Primary tabs

ဇွန်လအတွက် ကံဇာတာ

ဇွန်လအတွင်း နေ့အလိုက်ကံဇာတာများကို ဖော်ပြပေးလိုက်ပါတယ်။
ဆရာ စံ-ဇာဏီဘို


တနင်္ဂနွေနေ့ မွေးသူများအတွက်
ဇွန် ၁ မှ ၁၅ ရက်အတွင်း
အလုပ်အခွင့်အရေး (၂)မျိုးပေါ်မည်။ တွေဝေဒွိဟဖြစ်ခြင်းကြောင့် အခွင့်အရေးများ ဆုံးရှုံးမည်။ ဆိုင်းငံ့ထားသော လုပ်ငန်းပြန်လည်ဆောင်ရွက်ရမည်။
ဇွန် ၁၊ ၇၊ ၈၊ ၁၄ ရက်များတွင် မိမိပိုင်ငွေကြေး စာရင်းဇယားပြောဆိုဆောင်ရွက် အောင်မြင်မည်။ အခါတိုင်းထက်ပို၍ ငွေဝင်မည်။
ဇွန် ၂၊ ၄၊ ၅၊ ၁၀၊ ၁၁၊ ၁၂၊ ၁၅ ရက်များတွင် မိတ်ဆွေ သင်္ဂဟအကြား နာမည်သိက္ခာကျဆင်းအောင် ပြုသူနှင့်တွေ့မည်။ သတိနှင့် ဆက်ဆံပါ။
ဇွန် ၃၊ ၆၊ ၉၊ ၁၃ ရက်များတွင် မြောက်အရပ်၊ အနောက်တောင်အရပ်တို့မှ အဆက်အသွယ်ကောင်းများ ကြုံရန် အလုပ်စီးပွားများ ဆောင်ရွက်အောင်မြင်မည်။
ယတြာ - ဘုရားတွင် ငွေထီးတစ်လက်လှူပါ။

ဇွန် ၁၆ မှ ၃၀ ရက်အတွင်း
အင်္ဂါနေ့၊ ကြာသပတေးနေ့ မွေးသောသူများနှင့် ပူးပေါင်းဆောင်ရွက်ရာမှ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်မည်။
ဇွန် ၂၁၊ ၂၂၊ ၂၈ ရက်များတွင် စနေနံ၊ ထီး၊ ဖိနပ်၊ အထည်၊ ရတနာ၊ တနင်္လာနံ (ခြံ၊ ကား၊ ကျောက်) ထူးခြားသော အကျိုးရရှိမည်။
ဇွန် ၁၆၊ ၁၇၊ ၁၉၊ ၂၄၊ ၂၉၊ ၃၀ ရက်များတွင် အသက်အရွယ် အိုမင်းသူများ ဆေးစစ်၊ ဆေးကုသမှုခံယူရန် အလို့ငှာ နေအိမ်တွင် လာရောက်တည်းခိုလိမ့်မည်။
ဇွန် ၁၈၊ ၂၀၊ ၂၃၊ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် ငွေကြေးကံကောင်းမည်။ အလုပ်အကြံအစည်များ အောင်မြင်မည်။
ယတြာ - အိမ်ရှိ ကြိမ်နှင့်ပြုလုပ်ထားသော ပစ္စည်းဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

တနင်္လာနေ့ မွေးသူများအတွက်
ဇွန် ၁ မှ ၁၅ ရက်အတွင်း
စနေနံပစ္စည်းများ လက်ဆောင်ရမည်။ လက်ခံနိုင်သည်။ သူစိမ်း၊ လူမျိုးကွဲ ကပြားများ အကျိုးပေးမည်။ ဆွေမျိုးသားချင်းအတွက် သောကရောက်တတ်သည်။
ဇွန် ၃၊ ၆၊ ၇၊ ၁၀၊ ၁၃၊ ၁၄ ရက်များတွင် အလုပ်စီးပွားတိုးတက်မှုများ အခိုင်အမာရရှိမည်။ ခရီးကိစ္စစီစဉ်ထားသည်များ အောင်မြင်မည်။
ဇွန် ၂၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၂၊ ၁၅ ရက်များတွင် ငွေကြေးပျောက်ရှတတ်သည်။ လူလိမ်၊ လူကောက် အထူးသတိရှိရမည်။
ဇွန် ၁၊ ၉ ရက်များတွင် ထီးတစ်ချောင်းလက်ဆောင်ရမည်။ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ၊ လက်ခံသုံးစွဲပါ။ အကျိုးရှိအံ့။
ယတြာ - စနေနေ့ နံနက် ၁၀ နာရီတွင် ဒံပေါက်ထမင်း ဆွမ်းလောင်းပါ။

ဇွန် ၁၆ မှ ၃၀ ရက်အတွင်း
လုပ်ကိုင်ဆောင်ရွက်နေသော အလုပ်ကိစ္စမှန်သမျှသည် အဘက်ဘက်မှ ကောင်းနေလျက်ပင် ငွေ အဖတ်မတင်ခြင်းများ ဖြစ်မည်။
ဇွန် ၁၈၊ ၂၀၊ ၂၁၊ ၃၀ ရက်များတွင် ပညာရေးနှင့် ဝေးကွာနေသောသူများပင်လျှင် ထူးခြားသော သင်တန်းများ တက်ရောက်ရမည်။
ဇွန် ၁၆၊ ၁၇၊ ၁၉၊ ၂၄၊ ၂၅၊ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် အလုပ်၊ နေအိမ်ပတ်ဝန်းကျင်တွင် ပျော် ပိုက်မှုမရှိ။ စိတ်ပျံ့လွင့်နေမည်။
ဇွန် ၂၂၊ ၂၃၊ ၂၆ ရက်များတွင် နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှ သူများနှင့် အလုပ်စီးပွားဆက်စပ်လုပ် ကိုင်ရန် ကြုံမည်။
ယတြာ - အိုးခွက်အဟောင်းအစုတ်များ ရှာဖွေစွန့်ပစ်ပါ။

အင်္ဂါနေ့ မွေးသူများအတွက်
ဇွန် ၁ မှ ၁၅ ရက်အတွင်း
အင်္ဂါနံနှင့် ပတ်သက်သော အပူသင့်ကိန်းကြုံမည်ဖြစ်ပေရာ စက်ပစ္စည်းများကို သတိနှင့် ကိုင်တွယ်ပါ။ မလိုအပ်ဘဲ အင်္ဂါနံပစ္စည်းတို့ ဝယ်ယူသိုလှောင်ခြင်းမပြုရ။
ဇွန် ၃၊ ၅၊ ၈၊ ၉၊ ၁၃ ရက်များတွင် ပိတ်နေသည့် လမ်းကြောင်းများ ပြန်ဖွင့်မည်။ သိုလှောင်ထားသောပစ္စည်းများ အမြတ်အခွန်ကောင်းစွာနှင့် ရောင်းချနိုင်မည်။
ဇွန် ၂၊ ၇၊ ၁၀၊ ၁၁၊ ၁၂၊ ၁၄ ရက်များတွင် သွားနာ၊ သွားကိုက်ဖြစ်တတ်သည်။ မျက်စိတွင် မတော်တဆထိခိုက်တတ်သည်။
ဇွန် ၁၊ ၄၊ ၆ ရက်များတွင် ကာလရှည်ကြာ ကြိုးစားထားသည့်အကြောင်းအရာများမှ ကောင်းသော အကျိုးရရှိမည်။
ယတြာ - စနေနေ့တွင် သံဃာတော်တို့အား ထောပတ်ထမင်း လှူပါ။

ဇွန် ၁၆ မှ ၃၀ ရက်အတွင်း
အိမ်တွင် စနေနေ့၊ ကြာသပတေးနေ့၊ ဗုဒ္ဓဟူးနေ့ မွေးသောသူများရှိက ၎င်းတို့တွင် ထူးခြားသော အောင်မြင်မှုများ ဖြစ်ပေါ်မည်။
ဇွန် ၁၆၊ ၁၈၊ ၁၉၊ ၂၀၊ ၂၃၊ ၃၀ ရက်များတွင် မြှုပ်နှံထားသော ငွေကြေးမှ အကျိုးအမြတ်ကောင်း ရရှိမည်။ အတတ်ပညာ ကံကောင်းမည်။
ဇွန် ၂၆ ရက်များတွင် လူမှုရေး အရှုပ်အထွေးများ ရှိမည်။ အိမ်တွင်း ပဋိပက္ခများရှိမည်။ စကား ကတိမတည်သောသူများနှင့် တွေ့မည်။
ဇွန် ၁၇၊ ၂၁၊ ၂၂၊ ၂၄၊ ၂၅၊ ၂၈၊ ၂၉ ရက်များတွင် အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။ ငွေကြေးကိစ္စပြောရေး၊ ဆိုရေး အဆင်ပြေမည်။
ယတြာ - ပဲလှော်နှင့် ထန်းလျက်ခဲ သံဃာတော်တို့အား လှူပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများအတွက်
ဇွန် ၁ မှ ၁၅ ရက်အတွင်း
ပြောရေးဆိုရေး အောင်မြင်မည်။ ဘုန်းကံမြင့်မားနေမည်။ ရှေးဘုန်း ရှေးကံမြင့်မားသူများ ထီပေါက်ခြင်း၊ ငွေအစုလိုက်ဝင်ခြင်းရှိမည်။
ဇွန် ၁၊ ၃၊ ၅၊ ၈၊ ၁၂၊ ၁၅ ရက်များတွင် အလုပ်အကြံအစည်များ အောင်မြင်မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။
ဇွန် ၂၊ ၄၊ ၇၊ ၁၀၊ ၁၁၊ ၁၄ ရက်များတွင် ငွေထွက်မည်။ ငွေကြေးအတွက် စကားများရမည်။ အမြင့်မှ ကျတတ်သည်။
ဇွန် ၆၊ ၉၊ ၁၃ ရက်များတွင် အပြိုင်အတိုက်အခံ အလုံးစုံအား ကျော်လွှားနိုင်မည်။ အခက်အခဲကြားမှ တိုးတက်မှုများ ရှာဖွေရမည်။
ယတြာ - ကျောင်းသူ၊ ကျောင်းသားတို့အား ဗလာစာအုပ်နှင့် ခဲတံလှူဒါန်းပါ။

ဇွန် ၁၆ မှ ၃၀ ရက်အတွင်း
အိမ်ပြင်ခြင်း၊ အိမ်ဆောက်ခြင်း၊ အိမ်ရောင်းခြင်း၊ အိမ်ငှားခြင်း ကိစ္စများတွင် တစ်မျိုးပြီးတစ်မျိုး ပတ်သက်ဆောင်ရွက်ရကိန်းကြုံမည်။
ဇွန် ၁၈၊ ၁၉၊ ၂၂၊ ၂၃၊ ၂၈ ရက်များတွင် အကြံအစည်များ အောင်မြင်မည်။ အတိုက်အခံကြားမှ တိုးတက်မှုများရရှိမည်။
ဇွန် ၁၇၊ ၂၁၊ ၂၄၊ ၂၅၊ ၂၇၊ ၂၉၊ ၃၀ ရက်များတွင် ခိုက်ရန်ဖြစ်ခြင်းများ ကြုံနိုင်သည်။ အနှောင့် အယှက်များ ရှိနိုင်သည်။
ဇွန် ၁၆၊ ၂၀၊ ၂၆ ရက်များတွင် အခက်အခဲများ ဖြေရှင်းနိုင်မည်။ အရောင်းထိုင်းပစ္စည်းများ၊ အရှုံး ပေါ်ဈေးကျနေသော ပစ္စည်းများ ဈေးတက်ခြင်း ကြုံမည်။
ယတြာ - စနေနေ့တွင် ပိတောက် ၁၂ ညွန့် ဘုရားတင်ပါ။

ဗုဒ္ဓဟူးမွန်းလွဲ ရာဟုမွေးသူများအတွက်
ဇွန် ၁ မှ ၁၅ ရက်အတွင်း
မိတ်ဆွေ အကြီးအကဲများထံမှ အကူအညီကောင်းရမည်။ အတတ်ပညာကို အသုံးပြုပြီး တိုးတက်မှုများရရှိမည်။
ဇွန် ၁၊ ၅၊ ၈၊ ၁၅ ရက်များတွင် ခရီးနှင့်ပတ်သက်သော ကံကောင်းသည်။ ပြည်တွင်းသာမက ပြည်ပခရီးများအထိ ပေါ်ထွန်းမည်။
ဇွန် ၂၊ ၄၊ ၇၊ ၁၀၊ ၁၁၊ ၁၂၊ ၁၄ ရက်များတွင် ရန်အနှောင့်အယှက်များနှင့် ထိပ်တိုက်တွေ့မည်။ စိတ်ပင်ပန်းမည်။
ဇွန် ၃၊ ၆၊ ၉၊ ၁၃ ရက်များတွင် ရုတ်တရက်ဆုံးဖြတ်ပြီး လုပ်ကိုင်သောကိစ္စများမှ ထူးခြားသော တိုးတက်မှုများရမည်။
ယတြာ - စံပယ်ပန်း ၃၅ ပွင့်ပါသော ပန်း ၈ ကုံးကို ဘုရားလှူပါ။

ဇွန် ၁၆ မှ ၃၀ ရက်အတွင်း
ကိုယ်ကျိုးစီးပွားအတွက် အဓိကမထားဘဲ စေတနာသန့်သန့်နှင့် လုပ်ကိုင်ထားသော ကိစ္စများအပေါ် ဝေဖန်တိုက်ခိုက်မှုများ ကြုံ၍ စေတနာပျက်ယွင်းရမည်။
ဇွန် ၁၈၊ ၁၉၊ ၂၂၊ ၂၃၊ ၂၈ ရက်များတွင် အညံ့ကင်းစင်မည်။ အလိုဆန္ဒရှိသည်များကို လက်တွေ့အကောင်အထည်ဖော်သင့်သည်။
ဇွန် ၁၆၊ ၁၇၊ ၂၁၊ ၂၄၊ ၂၅၊ ၂၇၊ ၂၉၊ ၃၀ ရက်များတွင် ရန်အနှောင့်အယှက်များ ဝန်းရံနေမည်။ ဆောင်ရွက်သမျှ အလုံးစုံခက်ခဲမည်။
ဇွန် ၂၀၊ ၂၆ ရက်များတွင် အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများ လိုက်လံတာဝန်ယူပေးရခြင်းရှိမည်။ 
ယတြာ - ဝါးတူအဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

ကြာသပတေးနေ့ မွေးသူများအတွက်
ဇွန် ၁ မှ ၁၅ ရက်အတွင်း
မင်းစိုးရာဇာ အကြီးအကဲများနှင့် တွေ့ဆုံခြင်း၊ ၎င်းတို့၏ အထောက်အကူပေးခြင်းများ ခံရမည်။ သူငယ်ချင်းမိတ်ဆွေများအား သတိနှင့်ဆက်ဆံပါ။
ဇွန် ၃၊ ၄၊ ၇၊ ၁၀၊ ၁၄ ရက်များတွင် အနီးအပါး၌ ပျော်ပွဲ၊ ရွှင်ပွဲများ ရှိမည်။ မိတ်ဆွေဟောင်းများ နှင့် ပြန်လည်ဆုံစည်းမည်။
ဇွန် ၁၊ ၂၊ ၅၊ ၈၊ ၁၁၊ ၁၂၊ ၁၅ ရက်များတွင် လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှားမည်။ နာမည်သိက္ခာ ထိခိုက်စရာအကြောင်းများ ဖြစ်လာမည်။
ဇွန် ၆၊ ၉၊ ၁၃ ရက်များတွင် အထင်လွဲမှားမှုများ ဖြေရှင်းရမည်။ ရန်ပဋိပက္ခများကိုကျော်လွှား၍ အစီအစဉ်သစ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်။
ယတြာ - ရှောက်သီးသုပ် ဆွမ်းတော်တင်ပါ။

ဇွန် ၁၆ မှ ၃၀ ရက်အတွင်း
ငွေကြေးနှင့် ပတ်သက်သော ကံကောင်းသည်။ ယုံကြည်စွာ ငွေကြေးအပ်နှံခြင်း၊ ငွေကြေး အထုပ်အထည်ယုံကြည်စွာပေး၍ ရင်းနှီးမြှုပ်နှံခြင်းများရှိမည်။
ဇွန် ၁၈၊ ၂၁၊ ၂၇၊ ၂၈ ရက်များတွင် အနီးအပါး၌ ပျော်ပွဲ၊ ရွှင်ပွဲများ ရှိမည်။ မိတ်ဆွေဟောင်းများ နှင့် ပြန်လည်ဆုံစည်းမည်။
ဇွန် ၁၆၊ ၁၇၊ ၁၉၊ ၂၄၊ ၂၅၊ ၂၉၊ ၃၀ ရက်များတွင် မိတ်ဆွေအပေါင်းအသင်းကြောင့် နာမည်သိက္ခာထိခိုက်ခြင်း၊ ဘဝနစ်နာခြင်းများဖြစ်မည်။
ဇွန် ၂၀၊ ၂၂၊ ၂၃။ ၂၆ ရက်များတွင် အရင်းအနှီးမရှိလောက်အောင် ငွေပြတ်နေသည့်ကြားမှ ထူးခြားသော အခွင့်အရေးများ ပေါ်ပေါက်မည်။
ယတြာ - သံဃာတော်တို့အား ယပ်တောင်လှူပါ။

သောကြာနေ့ မွေးသူများအတွက်
ဇွန် ၁ မှ ၁၅ ရက်အတွင်း
အင်္ဂါနေ့၊ ကြာသပတေးနေ့ မွေးသောသူများထံမှ ကောင်းသတင်းများ ရရှိမည်။ အရှေ့တောင်အရပ်သို့ဖြစ်စေ၊ မြောက်အရပ်သို့ ဖြစ်စေ ခရီးသွားရန်ပေါ်ပါက ငြင်းပယ်ရန် မသင့်။
ဇွန် ၁၊ ၃၊ ၆၊ ၉၊ ၁၀၊ ၁၃ ရက်များတွင် တနင်္လာနေ့၊ အင်္ဂါနေ့ မွေးသောသူများနှင့် ပူးပေါင်းဆောင်ရွက်ထားသည်များမှ အောင်မြင်မှုကောင်းကို ရရှိမည်။
ဇွန် ၂၊ ၄၊ ၅၊ ၇၊ ၁၁၊ ၁၂၊ ၁၅ ရက်များတွင် ရွှေ၊ လက်ဝတ်ရတနာများ ပျောက်ဆုံးတတ်သည်။
ဇွန် ၈၊ ၁၄ ရက်များတွင် ဘဝအဆင့်တိုးတက်မည်။ ရာထူးတိုးမည်။ ငွေကြေးကံ စီးပွားကံကောင်းမည်။
ယတြာ - တောင်အရပ်ကို မျက်နှာမူ၍ ဆီးသီးစားကာ လိုရာဆန္ဒပြုပါ။

ဇွန် ၁၆ မှ ၃၀ ရက်အတွင်း
စနေနံပစ္စည်းများဖြစ်သော ထီး၊ ဖိနပ်၊ အထည်တို့အား လက်ဆောင်ရပါက လက်မခံသင့်ပါ။ စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။
ဇွန် ၁၆၊ ၂၀၊ ၂၆၊ ၂၇၊ ၃၀ ရက်များတွင် စက်ပစ္စည်းများ ဝင်မည်။ ငွေကြေးကိစ္စအတွက် စကားပြောဆိုမှုများ အောင်မြင်မည်။
ဇွန် ၁၈၊ ၁၉၊ ၂၁၊ ၂၅၊ ၂၈၊ ၂၉ ရက်များတွင် လက်ဝတ်ရတနာများ ပျောက်ရှတတ်သည်။ သုံးစွဲသည်။ ပစ္စည်းများကို အထားအသိုနေရာရွှေ့ရာမှ စီးတတ်သည်။
ဇွန် ၁၇၊ ၂၂၊ ၂၄ ရက်များတွင် အိမ်ထောင်သည် အမျိုးသားများအဖို့ အိမ်ထောင်ဖက်၏ စကား၊ အကြံဥာဏ်ကို နာယူလက်ခံသင့်သည်။    
ယတြာ - အိုးဘဲဥ၊ ငါးဖယ်၊ ပဲကြော်နှင့်တွဲ၍ မုန့်ဟင်းခါးကို စားသုံးပါ။

စနေနေ့ မွေးသူများအတွက်
ဇွန် ၁ မှ ၁၅ ရက်အတွင်း
စုပေါင်းလုပ်ငန်း အကျိုးပေးမည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ ပျိုရွယ်သူများ မေတ္တာရေး ကံကောင်းမည်။
ဇွန် ၁၊ ၈၊ ၉၊ ၁၂၊ ၁၅ ရက်များတွင် အင်္ဂါနံ (စ၊ ဆ၊ ဇ၊ ဈ၊ ည)နှင့် ကြာသပတေးနံ (ပ၊ ဖ၊ ဘ၊ မ) အက္ခရာနှင့် ဆက်သွယ်သော လုပ်ငန်းများ အကျိုးပေးမည်။
ဇွန် ၂၊ ၄၊ ၅၊ ၇၊ ၁၀၊ ၁၁၊ ၁၄ ရက်များတွင် ဗုဒ္ဓဟူးနေ့၊ စနေနေ့ ညအိပ်ညနေ ဧည့်သည်များ လက်ခံရန်မသင့်။
ဇွန် ၃၊ ၆၊ ၁၃ ရက်များတွင် လူလိမ်လူကောက် အန္တရာယ် ဂရုစိုက်ပါ။ အနောက်တောင်အရပ်မှ ရန်အန္တရာယ်ဝင်ရောက်တတ်သည်။
ယတြာ - အိမ်ရှိ သော့ဟောင်း၊ သော့ပျက်များ စွန့်ပစ်ပါ။

ဇွန် ၁၆ မှ ၃၀ ရက်အတွင်း
အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ အနောက်တောင်အရပ် ခရီးတတ်အားသမျှ ရှောင်ပါ။
ဇွန် ၁၆၊ ၁၉၊ ၂၂၊ ၂၃၊ ၂၆ ရက်များတွင် စက်ပစ္စည်းများ ဝင်မည်။ ခြံ၊ ကား၊ အခန်း၊ ငွေကြေးကိစ္စများ စကားပြောဆိုမှု အောင်မြင်မည်။
ဇွန် ၁၇၊ ၁၈၊ ၂၁၊ ၂၄၊ ၂၈၊ ၂၉၊ ၃၀ ရက်များတွင် ဆိုင်းငံ့ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်မည်။
ဇွန် ၂၀၊ ၂၅၊ ၂၇ ရက်များတွင် ဆိုင်းငံ့ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်မည်။
ယတြာ - ထီးဟောင်းများ ရှာဖွေစွန့်ပစ်ပါ။