Primary tabs

ရိုးရှင်းသောသူမနှင့် ခမ်းနားသောဖက်ရှင်

အမြင်စတိုင်(လ်)မှာကို ရိုးရှင်းတယ်

အပြောအဆိုရှင်းတယ်

ဟန်ဆောင်မှုကင်းတဲ့ အပြုံးနဲ့ ရှင်းသန့်တဲ့ မျက်ဝန်းတွေပိုင်တယ်

ဒီလိုသူမကို ခမ်းနားသောဖက်ရှင်အပြင် အဆင်နဲ့ Estee Lauder ရဲ့ မိတ်ကပ်အစွမ်း၊ Bobby Wang ရဲ့ ကျွမ်း ကျင်သော ပြင်ဆင်ခြယ်သမှုတွေကို ပေါင်းစပ်ဖန်တီးလိုက်တဲ့အခါ...

Model - Nang Kae Mar

Makeup - Estee Lauder

Dress - Mogoke Pauk Pauk

Photo - Jason (Sease Photography)

နန်းခေးမား

ရှမ်းရာဇ၀င်ပုံပြင်ထဲက နတ်သမီး (၇)ပါး ထဲက တစ်ပါးရဲ့အမည်အမှန်ကတော့ “နန်းခေမာ”၊ သူမကို အများက ခေါ်ကြရင်းနဲ့ “နန်းခေးမား” ဖြစ်လာသတဲ့။ ရိုးရှင်းတဲ့ Style နဲ့ပဲ သာမာန်အချိန်တွေမှာ နေလေ့ရှိပြီး စကားနည်းတဲ့သူမ။ ဂျင်းပန်တွေက အကြိုက်ဆုံးသူမရဲ့ဖက်ရှင်။ ဆံပင်တွေစုစည်းချည်နှောင်ထားပြီး ဆံနွယ်ရှည်ရှည်တွေကလည်း သူမရဲ့ ပြရုပ်။

Model နန်းခေးမား

မဂ္ဂဇင်းတွေဖတ်၊ Fashion TV တွေကြည့်ရင်းက မော်ဒယ်လ်ဆိုတာကို ရူးသွပ်လာလိုက်တာ နိုင်ငံခြားကျောင်း သွားတက်ဖို့ ရန်ကုန်လာ သင်တန်းတက်ရာက မော်ဒယ်လ်ခရီးလမ်းစတင်ဖို့ အခွင့်ကြုံခဲ့ရသူ သူမ။ ပထမဆုံးခြေလှမ်းက Miss ရွေးချယ်ပွဲမှာ ၀င်ရောက်အရွေးခံခြင်းပါ။ ၂၀၀၆ မှာ Miss Christmas ရခဲ့ပြီးနောက်ပိုင်းကစလို့ သူမရဲ့ မော်ဒယ်လ် ခရီးလမ်းက စတင်လာခဲ့ပြီး  အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့တဲ့ အနုပညာခရီးလမ်းဆိုတာ သူမအတွက် ချစ်မြတ်နိုး သော အရာတစ်ခုအဖြစ် သူမရဲ့ဘ၀အစိတ်အပိုင်းများကို လွှမ်းမိုးထားနိုင်သောအရာ။ Photo Model အဖြစ် လျှောက်လှမ်း လိုသော သူမရဲ့အနုပညာ ခရီးလည်းဖြစ်သည်။

အိန်ဂျယ်တစ်ဖြစ်လဲ သူမ

“အိန်ဂျယ်လက်တစ်ကမ်း”ဆိုတဲ့ ဇာတ်ကားရိုက်ကူးဖို့ အိန်ဂျယ်ရွေးချယ်တော့ သူမအရွေးချယ်ခံခဲ့ရပြီး စကား ပြောစရာမလိုတဲ့ မိုးပေါ်ကကျလာတဲ့ နတ်သမီးအဖြစ်လည်း သရုပ်ဆောင်ထားခဲ့ပါသတဲ့။ မျက်လုံးအမူအရာနဲ့ သရုပ် ဆောင် ရချက်တွေက သူမအတွက်ကြိုးစားခဲ့ရတဲ့ ရင်ခုန်ဖွယ်အတွေ့အကြုံအသစ်လည်း ဖြစ်ခဲ့ရပြန်ပါသတဲ့။

Beauty, Fashion နဲ့ သူမ

အလှအပကိုတော့ အရမ်းအကြိုက်ကြီး မဟုတ်ပေမယ့် အသားအရေကိုတော့ ပုံမှန်ဂရုစိုက် ထိန်းသိမ်းပါတယ်တဲ့။ အသားအရေက ၀က်ခြံထွက်လွယ်သူဖြစ်လို့ အစားအသောက်ကအစ ဂရုစိုက်စားတဲ့သူမပါ။ ဆံပင်ကိုနှစ်ရက်တစ်ခါလျှော် တာပေါင်းတာ၊ foot message လုပ်တာတွေက သူမကြိုက်တဲ့ လုပ်ဖြစ်တဲ့အရာတွေပါတဲ့။ နေကာမျက်မှန်တပ်မယ်၊ အင်္ကျီခပ်ဖျော့ဖျော့ လေးဝတ်ထားမယ်၊ ဂျင်းပန်အရောင်ဖျော့ဖျော့လေးဝတ်ရမယ်ဆိုရင် သူမအတွက်ပြည့်စုံတဲ့ ဖက်ရှင် ဖြစ်ပါပြီတဲ့။

                                 

Nang Kae Mar & Cover Shoot

နိုင်ငံခြားသား မိတ်ကပ်ပညာရှင်နဲ့ လိမ်းရတာဆိုတော့ ဒီမှာလိမ်းတဲ့ပုံစံတော့ မတူကြဘူး။ အောက်ခံ Foundation ကိုလိမ်းတာ အချိန်ယူပြီးလိမ်းတယ်။ ပေါင်ဒါကို နည်းနည်းပဲလိမ်းတယ်။ မျက်တောင်တုမသုံးဘူး။ အရောင် လေးတွေကို ရောစပ်ခြယ်တယ်။ အဓိကကတော့ Clean ဖြစ်တဲ့ ပုံစံမျိုးလိမ်းတယ်။ မိတ်ကပ်လိမ်း ပြီးတော့ Secrum ထပ်လိမ်းတယ်။ ထူးခြားမှုဘဲ။ ဖက်ရှင်ကလည်း မိတ်ကပ်နဲ့လိုက်တဲ့ စတိုင်(လ်)ပဲဆိုတော့ Perfect ပဲ။