆုံး ပရော်ဖက်ရှင်နယ်တွေနဲ့ဆိုတော့ တကယ်ကို အမှတ်တရဖြစ်ပါတယ်။
၁၅ နှစ်ပြည့်တောင်ရောက်ခဲ့ပြီဆိုတော့ မဂ္ဂဇင်းတစ်အုပ်အတွက် အရမ်းကို အံ့သြစရာကောင်းပါတယ်။ ၁၅ နှစ်ပြည့်ချိန်အထိ အောင်မြင်စွာ ရပ် တည်ခွင့်ရတယ်ဆိုတာ တကယ်ကို ဂုဏ်ယူစရာ ကောင်းပါတယ်။ People အဖွဲ့သားအားလုံးကို ပြောချင်တာကတော့ ဂုဏ်ယူပါတယ် Congratulation ပါလို့ ပြောချင်ပါတယ်။
M Seng Lu
People မဂ္ဂဇင်းကို စသိတာက ဆိုင်းလူ ငယ်ငယ်တုန်းတည်းက စာအုပ်ဆိုင်မှာ စာအုပ်တွေ သွားငှားဖတ်ကတည်းက သိခဲ့တာပါ။
 
အမှတ်တရအနေနဲ့ကတော့ အခု ၁၅ နှစ်ပြည့်အတွက် ရိုက်တဲ့ ကိုယ့်ထက်စီနီယာအစ်မတွေနဲ့ ကိုယ်လေးစားအားကျရတဲ့ အမတွေနဲ့ ရိုက်ဖြစ်ခဲ့ရတာကတော့ ဆိုင်းလူအတွက် အမှတ်တရပါပဲ။
People Magazine ၁၅ နှစ်ပြည့်ဒီကာဗာလေးကို ရိုက်ဖြစ်တာကတော့ ဒီဇိုင်နာ ကိုကောင်းမြတ်ရဲ့ဝတ်စုံလေးတွေနဲ့ ဆိုင်းလူတို့ရဲ့ လေးစားအားကျရတဲ့ စီနီယာအစ်မ မမိုး၊ မအူဝဲ ပြီးတော့ Awn Seng ရယ်၊ ခေမားရယ် ဆိုင်းလူရယ်ပေါ့နော် အားလုံး ၅ယောက်ပေါင်းပြီးတော့ အကုန်လုံးချစ်ချစ်ခင်ခင် ပျော်ပျော်ပါးပါးနဲ့ ရိုက်ကြရတာ အရမ်းပျော်ဖို့ကောင်းပါတယ်... အခုလို ဆိုင်းလူတို့ရဲ့ ဝတ်စုံလှလှလေးတွေကို အလှဆုံးချုပ်ပေးတဲ့ ဒီဇိုင်နာ ကိုကောင်းမြတ်၊ မိတ်ကပ်နဲ့ ဆံပင်ကို အလှဆုံးပြင်ပေးတဲ့ ဆိုင်းလူတို့ရဲ့ချစ်ရတဲ့ မိတ်ကပ်မေဦး၊ ဓါတ်ပုံကို စိတ်ရှည်လက်ရှည်နဲ့ အလှဆုံးဖြစ်အောင် ရိုက်ပေးတဲ့ ချစ်ရတဲ့ အောင်ကျော်ထွန်း၊ Stylish လုပ်ပေးတဲ့ Swam နဲ့ People Magazine က တာဝန်ရှိတဲ့သူအားလုံးကို ဆိုင်းလူက ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
အခုတလော အနုပညာလှုပ်ရှားမှုကတော့ commercial လေးတွေ ရိုက်ဖြစ်တယ်။ မဂ္ဂဇင်းတွေအတွက် ရိုက်ဖြစ်နေပါတယ်။
 
၁၅ နှစ်ပြည့်အတွက် ဆုတောင်းပေးချင်တာကတော့ နောင်နှစ်ပေါင်းဒီထက်မကများစွာပို၍ပို၍ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Nang Khae Mar
People ကိုစသိခဲ့တာက ခေမား model မလုပ်ခင်ထဲက စာအုပ်ဆိုင်မှာ စာအုပ်ငှားရင်းသိခဲ့တာပါ။ ပြီးတော့ ဒီအနုပညာစဝင်ပြီး people မှာ ဓာတ်ပုံရိုက်ခွင့်ရတဲ့အတွက်လည်း အရမ်းစိတ်လှုပ်ရှားတယ်... အရမ်းလဲပျော်ခဲ့ပါတယ်...
 
People Magazine အတွက် ရိုက်တိုင်းအမှတ်တရတွေတော့ အမြဲရှိပါတယ်... အခု ၁၅ နှစ်ပြည့်အတွက်မှာလည်း ကိုယ်ကြိုက်တဲ့ မင်းသမီးနှစ်ယောက်နဲ့ ကိုယ်ကြိုက်တဲ့ super Model နှစ်ယောက်နဲ့ ရိုက်ခွင့်ရလို့လည်း အမှတ်တရထဲက တစ်ခုပေါ့နော်... ပြီးတော့အကုန်လုံးက မောင်နှမတွေလိုပဲ ပျော်ပျော်ပါးပါးနဲ့ ရိုက်ခဲ့ကြတယ်ပေါ့နော်။ ကာဗာရိုက်ဖို့အတွက် ကိုကောင်းမြတ်က သူ့ဝတ်စုံ ဝတ်ပေးဖို့ခေါ်လို့ ရိုက်ခွင့်ရခဲ့ပါတယ်...အရမ်းဝမ်းသာပါတယ်... ကျေးဇူးလဲတင်ပါတယ်ရှင့်...
လောလောဆယ် အနုပညာလှုပ်ရှားမှုက ပုံမှန် show လျှောက်ဖြစ်တယ်။ Magazine ဓာတ်ပုံတွေ... ကြော်ငြာဓာတ်ပုံတွေရိုက်ဖြစ်ပါတယ်။
 
People ၁၅ နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာအောင်မြင်ကျော်ကြားပြီး တည်တံ့နိုင်ပါလို့  ဆုတောင်းပေးပါတယ်ရှင့်...
Aung Kyaw Tun
People မဂ္ဂဇင်းက ငယ်ငယ်တည်းက ဖတ်ရှုခဲ့တဲ့ မဂ္ဂဇင်းပါ။ ဓါတ်ပုံဆရာလုပ်တာ ၃ နှစ်အတွင်းမှာ ၂ နှစ်ပြည့်လောက်ကတည်းက စရိုက်ဖြစ်ခဲ့တယ်။ ကာဗာစရိုက်တာ အခု ၁၅ နှစ်ပြည့်မှာ ကာဗာရိုက်ရတာ ထူးထူးခြားခြားလည်းဖြစ်တယ်။ ပါဝင်တဲ့သူတွေကလည်း ထူးထူးခြားခြားဖြစ်လို့ ရိုက်ခဲ့ရတာ ကျွန်တော့်အတွက်လည်း ထူးထူးခြားခြားဖြစ်သလို ဝမ်းလည်းသာတယ်။ Peopel မဂ္ဂဇင်းလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Kaung Myat
ထူးထူးခြားအနေနဲ့ ဒီတစ်ခေါက် People ရဲ့ ၁၅ နှစ်ပြည့်အတွက် မင်းသမီးနှစ်ယောက်နဲ့ Super Model သုံးယောက်အတွက် ဝတ်စုံကို Theme နှစ်ခုကို ခွဲပြီးလုပ်ထားပေးတယ်။ ရွှေနဲ့ အနက်ဆို ရင် ဂရိကနတ်ဘုရားမတွေဆန်ဆန် ဖန်တီးပြီး ဝတ်စုံကာလာကိုလည်း Black & Gold လုပ်ထား ပါတယ်။ အဲဒီလိုနတ်ဘုရားမတွေက သူတို့ရဲ့ Summer မှာ ဥယျာဉ်ထဲမှာ အလည်သွားတဲ့အချိန် မှာ ချစ်စရာကောင်းတဲ့ ပုံစံ Peach အရောင်နုနု လေးတွေ အသားရောင်လေးတွေ ပန်းခရမ်းနုနု လေးတွေနဲ့ Theme ကို နှစ်ခုခွဲပြီး လုပ်ခဲ့တာပါ။ အနက်နဲ့ ရွှေဝတ်စုံက နတ်ဘုရားမတွေရဲ့ မာန်နဲ့ Power ရှိတာကို ပေါ်လွင်စေချင်လို့ အနက်နဲ့ ရွှေရောင်ကို သုံးထာပါ။ ဒီကာဗာ Theme တစ်ခုလုံးအတွက် သုံးထားတဲ့ Febric တွေ အကုန်လုံးကို French ကနေ ဝယ်ခဲ့တာပါ။ ချစ်စရာကောင်းတဲ့ ဝတ်စုံအတွက်ကတော့ ပိတ်စကို Layer များများ နဲ့ ချစ်စရာကောင်းတဲ့ ပုံပေါက်အောင် ပျော့ပျော့ပေါင်းပေါင်းနဲ့ Layer တွေ များများသုံးလို့ရတဲ့ ပိတ်စမျိုးကို အရောင်နုနုလေးတွေနဲ့ လုပ်ထားတာပါ။
 
People မဂ္ဂဇင်းနဲ့ မှတ်မှတ်ရရဆိုရင် ကျွန် တော်ဒီဇိုင်နာအနေနဲ့စလုပ်ပြီး ခြောက်လလောက် ရှိတဲ့ အချိန်မှာ မအေးမြတ်သူ ကျွန်တော်နဲ့ အင်္ကျီတွေချုပ်နေတဲ့အချိန် မအေးမြတ်သူက ကောင်း မြတ်ရေ အစ်မက People ကာဗာကို ချောင်းသာ မှာ သွားရိုက်မယ်။ ကမ်းခြေပုံစံဖန်တီးပေးပါလို့ ဆိုလို့မှတ်မှတ်ရရဝတ်စုံနဲ့ လိုက်မယ့်ဦးထုပ်ကြီးပါ ဖန်တီးပေးဖြစ်ခဲ့တာ မှတ်မှတ်ရရပါပဲ။
 
People ရဲ့ ၁၅ နှစ်ပြည့်မှာလည်း ကာဗာ အနေနဲ့ပါဝင်တဲ့အတွက် ကျေနပ်တယ်။ People ကလည်း ဒီထက်ပိုအောင်မြင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ။
Sweani Dean
၁၅ နှစ်ပြည့် ကာဗာအတွက် ဝတ်စုံတွေ ဖန် တီးပေးတဲ့ ကိုကောင်းမြတ်နဲ့က အရင်တည်းက အလုပ်တွေတွဲလုပ်နေကျပါတဲ့ မင်းသမီးနှစ်ယောက် ရာ မော်ဒယ်လ် ၃ ယောက်ရောက အရင်ကတည်းက ကြိုက်ခဲ့ရသူတွေတေလ။ အဲလို လူတွေအများ ကြီးနဲ့ ရိုက်တဲ့အခါကျတော့ တာဝန်က အရမ်းကြီးတာပေါ့လေ။ ငါးယောက်လုံးအတွက် ညီတဲ့ ပို့စ်တစ်ခုနဲ့ ပုံကောင်းတစ်ခုက ထွက်တာလေ။ အဲဒီအတွက် မရိုက်ခင်ကတည်းက အရမ်းစိုးရိမ်တာ အကုန်လုံးက မျှော်လင့်ထားတယ်။ ဒီလို ငါးယောက်ဆုံဖို့ကလည်း မလွယ်ဘူးလေ။ ကိုကောင်းမြတ်က လည်း ဝတ်စုံတွေကို အကောင်းဆုံးလုပ်ထားတာဆိုတော့ မရိုက်ခင်ကတည်းက နေရာတွေသွားကြည့် ဓါတ်ပုံအောင်ကျော်ထွန်းနဲ့လည်း သေချာတိုင်ပင်ပြီးတော့မှ ဘာလုပ်မယ်ဆိုတာကို ကြိုတင် ပြင်ဆင်ခဲ့ပါတယ်။
 
ကျွန်တော်က ငယ်ငယ်လေးကတည်းက People ရဲ့ ပရိသတ်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ People နဲ့ လက်တွဲပြီး အလုပ်လုပ်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ ကျွန်တော်တို့လိုမျိုးဆက်သစ် လူငယ်တွေဟာ ကျွန်တော်တို့လိုပဲ People ကို ဖတ်ရှုပြီး ဖက်ရှင်လမ်းကြောင်းပေါ်ကို ရောက်ရှိဖို့အတွက် အထောက်အကူဖြစ်တဲ့ မဂ္ဂဇင်းဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
May Oo
Super တွေချည်းပဲ ရိုက်ခဲ့ကြတဲ့ ကာဗာဆို တော့ Makeup ပုံစံကိုတော့ Trend တစ်ခုတည်း မှာဘဲ Fresh ဖြစ်ပြီးတော့ ငယ်နေတဲ့ ပုံစံမျိုးလေး အကုန်လုံး လန်းလန်းဆန်းဆန်းနဲ့ သူငယ်ချင်းတွေ စုပြီးတော့ Photo Shoot လုပ်ကြတဲ့ ပုံစံမျိုးလေး လုပ်ပေးထားတာပါ။ အဓိကက မေဦးတို့ Group လိုက်ရိုက်တဲ့အခါမှာ သတိအရမ်းထားရတယ်ပေါ့ နော်။ ဆံပင်တွေကို တစ်ယောက်နဲ့တစ်ယောက် မတူအောင် အရမ်းကြီး လုပ်လိုက်တဲ့အခါမျိုးမှာ Theme မပေါ်တော့တာမျိုး ဖြစ်တတ်တယ်ပေါ့နော်။ အဲဒါကြောင့် Theme တစ်မျိုးတည်းမှာပဲ နည်းနည်းစီးကွဲပြားသွားအောင် ပုံစံတစ်မျိုးတည်းမှာပဲ လုပ်ထားတာပါ။ ကိုကောင်းမြတ်ရဲ့ ဝတ်စုံတွေကလည်း Classic ဆန်တာမျိုးဖြစ်တော့ မေဦးလည်း Classic ဆန်ဆန်လေးပဲ ပြင်ပေးဖြစ်ပါတယ်။
 
People နဲ့ အမှတ်တရဆုံး အမှတ်တရဆို ရင်တော့ ဟိုတုန်းက Strand ဟိုတယ်မှာ လုပ်ခဲ့ တဲ့ Miss People ပွဲတွေက အမှတ်တရရှိတယ်။ Miss တစ်ယောက်ကို မိတ်ကပ်ဆရာတစ်ယောက် နဲ့ပြင်ပြီး လုပ်ကြတာ အရမ်းပျော်စရာကောင်း တယ်။ ဒီနေ့ခေတ်လို မဟုတ်ဘဲ မိတ်ကပ်ဆရာတွေ ရော ဝတ်စုံဒီဇိုင်နာတွေရော ပြိုင်ကြတာ အရမ်း ကြည့်လို့ကောင်းပြီး အရမ်းပျော်စရာကောင်းတယ်။ အဲတုန်းက မေဦးတို့က အကူအနေနဲ့ပဲ လိုက်
ခဲ့ရတဲ့အချိန်ပေါ့လေ။ နောက်ပိုင်း မဂ္ဂဇင်းရဲ့ စ မျက်နှာတွေအတွက်၊ ကာဗာတွေအတွက် လိမ်းခွင့်ရတာတော့ အရမ်းလည်းဝမ်းသာမိပါတယ်။ ဂုဏ်လည်း ယူပါတယ်။
ငယ်ငယ်ကတည်းက မဂ္ဂဇင်းရဲ့ စာမျက်နှာတွေ၊ ကာဗာတွေမှာ လိမ်းပေးချင်းခဲ့တာ မေဦးရဲ့ အိပ်မက်ပါ။ အခုလို လိမ်းခွင့်ရခဲ့တယ်။ People နဲ့တွဲပြီး အလုပ်တွေလုပ်လာခဲ့ရတဲ့အတွက် အရမ်းဝမ်းသာဂုဏ်ယူရပါတယ်။ People မဂ္ဂဇင်း ၁၅ နှစ်ပြည့်ကနေ နောင်နှစ်များစွာတိုင် အများကြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
 
Eaindra Kyaw Zin ၊ Moe Hay Ko ၊ Awn Seng ၊ Nang Khae Mar ၊ M Seng Lu
Makuep & Hair - May Oo
Photo & Retouch - Aung Kyaw Tun
Desinger - Kaung Myat
Stylist - Swannie Dean
Venue - The Strand Hotel