မော်ဒယ်လ် - စံရတီမိုးမြင့်
ဆံပင်၊ မိတ်ကပ် - မေဦး
ဒီဇိုင်နာ - ယုံယုံး
ဓာတ်ပုံ ဆရာ - Jason (SENSE PHOTOGRAPHY)
ကွဲပြားထူးခြားတဲ့ ၀တ်စုံလေးတွေနဲ့ ဒီလကာဗာရိုက်ကူးရတဲ့အပေါ် ခံစားချက်
- ဒစ်စနေး Disney ဇာတ်ကားလေးတွေထဲကအတိုင်းဝတ်ပြီး ကာဗာရိုက်ရတော့ သဘောအရမ်းကျတယ်။ မှန်ထဲမှာကြည့်လိုက်တိုင်း ကိုယ်ကဇာတ်ကားထဲကလိုပဲ ဖြစ်နေတယ်။ ရုပ်ရှင်ထဲက အတိုင်းခံစားရတယ်။
မင်းသမီးနဲ့ တန်ခိုးရှင်၊ စွမ်းအားရှင်တွေ ယှဉ်ပြိုင်ရတဲ့ ဇာတ်ကားမျိုးဆို ဘယ်သူ့ကို ပိုသဘောကျမိလဲ
- ဇာတ်လမ်းပေါ်မူတည်ပြီး သဘောကျတယ်။ အခုထွက်ထားတဲ့ အိန်ဂျယ်လီနာ ဂျိုလီပါတဲ့ Maleficent ဇာတ်ကားဆိုရင် ဂျိုလီက စွမ်းအားရှိတဲ့ မှော်ဆရာမလိုပေါ့၊ ခပ်ဆိုးဆိုးလေး ဖြစ်ပေမယ့်လည်း ကြိုက်တယ်။ စနိုးဝှိုက်ကားဆိုရင်တော့ မင်းသမီးလေးကိုကြိုက်တယ်။
ဝယ်ပြီးစုဆောင်းမိတဲ့ ဇာတ်ကားတွေဆိုရင်
- Disney ဇာတ်ကားအများစုပါပဲ။ လူသတ်ကား သရဲကားဆိုမကြည့်ဘူး၊ ညီမကကြောက်တတ်တော့လေ။ ကာတွန်းကားတွေပဲ ကြည့်ဖြစ်တယ်။
ဟောလိဝုဒ်မင်းသား၊ မင်းသမီးတွေထဲက အကြိုက်ဆုံးဖြစ်ခဲ့တဲ့ ကြိုက်နေဆဲသူတွေရှိပါလား
- လီယိုနာဒိုပေါ့၊ တိုက်တန်းနစ်ကားကို ငယ်ငယ်လေးကတည်းကကြည့်ပြီး ကြိုက်ခဲ့ရတာ။ အခုထိလည်း သူ့ဇာတ်ကားတွေဆို သဘောကျတယ်။ နောက်တစ်ယောက်က ဘရတ်ပစ်၊ ပြီးတော့ ဂျွန်နီဒက်ပ်။ သူကျတော့ ဇာတ်လေးတွေက ကွဲပြား
တယ်၊ သရုပ်ဆောင်ရင်လည်း သေသေချာချာ လုပ်တယ် အပီအပြင်သရုပ်ဆောင်တော့ အရမ်းသဘောကျတယ်။ မင်းသမီးထဲမှာဆိုရင် ဂျိုလီနဲ့ မီလာကူးနစ်။
လက်ရှိမှာ ရိုက်ကြည့်ချင်တဲ့ ကာရိုက်တာ
- မျက်မမြင်တစ်ယောက်လို သရုပ်ဆောင်ချင်ပါတယ်။ ဟိုးတလောက မျက်မမြင်သင်တန်းကျောင်းကိုရောက်ပြီး လေ့လာခဲ့တာလေးတွေရှိ တော့ ပရိသတ်ကြီးကို သရုပ်ဆောင်ပြချင်တဲ့စိတ်
တွေဖြစ်နေတာ။ တခြားကာရိုက်တာတွေလည်း ကျန်ပါသေးတယ်။
မြန်မာနိုင်ငံ အပြင်ဘက်ထွက်ပြီး ရိုက်ကူးရေးလုပ်ချင်တဲ့ နိုင်ငံဆိုရင်
- အီတလီ နဲ့ မောဒိုက်စ်ကျွန်းပေါ့။ အရမ်းလည်းလှတယ်လေ။ အရမ်းသွားချင်တာ။ ဒီဇင်ဘာအကယ်ဒမီပေးပွဲပြီးရင်တော့ မောဒိုက်စ်ကျွန်းကိုသွားဖို့ အစီအစဉ်ရှိပါတယ်။
အခုချိန်မှာဖြစ်ပေါ်နေတဲ့ ခံစားချက်ကို ပြောပြပါဆိုရင်
- စိတ်အတက်အကျ အရမ်းမြန်နေတယ်။ စိတ်ဆိုးရင်လည်းမြန်တယ်။ စိတ်ဆိုးပြေဖို့လည်း မြန်နေတယ်။ အဲ့လိုဖြစ်နေတယ်။
နိုဝင်ဘာလမှာ ဘာအစီအစဉ်တွေရှိပါသလဲ
- အထူးအတွေတော့ မရှိပါဘူး။ ညီမ ပုံမှန်အတိုင်း ကားရိုက်တွေရှိတယ်။ ပြက္ခဒိန်တွေရိုက်မယ်။
ပရိသတ်အတွက် စကားသံ
- ညီမအကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်ပါတယ်၊ ပရိသတ်အတွက် အမြဲရှိနေပါတယ်။
Beauty and the Beast (French: La belle et la bete)
မင်းသားရဲ့ကြင်ယာတော်အဖြစ် မင်းသမီး Belle အဖြစ် Lea Seydoux မှ သရုပ်ဆောင်ထားတယ်၊ ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့နှစ်တွေကလည်း ထပ်တလဲလဲ ရိုက်ကူးခဲ့ကြတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ပါးစပ်ရာဇ၀င်ပြောချင်းနဲ့ စိတ်
ဝင်စားစရာ ပုံပြင်ကောင်းတစ်ပုဒ် အိပ်ရာဝင်ဇာတ်လမ်းကောင်း တစ်ပုဒ်အဖြစ် လူတိုင်းသိခဲ့ကြလို့ပါ။ အချစ်ဖန်စီ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပြီး ကျိန်စာသင့်ခြင်္သေ့တစ်ပိုင်း လူတစ်ပိုင်းဘုရင်ကြီးနဲ့ ဆုံဆည်းခဲ့ရတဲ့ မင်းသမီးလေးတစ်ဦး အကြောင်းပါ။
The Chronicles of NARNIA
Narnia ထူးဆန်းအံ့သြဖွယ် ဇာတ်လမ်းတွဲများစွာက လူတိုင်းနှစ်သက်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်ကောင်တွေရဲ့ အ၀တ်အစားcostume တွေကလည်း ခပ်လန်းလန်းတွေ ဖြစ်တာကြောင့်ပါ။ ဒီကားတွေထဲက White Witch လို့တင်စားကြတဲ့ ဘုရင်မ နာနီးယားအဖြစ် မင်းသမီး Jadis က သရုပ်ဆောင်ထားပါတယ်။ ခြင်္သေ့ကြီးအဖြစ်၊ ရေခဲများအဖြစ် ပြောင်းလဲဖန်တီးနိုင်ပြီး နှစ်ပေါင်းများစွာ ဆောင်းရာသီဖြစ်စေတဲ့ ပါဝါရှိတဲ့သူပါ။
Snow White & the Huntsman
Evil Queen Ravenna အဖြစ် Charlize Theron မှသရုပ်ဆောင်ထားပြီး နာမည်ကျော် စနိုးဝှိုက်ပုံပြင်ကိုပဲ တဖန်ပြန်လည် ဆန်းသစ်ထားတာပါ။ ချောမောလှပတဲ့ မင်းသမီးက ဒီကားမှာတော့ စနိုးဝှိုက်မိထွေးအဖြစ် ခပ်မိုက်မိုက် သရုပ်
ဆောင်ထားပြီး၊ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ အလှ၊ ဖန်တီးထားတဲ့ဝတ်စုံများကြောင့် ဇာတ်ကားတစ်ခုလုံးဟာ အသက်ဝင်ရုပ်လုံးကြွနေပါတော့တယ်။
MIRROR MIRROR
Snow White ကားပုံစံကိုပဲ နာမည်ပြောင်းလဲကာ အသစ်ထွက်ရှိခဲ့တဲ့ လူငယ်လူကြီးကြိုက် အချစ်ဇာတ်ကားလေး တစ်ကားပါ။ ချောမောလှပတဲ့ စနိုးဝှိုက်မင်းသမီးလေးမဖြစ်ခင် အုပ်ထိန်းရသူ Queen Clementianna ဘုရင်မကြီးအဖြစ် မင်း
သမီးကြီး Julia Roberts က သရုပ်ဆောင်ထားပါတယ်။ တစ်ကမ္ဘာလုံးမှာ အချောဆုံးဖြစ်ချင်တဲ့ သူမရဲ့ စိတ်ဆန္ဒတွေပြည့်ဝဖို့ စနိုးဝှိုက်ကို ရှင်းထုတ်တဲ့ ဇာတ်လမ်းပါ။