Primary tabs

Runway လမ်းမပေါ်က ခိုင်မာတဲ့ ခြေလှမ်းပိုင်ရှင်

   နူးညံ့ပြီး ညင်သာတဲ့... ပွင့်လင်းပြီး ရိုးသား တဲ့...ဂုဏ်ဒြပ်များနဲ့ မော်ဒယ်လ်အလုပ်ကို အ ဆုံး စွန်အထိ ရပ်တည် လုပ်ကိုင်သွားမယ်လို့ ပြောတဲ့ “ခေးမား” ။  သူမနဲ့အောက်တိုဘာလရဲ့ လမ်းမထက် က ဖက်ရှင် theme ကို နေသာ တဲ့ နေ့ခင်းတစ်ခု မှာ ပုံဖော်ဖြစ်ခဲ့ပါတယ်။ Street Fashion/ Street Style ဆိုတာလည်း သူမနဲ့ပုံဖော်မှသာ ပြီးပြည့်စုံ မယ်လို့ ယုံကြည်မိတာကြောင့် ရွေးချယ်ဖြစ်ခဲ့တာ ပါ။ ရွေးချယ်ခဲ့တဲ့ မျှော်လင့်ချက်ကို ထုဆစ်ပုံဖော် ပေးခဲ့တဲ့ ၀ါရင့်ဓာတ်ပုံ ဆရာရဲ့ ရိုက်ချက်၊ စိတ်ကူးကို ပုံကြွအသက်ဝင်အောင် စီးမျောပေးခဲ့တဲ့ မော်ဒယ်လ်၊ ပုံရိပ်ကိုလှပ အသက်ဝင်အောင် ခြယ်မှုန်းပေးတဲ့ မိတ်ကပ်ပညာရှင်၊ စတိုင်လ်တစ်ခုကို ဖွင့်လှစ်ပြဖို့ ပူးပေါင်းကူညီခဲ့တဲ့ ဒီဇိုင်နာတို့အားလုံး တစ်စု တစ်စည်းတည်း ပေါင်းစုံလိုက်တဲ့ အခါမှာတော့ လမ်းမထက်က စတိုင်လ်ကောင်းကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။

Model - Nang Khay Mar
Hair & Makeup - Hello (Ma Cho & Ma Khaing)
Designer- Y Stone Yawbawm
Bag - Charles & Keith
Foot Wear - Kyal  Sin Phyu
Photo - Wunna Khwar Nee

    Street Fashion Style တွေရိုက်ကူးရင်းနဲ့ပဲ ခိုင်မာတဲ့ ခြေလှမ်းပိုင်ရှင် သူမကို အခုလို အင်တာဗျူးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။

ခေးမားရဲ့ မော်ဒယ်လ်ဘ၀အစခုနှစ်က
-    ၂၀၀၆ မှာ မော်ဒယ်လ်အလုပ်ကို စတင်ခဲ့ တယ်ဆိုတော့။ ၁၀ နှစ်ပြည့်ခါနီးပြီပေါ့နော်၊ ခေးမား ကိုလူတွေ သတိထားမိတာကတော့ ဘာလဲလို့တော့ တိတိကျကျ မသိပေမယ့် Miss Christmas (2006) မှာ ဆုရသွားတာတော့ တစ်ချို့မှတ်မိကြပါတယ်။
-    Miss ရပြီးမှ မော်ဒယ်လ်အလုပ်ကို လုပ်ဖြစ် တာပါ၊ Freelance အနေနဲ့ပဲလုပ်ပါတယ်။ လုပ်နေ ရင်းနဲ့ ဦးချို၊ ဆရာဌေးမင်းထွန်း၊ မမြရွှေဝါ၊ မတင် မိုးလွင်တို့က ခေးမားကိုခေါ်ပြီး လျှောက်ခိုင်းကြပါတယ်။

ကိုယ်ရောက်ရှိနေတဲ့ နေရာဆိုရင်
-    လိုသေးတယ်၊ အားမရသေးဘူး။ ဒီအလုပ်မှာ လုပ်စရာတွေ အများကြီးရှိသေးတော့  အောင်မြင် တယ်လို့ မသတ်မှတ်ဘူး။ ဒီအလုပ်ကိုခေးမား လုပ်နေရတဲ့အတွက် ကျေနပ်တယ်။

ပုံမှန် အသက်မွေးဝမ်းကြောင်း အလုပ်တွေနဲ့မတူတဲ့ အပေါ်ခံစားချက်
-    ဒီမော်ဒယ်လ်အလုပ်က မြန်မာနိုင်ငံမှာဆို အရမ်းကြီး မကျယ်ပြန့်သေးတော့ လူအတော်များ များက လက်မခံကြသေးဘူး။ မော်ဒယ်လ်ဆို ဘာ ဖြစ်တယ် ညာဖြစ်တယ်ပေါ့နော်၊ အဓိကကတော့ ကိုယ်ကောင်းအောင်နေဖို့ပါပဲ။ အစတုန်းကဆို ခေးမားအိမ်က ဒီအလုပ်လုပ်တာမသိခဲ့ဘူး၊ နယ်မှာ နေကြတော့ ပိုဆိုးတယ်။ မော်ဒယ်လ်ဆိုတာ ဒီလို မဟုတ်ဘူးဆိုတာ အရမ်းပြချင်တယ်၊  အရမ်းကြိုး စားခဲ့ရတယ်၊ ဒီလမ်းကိုရွေးမယ်ဆိုတော့ ဆုံးဖြတ် ချက်သေချာချခဲ့ရတယ်။ အိမ်ကမသိအောင် ခိုး လုပ်ခဲ့ရတုန်းကတော့ နည်းနည်းတော့ တွေဝေတာ ပေါ့နော်၊ လုပ်လိုက်မလုပ်လိုက်နဲ့ ပြတ်တောင်း ပြတ်တောင်းနဲ့ လုပ်ခဲ့ရတာ။

MISS ပြိုင်ပွဲဝင်ဖြစ်ခဲ့ပုံက
-    ငယ်ငယ်တုန်းက ဘုရားကျောင်းမှာ ခရစ္စမတ်တို့ Easter Sunday တွေမှာ အက ကတာတို့၊  ဖက်ရှင်ရှိုးတို့မှာ ခေးမားပါဖြစ်တယ်၊ ကိုယ်ဝါသနာ ပါတယ်လို့လည်း မသိဘူး။ ကျောင်းပြီးတော့လည်း ရန်ကုန်ကို နိုင်ငံခြား မှာ ကျောင်းသွားတက်ဖို့ဆိုပြီး သင်တန်းတွေ လာတက်တာပေါ့နော်။ စီးပွားရေးတစ်ခုခုလည်း လုပ်မယ်ဆိုပြီးတော့ပေါ့။ အဲဒီမှာ ခေးမားသူငယ်ချင်းက Miss ပြိုင်ပွဲရှိတယ်ဆိုတာ စာကပ်ထားတာ တွေ့လိုက်တယ်။ ဘယ်နေရာမှာ လည်းတော့ မမှတ်မိတော့ဘူး၊ ခေးမားသူငယ်ချင်း တစ်ယောက်ကလည်း ပြိုင်မယ်ဆိုတော့ အတူတူပြိုင်ကြည့်ကြမယ်ပေါ့။ ၂၀၀၆ ခုနှစ်ထဲမှာပဲ  Miss Royal Gold ပြိုင်ပွဲက ပထမပွဲပေါ့နော်၊  အဲဒီပွဲပြီး တော့ Miss Christmas ပွဲလုပ်တော့ ပြိုင်တယ်၊
ပြိုင်ခွင့်ရတော့ Miss Christmas ဆုကို မထင် ထားဘူး ခေးမားရခဲ့တာ။ အဲ့လိုပြိုင်ပြီးတော့ ခေးမား ကိုခေါ်ပြီး လျှောက်ခိုင်းကြတယ်၊ တဖြည်းဖြည်း ခေးမားလုပ်နေရင်းနဲ့ ဒီအလုပ်ကို ၀ါသနာပါသထက်ပါလာတယ်။

ခေးမားရဲ့အနာဂတ်စီမံကိန်း
-    နောက်ပိုင်းကျရင်တော့ စီးပွားရေးလုပ်ဖို့ တော့ စဉ်းစားထားတယ်၊ ဒီအလုပ်ကိုလည်း အရင် ကတည်းက လုပ်ခဲ့တာဆိုတော့ လက်မလွတ်ချင် ဘူး၊ ကိုယ်လုပ်နိုင်သလောက် ဆက်လုပ်သွားမယ်။ အခု Salon May ဆိုပြီး ဖွင့်ထားတယ်၊ ကိုယ့်မိသား စု အတွက်ပေါ့နော်။ ညီမအငယ်ဆုံးလေးက ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျောင်းပြီးထားတော့ salon ဖွင့်ထားတာပါ။ သမိုင်းမှာပါ။
    ခေးမားကတော့ နောက်ပိုင်းကျရင် အစား အသောက် ဆိုင်လေးဖွင့်ချင်တယ်။ အိမ်မှာလည်း ချက်စားနေကြဆိုတော့ ခေးမားဝါသနာပါတယ်။ ငယ်ငယ်ကတည်းက မေမေ့ကိုကူညီလုပ်ကိုင်ပေးရင်းနဲ့ ချက်ပြုတ်တာကို ၀ါသနာပါသွားတာပေါ့
နော်။ နောက်သူငယ်ချင်းတွေ ချက်တာပြုတ်တာ ကို ကြည့်တယ်၊ စာအုပ်တွေဖတ်တယ် အဲလိုနဲ့ ခေးမားလုပ်တတ်သွားတာပါ။

ခေးမားရဲ့ အကြိုက်ဆုံးပွဲတက်စတိုင်လ်
-    အရောင်ရွေးတယ်၊ ဖိတ်စာမှာ သတ်မှတ် ထားတဲ့ ကာလာရှိလားကြည့်တယ်၊ ပွဲကိုမသွားဖူး ဆိုရင် လုံးဝမသွားဘူး၊ သွားပြီဆိုလည်း ခေးမား ပွဲဖိတ်တဲ့ သူတွေကို respect တစ်ခုအနေနဲ့ ကောင်း ကောင်းပြင်ဆင်ပြီး ပွဲတက်ဖြစ်ပါတယ်။

မော်ဒယ်တစ်ယောက်အတွက် စားသောက်နေထိုင်မှု
-    ခေးမား အစားအသောက်ကို ဂရုစိုက်တယ်၊ ယောဂကျင့်တယ်၊ အိမ်မှာ Handsfree ဆော့တယ်။ လက်ရှိမှာ အရေးကြီးဆုံးအရာဆိုရင်
-    ကျန်းမာရေးပါ။ ကျန်းမာမှ အလုပ်ကိုလုပ် နိုင်မှာဆိုတော့လေ။ မော်ဒယ်လ်တစ်ယောက် ဖြစ်တဲ့အတွက် အလှပြရတာလေ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖြစ်တယ်။

မော်ဒယ်လ်အလုပ်ကို စိတ်ဝင်စားသူများအတွက်
-    မော်ဒယ်လ် အတော်များများ ဖြစ်စေချင် တယ်။ ဒီအသိုင်းအ၀ိုင်းက နောက်ဆိုရင်ကျယ်ပြန့် လာမှာပါလို့။ အိမ်ကမိဘတွေက ပေးမလုပ်ခိုင်းလို့ မလုပ်ရဘူးဆိုပေးမယ့် ကိုယ်ဝါသနာပါတဲ့ အလုပ် ကိုကိုယ်ရွေးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်ပါတယ်။ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်တဲ့အထိ လုပ်စေချင်ပါတယ်။
    ပရိသတ်ကြီးကလည်း ခေးမားကို ဝေဖန်အကြံပေးကြပါလို့ ပြောနေတဲ့ သူမစကားအဆုံးမှာတော့ ရီကော့ဒင်းလေးကိုပိတ်၊ သူမကို နှုတ်ဆက်ရင်း ညနေမှရွာချနေတဲ့ မိုးစက်များကို ရှုတင်အပြီး ရွာချပေးလို့ ကျေးဇူးတကြီး မော့ကြည့်မိပါတော့
တယ်။