Primary tabs

အချစ်နဲ့ ဖေဖော်ဝါရီ

People ရဲ့ ဖေဖော်ဝါရီလအတွက် Cover ကို စိတ်ကူးပုံဖော်တဲ့အခါမှာ ဖေဖော်ဝါရီလလေး ဖြစ်တဲ့အတွက်ကြောင့် Cover ရှင်ကို စုံတွဲရိုက်ကူး ဖြစ်ဖို့အတွက် စိတ်ကူးခဲ့ကြပါတယ်။ People Magazine ပရိသတ်ရဲ့ တောင်းဆိုမှုနဲ့အတူ သရုပ်
ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ကို Cover Model အနေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ရဲ့ပရိသတ်အတွက် အပြန်အလှန် မေးပေးထားတဲ့ ရိုက်ကွင်းပေါ်က မေးခွန်းလေးတွေကိုလည်း  ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ချစ်စရာကောင်းတဲ့ ဖေဖော်ဝါရီလလေးမှာ သူတို့နှစ်ယောက်က ဘယ်လိုချစ်စရာကောင်းတဲ့ မေးခွန်းလေးတွေကို အပြန်အလှန်မေးပြီး ပရိသတ်အတွက် ဘယ်လို ဖြေပေးထားလဲဆိုတာ ကြည့်လိုက်ဦးနော်...

ဒီနေ့ဝတ်စုံတွေထဲက အကြိုက်ဆုံး ဝတ်စုံ
ဟိန်းဝေယံ - ဝတ်စုံလေးတွေ အကုန်လုံးကို သဘောကျပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ပထမဦးဆုံးရိုက်တဲ့ Lavender ရောင်၊ ကျွန်တော်က အဖြူရောင်လေးနဲ့ ဝတ်စုံလေးပါ။
စိုးပြည့်သဇင် - စိုးပြည့်က နောက်ဆုံးဝတ်ထားတဲ့ အဖြူနဲ့ အနက် ဝတ်စုံလေးကို သဘောကျတယ်။

Valentine’s Day နဲ့ ပတ်သက်တဲ့ အမှတ်တရ
ဟိန်းဝေယံ- များသောအားဖြင့်က ရှူတင်နဲ့ပဲ ဖြတ်သန်းဖြစ်တာ များတယ်။ ဟိုးအရင်ငယ်ငယ်တုန်းကတော့ Valentine’s Day ဆိုရင် ကောင်မလေးနဲ့ အပြင်သွားဖူးတယ်။ ပရိသတ်တွေ၊ သူငယ်ချင်းတွေက ချောကလက် အမှတ်တရပေးတာ 
မျိုးတွေ ရှိတယ်။ ပြီးတော့ ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေကို ချောကလက် အမှတ်တရ ပေးတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း တော်တော်များများကတော့ ရှူတင်ရိုက်ရင်းနဲ့ပဲ ရှူတင်မှာ ဖြတ်သန်းဖြစ်တာ များပါတယ်။
စိုးပြည့်သဇင် - စိုးပြည့်က နှစ်တိုင်း Valentine’s Day ဆိုရင် စိုးပြည့်ရဲ့ We Love Fan တွေ အိမ်လာတယ်။ ချောကလက်တွေ အများကြီး စားရတယ်။ ပြီးတော့ ရှူတင်မှာ ဖြတ်သန်းဖြစ်တယ်။ ရှူတင်မှာဆိုရင်လည်း အကုန်လုံးကို ချောကလက်တွေ လိုက်ကျွေးတယ်။ 

လာမယ့် Valentine’s Day မှာရော ဘယ်လို ဖြတ်သန်းမလဲ
ဟိန်းဝေယံ - ကားရိုက်နေရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မယ်ထင်တယ်။ ဒီရက်တွေမှာ ရှူတင်ကတော့ ရှိဖို့များတော့ ကားရိုက်နဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။
စိုးပြည့်သဇင် - မနှစ်ကလိုပဲ Fan တွေ အိမ်လာမယ်လို့ ပြောတယ်။ ဒါပေမဲ့ Show ကို ရောက်ချင်လည်း ရောက်နေမယ်။ သူတို့က Show ပွဲနဲ့ တိုက်နေမယ် ဆိုရင်တော့ စောစောလာမယ်လို့ ပြောတယ်။

အချစ်ဆိုတာ
ဟိန်းဝေယံ - ၅၂၈ ကတော့ ပိုပြီးတော့ အေးချမ်းတယ်၊ နွေးထွေးတယ်လို့ ထင်ပါတယ်။ ၁၅ဝဝ အချစ်ကလည်း တစ်ခါတလေမှာ ပူလောင်တာရှိသလို၊ တစ်ခါတလေမှာ အေးချမ်းတာမျိုးလည်း ရှိပါတယ်။ မတည်ငြိမ်တဲ့ သဘောမျိုးပေါ့။ အချစ်
ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရင် ကောင်းတာပါပဲ။ 
စိုးပြည့်သဇင် - အချစ်မှာ ၅၂၈ နဲ့ ၁၅ဝဝ ဆိုပြီးတော့ နှစ်မျိုးရှိတယ်။ ၅၂၈ က လူတိုင်းမှာလည်း ရှိတယ်၊ အေးချမ်းတယ်လို့လည်း ခံစားရတယ်။ ဒါပေမဲ့လည်း ၁၅ဝဝ မှာလည်း အေးအေးချမ်းချမ်း ရှိတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုနည်းနဲ့မဆို ချစ်တယ်ဆိုတာလည်း ကောင်းပါတယ်။ မုန်းနေတာထက်စာရင်၊ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာထက်စာရင် လူတွေအကုန်လုံး ချစ်နေကြတာက ပိုပြီးတော့ ပျော်စရာကောင်းပါတယ်။

လက်ရှိအချစ်ရေး
ဟိန်းဝေယံ - အခုအချိန်မှာ တစ်ယောက်တည်းပါပဲ။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး ဘာမှပြောစရာမရှိပါဘူး။
စိုးပြည့်သဇင် - စိုးပြည့်က ပွင့်ပွင့်လင်းလင်းပါပဲ။ အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်ကတည်းက အခုအချိန်အထိ စိုးပြည့် အချစ်ရေးကို ညာလည်း မညာခဲ့ပါဘူး။ အခုချိန်အထိ စိုးပြည့် Single ပါပဲ။ စိုးပြည့်အေးအေးဆေးဆေး တစ်ယောက်
တည်းပါပဲ။ စိုးပြည့်ချစ်တဲ့ အနုပညာအလုပ်တွေကို ဆက်ပြီး လုပ်နေဆဲပါပဲ။

ပရိသတ်အတွက်နှုတ်ဆက်စကား
ဟိန်းဝေယံ - People အတွက် ဖက်ရှင်နဲ့ အနုပညာကို ဖော်ပြခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ပရိသတ်တွေလည်း ဒီထက်ပိုပြီးတော့ အစစအရာရာ အဆင်ပြေချောမွေ့ပြီး ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေ။
စိုးပြည့်သဇင် - ပရိသတ်ကြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

Photo - Aung Zaw(Love Space)
Retouch - Nyi Nyi Hla Baw(Love Space)
Model - Hein Wai Yan၊ Soe Pyae Thazin
Makeup & Hair - December Hnin
Designer - Mya Pwint Phyu