Primary tabs

‘‘သွက်လက်တောက်ပ’’ ခိုင်သင်းကြည်

 

Photo - Ko Naing(R2)
Hair & Makeup - Soe Soe
Dress - Latt Latt
Glasses- IQ Vision
Bags - Alfa Artist (People's Park)

 

    သူမရဲ့ဟန်အတိုင်း သွက်လက်တဲ့ခြေလှမ်း တွေနဲ့ ကျွန်မဆီကိုလျှောက်လာပါတယ်။ ချိန်းထား တဲ့အချိန်အတိုင်း ကွက်တိပဲ။ အချိန်က ၁၂း၃၀။ ကျွန်မသူမဆီကို ရောက်သွားတဲ့အချိန်မှာ သူမက ပြင်ဆင်လို့ပြီးနေပြီ။
  

                            

 ‘‘ဒီအင်္ကျီဝတ်လိုက်တဲ့အချိန်မှာ စိတ်ကသွက် လက်ပြီး အရမ်းကိုလန်းဆန်းနေတာပါပဲ’’တဲ့။ သူမ၀တ္ထားတဲ့အက်ႌက အေပၚကကုတ္အက်ႌအရွည္၊ အတြင္းအက်ႌကေတာ့ အတို။ လမ်းလျှောက်တိုင်း လွင့်နေတဲ့ အင်္ကျီဒီဇိုင်းနဲ့ သူမအရမ်းကို လိုက်ဖက် ညီတယ်လို့ ခံစားရတယ်။
    ‘‘လေယာဉ်ပျံနားမှာ ဓာတ်ပုံဆရာ ပစ္စည်း တွေဆင်ပြီးပြီလား’’ ဒီနေ့ ရှုတင်ကိုတစ်နေ့လုံး နား ထားတယ်လို့ ပါးစပ်ကပြောရင်း ရိုက်ကွင်းနေရာ ကို လှမ်းကြည့်ပါတယ်။ ဓာတ်ပုံဆရာကလည်း အားလုံးအဆင်သင့်။ လေယာဉ်နဲ့သူမ အလှလိုက် ဖက်ညီတယ်။ ဆန့်ကျင်ဘက်အရောင် အတွဲအဆပ် တွေနဲ့ သစ်လွင်နေတဲ့သူမကလည်း အမူအရာများ ကို အမျိုးမျိုးပြောင်းရင်း ဓာတ်ပုံဆရာကလည်း စိတ် ကြိုက်ရိုက်ကွင်းနေရာများ ပြောင်းရင်းနဲ့ ပထမ ၀တ်စုံပြီးဆုံးသွားခဲ့တယ်။


   ဒုတိယ၀တ်စုံအတွက် မိတ်ကပ် ပြင်နေချိန်မှာ Interview မေးလိုက်ပါလားတဲ့။ ၀တ်စုံက ပန်းဆီရောင်ရင့်ရင့်။ နှုတ်ခမ်းနီရင့်ရင့်ဆိုးလိုက်တဲ့အခါ ပထမ၀တ်စုံနဲ့ ကွဲပြားကာ ဆွဲ ဆောင်မှုအပြည့်ရှိနေတဲ့ ပုံစံပါ။ မိတ်ကပ်ပြင်နေ ချိန်မှာ ကျွန်မသူမကို Interview လုပ်ဖြစ်ခဲ့တယ်။ မေးတဲ့မေးခွန်းက ပရိသတ်ပေးတဲ့ အကယ်ဒမီနဲ့ ကိုက်ညီစွာရခဲ့တဲ့ အကယ်ဒမီရင်ခုန်သံပေါ့။
    ‘‘ဟာ....အကယ်ဒမီရသွားမှ ပရိသတ်ရဲ့ စေတနာနဲ့ မေတ္တာကိုပိုပြီး နားလည်သွားတယ်။ သူတို့အရမ်းပျော်နေတာကိုကြည့်ပြီး ပရိသတ်ကို ပိုချစ် ပိုပြီးလေးစားသွားတယ်။ ကိုယ့်စိတ်ကိုလည်း ‘ငါပရိသတ်အတွက် အရင်ကထက်ပိုပြီး ပေးဆပ် ရမယ်’လို့ သတိပေးထားတယ်။ ကိုယ်နဲ့ထက်တူ ပျော်ပေးတဲ့ ပရိသတ်၊ ကိုယ့်ကိုအကယ်ဒမီ ရစေ ချင်တဲ့ ပရိသတ်၊ ပရိသတ်ပျော်နေတာ မြင်ရတော့ မျက်ရည်ကျတဲ့အထိပါပဲ’’ တဲ့။

    ဒုတိယမေးခွန်းက အခုရိုက်တဲ့ဝတ်စုံတွေအ ပေါ် ခံစားချက်ကို ပြောပေးပါဆိုတော့။    
    ‘‘၀တ်စုံတွေကို မရိုက်ခင် အရင်လာပြက တည်းက စိတ်ကပေါ့ပါးပြီး လန်းဆန်းနေသလို ခံ စားရတယ်။ မခိုင်ဝတ်နေကျ ပုံစံမျိုးတွေလည်း မဟုတ်ဘူး။ အရောင်ကလည်း ဆန့်ကျင်ဘက် အရောင်တွေဆိုတော့ ကိုယ့်နဲ့လိုက်ဖက်ပါ့မလား စိုးရိမ်စိတ်တော့ နည်းနည်းဝင်တယ်။ အခုတကယ် ၀တ်ကြည့်လိုက်တော့ ၀တ်စုံတွေနဲ့လိုက်ပြီး စိတ်က လန်းဆန်းတက်ကြွနေပါတယ်။ မိတ်ကပ်ကလည်း ကိုယ် ၁၀ စုနှစ်တစ်ခုလောက် ပြင်လာတဲ့မိတ်ကပ် ဦးစိုး၊ ၀တ်စုံကလည်း မခိုင်အမြဲချုပ်တဲ့ ဒီဇိုင်နာ လတ်လတ်ဆိုတော့ အားလုံးကပြောစရာမလို အောင် ပြည့်စုံပါတယ်။’’
  
  
    တတိယ၀တ်စုံ။ နေရာက ပြောင်းသွားပြီ။ သိမ်ဖြူလမ်းက Moonsoon စားသောက်ဆိုင်မှာ ရင်ပြတ်အင်္ကျီ ခါးတိုနဲ့ အရောင်စုံဒီဇိုင်းစုံ ရောစပ် ထားတဲ့ ဘောင်းဘီတို။ ခန္ဓာကိုယ်သေးသေးလေး နဲ့ဆိုတော့ အဆင်ပြေတာပေါ့။ ၀တ်စုံဝတ်ပြီး မိတ်ကပ်ပြင်နေတဲ့ အချိန်မှာ သူမကိုမေးခွန်းတစ်ခု မေး ဖြစ်ခဲ့တယ်။ ခန္ဓာကိုယ်ကို ဘယ်လိုထိန်းလဲလို့ မေးတော့
    ‘‘မ၀မှသာ မ၀တာ မခိုင်က အဆီ၊ အဆိမ့် အရမ်းစားတာ။ ထောပတ်တို့၊ Cheese တို့ အရမ်း ကြိုက်ပဲ။ အခုခေတ်အကြိုက်နဲ့ဆို ဆုတောင်း ကောင်းတယ်ပေါ့နော်။ မခိုင်စားတဲ့အစာတိုင်းသာ ၀မယ်ဆိုရင် အရမ်းကိုဝနေမှာ။ ဒါပေမဲ့ အစာစား ပြီးရင်တော့ ငြိမ်ငြိမ်မနေဘူး။ လှုပ်လှုပ်ရှားရှား နေတယ်’’လို့ သူမပြောပါတယ်။
    ထိုင်ခုံအဖြူရောင်တွေကြားမှာ အပြာရောင် လေးနဲ့လှနေတာပါပဲ။ ဆံပင်စတိုင်လ်ကလည်း မြင်နေကျပုံစံကနေ ခွဲထွက်ပြီး မိတ်ကပ်ဆရာ က လက်စွမ်းပြထားပါတယ်။


    နောက်ဆုံးတစ်စုံ။ ဒီဝတ်စုံရိုက်ချိန်မှာ ညနေတောင် ရောက်နေပြီ။
    နောက်ဆုံးဝတ်စုံ ခေါင်းလောင်းဘောင်းဘီ ပွနဲ့ သူမရဲ့သွယ်လှနေတဲ့ ခန္ဓာကိုယ်က ကြော့ရှင်း လှပနေတယ်။ နောက်ဆုံးဝတ်စုံအတွက် မိတ်ကပ် ဆံပင်ပြင်နေရင်း ‘ မေးခွန်းတွေမေးစရာရှိရင် မေးလို့ ရတယ်နော်တဲ့’။ ကျွန်မမေးဖြစ်ခဲ့တဲ့ မေးခွန်းတွေ ကတော့...

    ငယ်ငယ်တုန်းကလည်း အနုပညာကိုဝါသနာပါခဲ့တာဆိုတော့ တစ်ချိန်မှာ အခုလိုအကယ်ဒမီ မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ရည်မှန်းခဲ့လား။
    ‘‘ညီမရယ်...ဘယ်လိုလုပ် ရည်မှန်းရဲမှာလဲ။ ကိုယ်ကနယ်မှာနေပြီးတော့ အပြင်လည်း သိပ်မ ထွက်ရဘူး။ ဓာတ်ပုံရိုက်တာ အရမ်းဝါသနာပါတာ ပဲ ရှိတာလေ။ အားတဲ့အချိန်ဆိုရင်တော့ ဓာတ်ပုံ တွေရိုက်တယ်။ မင်းသား၊ မင်းသမီးတွေရဲ့ပုံကို ကြည့်ပြီး အ၀တ်အစားတွေ လိုက်ချုပ်၊ သူတို့ပုံစံ အတိုင်း ဓာတ်ပုံတွေရိုက်ပေါ့။ မမို့ကို အရမ်းကြိုက် တာ။ မမို့ရဲ့ ဂါဝန်ပုံစံတွေချုပ်ပြီး သူလိုလိုက်လုပ် တာ။ အရမ်းကို အမှတ်တရပဲ။ ကံကောင်းတယ် လို့ ပြောရမှာတစ်ခုက ဒီအနုပညာလောက ထဲကို ရောက်ဖို့ ဓာတ်ပုံရိုက်ရင်း မိတ်ကပ်အကြိုင်နဲ့ တွေ့ တယ်။ မိတ်ကပ်အကြိုင်က ဒီကောင်မလေး ချစ်စရာကောင်းတယ်။ ကျော်သူအမှတ်တရ ပြက္ခဒိန် အတွက်လည်း အဆင်ပြေတယ်ဆိုပြီး မခိုင်ဖုန်းနံပါတ်ကို တောင်းတယ်။ မခိုင်ဖုန်း နံပါတ်ပေးပြီး ညဘက်ပဲ ဖုန်းဆက်တယ်။ ဓာတ်ပုံရိုက်ဖို့ ကိုကျော်သူနဲ့ အသစ်တွေတွဲပြီး အမှတ်တရ ပြက္ခဒိန်ထုတ်တာ။ မခိုင်က ကိုကျော်သူနဲ့တွဲပြီး အရှေ့ဆုံးစာမျက်နှာ မှာ ပါဝင်ခွင့်ရခဲ့တယ်။ အဲဒီကနေတဆင့် ကြော်ငြာတွေ၊ ဓာတ်ပုံတွေ ရိုက်ပြီး သရုပ်ဆောင်ဖြစ်လာခဲ့ တာပေါ့နော်။ အနုပညာလမ်းကြောင်းအတွက် ကံကောင်းခဲ့တယ်။ အဆက်အသွယ်မရှိပဲ အခုလို ဖြစ်လာတာဆိုတော့လေ’’

    မခိုင်ကို ကြည့်လိုက်ရင် ပေါ့ပါးလန်းဆန်း နေတာပဲ။
    အဲဒါက  ကိုယ်တိုင်နဲ့ပဲ ဆိုင်တာ။ မခိုင်ကိုယ် တိုင်က ရောက်နေတဲ့နေရာကို ကျေနပ်ရောင်ရဲ တယ်။ ၁၀၀ ရှိရင် ၁၀၀ နဲ့ ကျေနပ်တယ်။ ပြီးတော့ မခိုင်ဘ၀မှာ မိဘနဲ့နေတဲ့အချိန်တုန်းကလည်း စိတ် အေးချမ်းခဲ့ရတယ်။ ကိုခန့်နိုင်နဲ့ အိမ်ထောင်ကျပြီး တော့လည်း စိတ်ချမ်းသာရတယ်။ ကိုခန့်နိုင်က အစ်မအတွက် ခင်ပွန်းကောင်း တစ်ယောက်ပါ။ သမီးလေးနဲ့ ပတ်သက်ပြီးတော့ သမီးငယ်ငယ်တုန်း က ကျန်းမာရေးမကောင်းလို့ စိတ်ညစ်ခဲ့ရတာပဲ ရှိတယ်။ အခုသမီးကလည်း အရွယ်ရောက်ပြီး ကျန်း မာရေးလည်း ကောင်းတယ်ဆိုတော့ အားလုံးစိတ် အေးချမ်းရတယ်။ စိတ်ချမ်းသာခြင်းက ကိုယ်တိုင် နဲ့လဲ ဆိုင်ပါတယ်’’

    ကိုခန့်နိုင်နဲ့ မခိုင်နဲ့က ကျောင်းမှာတွေ့တာ နော်။
    ဟုတ်တယ်။ မခိုင်တက္ကသိုလ်တတ်တော့ ကြော်ငြာနည်းနည်းပါးပါး ရိုက်ပြီးပြီ။ ပရိသတ် သတိထားမိနေပြီပေါ့နော်။ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ သူကလာကြည့်တာ။ အရင်ကတည်းက လည်း သူကမခိုင်ကိုသိတော့ လာကြည့်နေ တာ ပေါ့နော်။ ဖုန်းနံပါတ်သိပြီး ဖုန်းဆက်၊ ရည်းစားဖြစ် ပြီး လက်ထပ်ခဲ့ကြတာ’’
    မေးခွန်း(၃)ခုမေးပြီးတဲ့အချိန်မှာ ဓာတ်ပုံ ဆရာက နေရောင်ကျနေပြီ မြန်မြန်လေးနော်တဲ့၊ အပြင် Outdoor ဆိုတော့ နေရောင်ရှိမှ အဆင် ပြေမှာလေ။ ဒီတော့ မခိုင်လည်း ပြီးပြီဆိုပြီး ကမန်းကတန်း အပြင်ထွက်သွားပါလေရော။ Interview
ဖြေရင်း သူမရဲ့အလှပြင်ဆင်မှု၊ သူမလှုပ်ရှားမှု အားလုံး၊ မိတ်ကပ်ဆရာရဲ့ ကျွမ်းကျင်မှုအားလုံးက ၀ါရင့်အနုပညာရှင်များ ပီသပါတယ်။ အချိန်တို အတွင်းမှာပဲ ဆံပင်မိတ်ကပ်၊ အ၀တ်အစားအားလုံး က လိုချင်တဲ့ပုံစံ အဆင်သင့်ဖြစ်နေပါပြီ။ ညနေ ၅း၀၀ နာရီ နေရောင်အောက်မှာ အနီရောင်ဘောင်း ဘီ၊ အပြာရောင်အင်္ကျီ၊ အလယ်ခွဲဆံပင်ရှည်နဲ့ သူမ ပုံစံက ညနေခင်း ဈေးဝယ်ထွက်လာတဲ့ ပေါ့ပါးတဲ့ဟန်ပန်ပါ။
    အပြုံးမပျက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အားလုံး ဟာ Cover ရိုက်ကွင်းပေါ်မှာ တက်ညီလက်ညီနဲ့ ပါဝင်အားဖြည့်ပေးခဲ့ကြပါတယ်။