Primary tabs

အချစ်ထက်ပိုသော… မိုးဟေကို

Moe Hay Ko
Photo - Jason
Makeup & Hair - May Oo
Designer - Ma Pont (My Favourite)
Lace & Leather - The Lace
Venue - Home Galaxy

    ရင်ခုန်သံလေးတွေ ပိုပြီးလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတတ်တဲ့ ဒီကာလလေးမှာ ဆန့်ကျင်ဘက်အသွင်သဏ္ဍာန်ဖြစ်တဲ့ ငြိမ်သက်ရင့်ကျက်ခြင်းကို ဖော်ဆောင်ဖြစ်ခဲ့ပါတယ်။
    ဒီအတွက် သရုပ်ဆောင်မိုးဟေကိုရဲ့  တည်ငြိမ်တောက်ပတဲ့ အလှ၊ သိမ်မွေ့သော အပြုံး၊ ပဟေဠိဆန်သော မျက်လုံးတို့နဲ့အတူ ၀ိုင်းဝန်းကြိုးစားအားထုတ်ပေးကြတဲ့ သူတွေက…

The Lace… အဆိုတော် Rဇာနည်ရဲ့ ဇနီးဖြစ်တဲ့ ၀မ်းက သူ့ဆိုင်က ပိတ်စတွေကို People Cover အတွက်  စိတ်ကြိုက်ယူဖို့ပေးတော့ The Lace က အမိုက်စား leather နဲ့ ဇာတွေ အကုန်လုံးကို စိတ်
ကြိုက်အတွေ့လွန်ပြီး အကုန်ရွေးချင်နေပေမဲ့ ဇာနဲ့ leather တွဲစပ်ဖို့ စိတ်ကူးလေးရလိုက်တော့…

ဒီဇိုင်နာမပုံ့… People ကို အမြဲတမ်းကူညီပေးနေကျ ဖက်ရှင်ဒီဇိုင်နာတွေထဲက တစ်ဦးဖြစ်တဲ့ မပုံ့ရဲ့လက်ရာဆန်းသစ်ဖန်တီးမှုနဲ့ ၀တ်စုံလေးစုံထွက် ပေါ်လာတဲ့အခါ…

Home Galaxy… Junction square ဧရိယာထဲက ဂန္ထ၀င်ဆန်ဆန် ပရိဘောဂတွေကတစ်လွှာ၊ မော်ဒန်ပရိဘောဂတွေက တစ်လွှာ၊ မီးပန်းဆိုင်းတွေက တစ်လွှာ တိုက်အလွှာသုံးလွှာမကရှိပြီး ခန့်ညားလှပတဲ့ ပရိဘောဂတွေနဲ့ Home Galaxy Furniture ဆိုင်ကို အလိုက်ဖက်ဆုံး ရိုက်ကွင်းနေ ရာအဖြစ် Venue အကူအညီရရှိခဲ့ပြီး…

မိတ်ကပ်မေဦး… မေဦးရဲ့ လက်စွမ်းနဲ့ အလှပဆုံးသော မိတ်ကပ်ဆံပင်ခြယ်မှုန်းမှုတွေကို ထပ်ဆင့်ပံ့ပိုးပြီးသကာလ…

ဓာတ်ပုံ Jason… လူငယ်ဓာတ်ပုံဆရာလေး Jason ရဲ့ ဈာန်ဝင်စားမှု ရိုက်ချက်တွေနဲ့အတူ…

    ရွှေမင်းသမီးရဲ့ ရင်တွင်းက အကဲခတ်ဖို့ခက်လှတဲ့ ခံစားချက်လေးတချို့ကို ပုံလွှာလေးတွေအဖြစ် သရုပ်ဖော် ရေးဆွဲကြည့်ခဲ့မိတယ်။

လတ်တလော ရင်ထဲမှာရှိနေတဲ့ ခံစားချက်
    အပူအပင်ကင်းပြီး စိတ်ကူးလေးငြိမ်းချမ်းနေချိန်။

ကိုယ့်စိတ်ကိုအခံစားရစေဆုံးသောအရာ
    မိဘမေတ္တာတရားပါ။

ကိုယ့်စိတ်ကို အထိခိုက်စေဆုံးသောအရာ
    နားလည်မှုတွေ လွဲတဲ့အခါ။ လိမ်လည်ခြင်း။

နားလည်ခံယူထားတဲ့အချစ်ဆိုတာ
    အချစ်ဆိုတာ အချစ်ထက်ပိုတဲ့ နားလည်မှုနဲ့ သံယောဇဉ်ရှိမှုကို အခြေခံတည်ဆောက်ရတယ်လို့ မိုးခံယူထားပါတယ်။

ငယ်ငယ်တုန်းကအချစ်
    မရှိခဲ့ပါဘူး။

ဆယ်ကျော်သက်အချစ်
    ဆုံးဖြတ်ချက်တွေ မမှန်ဘူး။ မတည်ငြိမ်ဘူး။

ရင့်ကျက်လာတဲ့အချစ်
    ရင့်ကျက်လာတာနဲ့အမျှ တည်ငြိမ်တဲ့ ခံစားချက်လေးတွေပဲ ဖြစ်ပေါ်မိပါတယ်။

ဘ၀ရဲ့အမှတ်တရ ပျော်ရွှင်ချိန်လေးများ
    မိသားစုနဲ့ ခရီးထွက်ရတဲ့ အချိန်လေးတွေပေါ့။

ကြေကွဲခြင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
    ဘာသာရေးနဲ့ တည်ငြိမ်အောင် ဘုရားဟောနည်းတရားတွေနဲ့အညီ ဖြတ်သန်းလိုက်ပါတယ်။

ကိုယ့်ကိုယ်ကို အကြိုက်ဆုံးစိတ်
    အကြိုက်ဆုံးဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ စိတ်ကိုအမြဲရှင်းအောင်ထားပါတယ်။