Primary tabs

စက်တင်ဘာလအတွက် ကံဇာတာ

စက်တင်ဘာလအတွင်း နေ့အလိုက်ကံဇာတာများကို ဖော်ပြပေးလိုက်ပါတယ်။

ဆရာ စံ-ဇာဏီဘို

တနင်္ဂနွေနေ့ မွေးသူများအတွက်

စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
စီမံထားသော ခရီးများ မသွားဖြစ်ဘဲ မရည်ရွယ်သော ခရီးတစ်ခုသို့ ဦးတည်ချက်ပြောင်းကာ သွားရလိမ့်မည်။
စက်တင်ဘာ ၂၊ ၄၊ ၅၊ ၁၂ ရက်များတွင် မမျှော်လင့်ဘဲ ငွေအစုလိုက်ဝင်မည်။ အမွေအနှစ်ဆန်ဆန် ငွေ၊ ပစ္စည်းများ ရရှိမည်။ ထူးခြားစွာ ကံကောင်းမည်။
စက်တင်ဘာ ၁၊ ၆၊ ၇၊ ၈၊ ၁၁၊ ၁၃ ရက်များတွင် ရေချိုးခန်း၊ ရေစပ်ရှိသော နေရာများတွင် ခြေခေါက်လဲ၍ ခါးနာတတ်သည်။
စက်တင်ဘာ ၃၊ ၉၊ ၁၀၊ ၁၄၊ ၁၅ ရက်များတွင် အခက်အခဲများ ဖြေရှင်း၍ကောင်းသည်။ အရပ်ဝေး နှင့်ဆက်သွယ်ဆောင်ရွက်မှုများ အဆင်ပြေမည်။
ယတြာ -  ခွေးတစ်ကောင်အား အစာကျွေးပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
အလုပ်စီးပွားရေးရာများတွင် စိတ်အနှောင့်အယှက်များ ကြုံတတ်သည်။ အလုပ်စီးပွားဆောင်ရွက်ရင်း အလုပ်ပြောင်းလဲလိုခြင်းများ ပေါ်ပေါက်မည်။
စက်တင်ဘာ ၁၆၊ ၁၉၊ ၂၀၊ ၂၃၊ ၂၄၊ ၂၇ ရက်များတွင် မိမိတွင် ကြုံတွေ့နေသော ပြဿနာများအား စနေနေ့မွေးသူနှင့် ညှိနှိုင်းဖြေရှင်းအဆင်ပြေမည်။
စက်တင်ဘာ ၂၂၊ ၂၆၊ ၂၈၊ ၂၉ ရက်များတွင် စိတ်ရူးသွပ်ချင်ယောင်ဆောင်၍ လာရောက်စော်ကားသူများနှင့် တွေ့တတ်သည်။ ရုံးရောက်၊ ဂါတ်ရောက်ဖြစ်မည်။
စက်တင်ဘာ ၁၇၊ ၂၁၊ ၂၅၊ ၃၀ ရက်များတွင် လုပ်ငန်းပညာတွဲ၍ တိုးတက်မှုများရရှိမည်။ စိတ်ကူးသစ်များအား လက်တွေ့အကောင်အထည်ဖော်နိုင်မည်။
ယတြာ - အိမ်ရှိ အိုးကွဲ၊ အုတ်ကျိုးများ ရှာဖွေစွန့်ပစ်ပါ။

တနင်္လာနေ့ မွေးသူများအတွက်

စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
သူခိုး သူဝှက် အန္တရာယ် ဂရုစိုက်ရမည်။ အိမ်တွင်းပစ္စည်းများ ပျောက်တတ်သည်။ သွားနာ၊ သွားကိုက်၊ သွားကျိုးခြင်းဖြစ်မည်။
စက်တင်ဘာ ၁၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရက်များတွင် လူမျိုးကွဲ၊ လူမျိုးခြားနှင့် ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းများ အကျိုးပေးမည်။
စက်တင်ဘာ ၆၊ ၇ ရက်များတွင် ညအိပ်၊ ညနေ ဧည့်သည်များ လာရောက်ခြင်းကို လက်မခံသင့်။ အမှုအခင်းများ ပါလာတတ်သည်။
စက်တင်ဘာ ၂၊ ၃၊ ၉၊ ၁၄ ရက်များတွင် ခြံမြေကိစ္စနှင့် ပတ်သက်သော အကျိုးဆက်များ ဖြစ်ထွန်းလာမည်။ ခြံ၊ မြေကိစ္စနှင့် ပတ်သက်သော ပြဿနာများ ဖြေရှင်းရမည်။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်မည်။ ကိုယ့်ကိစ္စမဟုတ်ဘဲ အခြားသူတစ်ပါးတို့၏ အလုပ်ကိစ္စများအပေါ် စေတနာခွင့် ဆောင်ရွက်ပေးရာမှ စေတနာ ဝေဒနာဖြစ်တတ်သည်။
စက်တင်ဘာ ၂၂၊ ၂၃၊ ၂၉၊ ၃၀ ရက်များတွင် အလုပ်နေရာ အပြောင်းအရွှေ့ မှန်သမျှတို့ စီစဉ် ဆောင်ရွက်နိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြားနှင့် ဆက်နွယ်ဆောင်ရွက်ရမည်။
စက်တင်ဘာ ၁၆၊ ၁၇၊ ၂၀၊ ၂၁၊ ၂၄၊ ၂၆၊ ၂၈ ရက်များတွင် အမှုပြဿနာများနှင့် ကြုံတတ်သည်။ ယာဉ်ကားနှင့် ပတ်သက်သော ပြဿနာဖြစ်တတ်သည်။
စက်တင်ဘာ ၁၈၊ ၁၉၊ ၂၅၊ ၂၇ ရက်များတွင် အရပ်ဝေးတွင် ရောက်ရှိနေသော သူများထံမှ ကောင်းသတင်းများ ကြားသိရမည်။
ယတြာ - ကလေးသူငယ်များအား ကောက်ညှင်းပေါင်းဒါနပြုပါ။

အင်္ဂါနေ့ မွေးသူများအတွက်

စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
အိုးအိမ်ပြောင်းလဲခြင်းနှင့် နေရာထိုင်ခင်းကိစ္စအတွက် ပြောဆိုသော စကားများ အောင်မြင်မည်။
စက်တင်ဘာ ၃၊ ၄၊ ၉၊ ၁၀၊ ၁၁၊ ၁၄ ရက်များတွင် လုပ်ငန်းအကြံအစည်များ အောင်မြင်မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။
စက်တင်ဘာ ၁၊ ၆၊ ၇၊ ၈၊ ၁၃ ရက်များတွင် ယာဉ်၊ ကားနှင့် ပတ်သက်သော မတော်တဆ အန္တရာယ်ဖြစ်တတ်သည်။ ရွှေထွက်ကိန်းရှိသည်။
စက်တင်ဘာ ၂၊ ၅၊ ၁၂၊ ၁၅ ရက်များတွင် ထိပ်တိုက်ရင်ဆိုင်ရသော ပြဿနာများ အေးချမ်းသွားမည်။ လူမျိုးကွဲ၊ လူမျိုးခြားနှင့် တိုက်ရိုက်ဆက်ဆံ အလုပ်လုပ်ရမည်။
ယတြာ - ကြွေပန်းအိုးအတွင်း ဇီးညွန့် ၃ ညွန့်၊ ရွက်လှ ၄ ညွန့်ထိုး၍ ဘုရားကပ်လှူပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
သူတစ်ပါးနှင့် ယှဉ်ပြိုင်ပြီး လုပ်ကိုင်သော ကိစ္စတို့မှ ထင်ရှားသော အောင်မြင်မှုများ ရရှိမည်။ အလောတကြီး ငွေကြေးရင်းနှီးမြှုပ်နှံခြင်း မပြုရ။
စက်တင်ဘာ ၁၆၊ ၁၈၊ ၂၅၊ ၂၉၊ ၂၈၊ ၂၉ ရက်များတွင် ပညာသင်တန်းနှင့်ပတ်သက်သော ကိစ္စများ ဆောင်ရွက်အောင်မြင်မည်။
စက်တင်ဘာ ၁၇၊ ၂၂၊ ၂၄၊ ၂၆ ရက်များတွင် သောကြာနေ့မွေးသော သူတစ်ဦး၏ ကတိပျက်ကွက်မှုကြောင့် အလုပ်ပြဿနာ၊ ငွေကြေးပြဿနာ ကြုံမည်။
စက်တင်ဘာ ၁၉၊ ၂၀၊ ၂၁၊ ၂၃၊ ၂၇၊ ၃၀ ရက်များတွင် ခရီးကိစ္စများပေါ်ထွန်းမည်။ ထက်မြက်သော အစွမ်းအစများ ပေါ်ထွန်းမည်။ စကားအောင်မည်။
ယတြာ - ညောင်ပင်တစ်ပင်အောက်တွင် ငှက်စာကျွေးပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများအတွက်

စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
လုပ်ငန်းခွင်မှသူများအဖို့ လစာမတိုးဘဲ လုပ်ပိုင်ခွင့်တိုးသော အလုပ်များ လုပ်ရမည်။ နေရာကောင်း ကို ရောက်ရှိမည်။
စက်တင်ဘာ ၁၊ ၈၊ ၉၊ ၁၀၊ ၁၃၊ ၁၅ ရက်များတွင် လုပ်ငန်းစီးပွား ထွန်းထွန်းပေါက်ပေါက်ရှိမည်။ စက်ပစ္စည်းများ အဝင်တော်မည်။
စက်တင်ဘာ ၆၊ ၇၊ ၁၁၊ ၁၂ ရက်များတွင် အနှောင့်အယှက်များမည်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်မည်။ လူယုံ ဒုက္ခပေးတတ်သည်။
စက်တင်ဘာ ၂၊ ၃၊ ၄၊ ၁၄ ရက်များတွင် မထင်မှတ်ဘဲ ငွေဝင်မည်။ ပညာသင်တန်းနှင့် ပတ်သက်သည့် အညံ့များ ကင်းဝေးမည်။
ယတြာ - ဘုန်းတော်ကြီးကျောင်းသို့ ဆန်အလှူဒါနပြုပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
ရည်ရွယ်ချက်၊ ရည်မှန်းချက် အလုံးစုံအောင်မြင်မည်။ ဘဝလမ်းကြောင်း အပြောင်းအလဲနှင့် တိုးတက်မည်။
စက်တင်ဘာ ၁၆၊ ၁၇၊ ၂၀၊ ၂၄၊ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် အလုပ်အကြံအစည် မှန်သမျှအောင်မြင်မည်။ ကောင်းသော ကျော်ကြားမှုရရှိမည်။
စက်တင်ဘာ ၁၉၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၆ ရက်များတွင် အနှောင့်အယှက်များမည်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်မည်။ လူယုံဒုက္ခပေးမည်။
စက်တင်ဘာ ၁၈၊ ၂၇၊ ၃၀ ရက်များတွင် အခက်အခဲများ ဖြေရှင်းနိုင်မည်။ အတိုက်အခံကြားမှ တိုးတက်မည်။ လူမျိုးကွဲ အကျိုးပေးမည်။
ယတြာ - ဘုရားဆင်းတုတော်ကို ရွှေဆိုင်းကပ်လှူပါ။

ဗုဒ္ဓဟူးမွန်းလွဲ ရာဟုမွေးသူများအတွက်

စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
ကာလအတန်ကြာ အဖြေရှာမရဖြစ်နေသော ကိစ္စများကို ပြီးမြောက်သွားအောင် ဆောင်ရွက်နိုင်မည်။
စက်တင်ဘာ ၁၊ ၂၊ ၃၊ ၁၀၊ ၁၅ ရက်များတွင် ပြောဆို ဆောင်ရွက်သမျှ အောင်မြင်မည်။ ကြန့်ကြာနေသည့် ကိစ္စမှန်သမျှ ပြန်လည်အဆင်ပြေသွားမည်။
စက်တင်ဘာ ၁၊ ၅၊ ၆၊ ၇၊ ၈၊ ၁၁၊ ၁၂၊ ၁၃ ရက်များတွင် အပြိုင်အဆိုင် မြောက်များစွာနှင့် ထိပ်တိုက်တွေ့မည်။ စကားမတည်သော သူများနှင့်တွေ့မည်။
စက်တင်ဘာ ၄၊ ၉၊ ၁၄ ရက်များတွင် တောင်အရပ်မှ လူမျိုးကွဲ၊ တရုတ်၊ ကပြားစပ်သော သူများထံမှ ထူးခြားသော အထောက်အကူကောင်းရမည်။
ယတြာ - လက်ဖက်ခြောက် ဆွမ်းလောင်းလှူပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
မမျှော်လင့်သော နေရာ၊ မမျှော်လင့်သော လုပ်ငန်းတာဝန်များ ပြောင်းလဲတာဝန်ထမ်းဆောင်ရခြင်းကို လုပ်ငန်းခွင်မှ သူများတွင်ကြုံမည်။
စက်တင်ဘာ ၁၇၊ ၂၀၊ ၂၄၊ ၂၇ ရက်များတွင် အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်။ ခက်ခက်ခဲခဲ ဆောင်ရွက်ရမည်ဟု ထင်ထားသော ကိစ္စများ အလွယ်တကူပြီးမြောက်မည်။
စက်တင်ဘာ ၁၉၊ ၂၀၊ ၂၆၊ ၂၈၊ ၂၉ ရက်များတွင် စိတ်ပင်ပန်းစရာများရှိမည်။ ပဋိပက္ခများ ရင်ဆိုင်ဖြေရှင်းရမည်။
စက်တင်ဘာ ၁၆၊ ၁၈၊ ၂၃၊ ၂၅၊ ၃၀ ရက်များတွင် မနိုင်မနင်းဖြစ်နေသော အခြေအနေအားလုံးကို ထိန်းသိမ်းနိုင်သော အနေအထားရှိသည်။
ယတြာ - နေအိမ်ရှိ ရေခွက်ဟောင်းများ စွန့်ပစ်ပါ။

ကြာသပတေးနေ့ မွေးသူများအတွက်

စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
ကြွေးဟောင်းများ ပြန်လည်တောင်းခံရရှိမည်။ ပျိုရွယ်သောသူများ၊ မမျှော်လင့်ဘဲ ချစ်သူရရှိမည်။ စန်းပွင့်မည်။
စက်တင်ဘာ ၁၊ ၂၊ ၅၊ ၈၊ ၉၊ ၁၂၊ ၁၄၊ ၁၅ ရက်များတွင် ယှဉ်ပြိုင်မှုများ အောင်မြင်မည်။ သြဇာအရှိန်အဝါ ကြီးမားမည်။
စက်တင်ဘာ ၆၊ ၇၊ ၁၁၊ ၁၃ ရက်များတွင် အမှုမကင်းသော သူများအိမ်သို့ ရောက်လာတတ်သည်။ စကားအရှုပ်အထွေးများ ဖြေရှင်းရမည်။
စက်တင်ဘာ ၃၊ ၄၊ ၁၀ ရက်များတွင် ဘာသာရေးနှင့်ပတ်သက်သော ခရီးတစ်ခုသွားရမည်။ ချစ်သူခင်သူပေါများမည်။ မိတ်ဆွေသစ် တိုးပွားမည်။
ယတြာ - စံပယ်ပန်း (၁၀၈) ပွင့် ဘုရားကပ်လှူပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
စိတ်ပျံ့လွင့်လွယ်မည်။ ဆန့်ကျင်ဘက် အတိုက်အခံပြုသော သူများနှင့် တွေ့မည်။ မှန်းသလောက် မဖြစ်။
စက်တင်ဘာ ၁၉၊ ၂၃၊ ၂၆၊ ၂၉ ရက်များတွင် စုပေါင်းတွဲဖက်လုပ်ကိုင်သော လုပ်ငန်းများ အကျိုးပေးမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။
စက်တင်ဘာ ၁၆၊ ၁၇၊ ၂၀၊ ၂၁၊ ၂၂၊ ၂၄၊ ၂၅၊ ၂၈ ရက်များတွင် စကားရှုပ်ထွေးမည်။ ကပြားစပ်သော သူများ လူမျိုးကွဲများ အကျိုးပေးမည်။
စက်တင်ဘာ ၁၈၊ ၂၇၊ ၃၀ ရက်များတွင် လက်လွန်ထားသော ငွေ၊ ပစ္စည်းများ လက်ဝယ်ပြန်လည်ရရှိမည်။ ပညာကံကောင်းမည်။
ယတြာ - ကလေးသူငယ်များအား ဗလာစာအုပ် ဒါနပြုပါ။

သောကြာနေ့ မွေးသူများအတွက်

စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
အိမ်တွင် လူဝင်လူထွက် သတိရှိရမည်။ အတွင်းရန် အနှောင့်အယှက်များနှင့် ထိပ်တိုက်တွေ့ရမည်။
စက်တင်ဘာ ၄၊ ၈၊ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ကာလအတန်ကြာ ကြိုးပမ်းဆောင်ရွက်ထားသည်များမှ ကောင်းသော အကျိုးဆက်ရမည်။
စက်တင်ဘာ ၁၊ ၅၊ ၆၊ ၇၊ ၁၁၊ ၁၂ ရက်များတွင် အိမ်ရှိ မိမိထက် အသက်ကြီးသောသူများ၊ ချစ်ခင်သောသူများအတွက် စိတ်သောကရောက်ရသည်။
စက်တင်ဘာ ၂၊ ၃၊ ၉၊ ၁၀ ရက်များတွင် အိမ်သို့ လူဝင်ကိန်းရှိသည်။ ပျိုရွယ်သူများ စန်းပွင့်မည်။
ယတြာ - သံဃာတော်တို့အား ဓတုမဓူလှူပါ။

စက်တင်ဘာ ၁၆ မှ ၃၁ ရက်အတွင်း
ရည်မှန်းထားသည့်ကိစ္စများ ပြီးစီးနိုင်လင့်ကစား နှောင့်နှေးပြီးမှ အဆင်ပြေမည်။ အလွယ်တကူ ရသည်ဖြစ်သည် ဟူ၍မရှိ။
စက်တင်ဘာ ၁၈၊ ၂၀၊ ၂၅၊ ၂၆၊ ၂၉ ရက်များတွင် မူလရည်ရွယ်ချက်မရှိဘဲ စတင်လိုက်သော လုပ်ငန်းများမှ အကျိုးအမြတ်ရမည်။
စက်တင်ဘာ ၁၇၊ ၁၉၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၈ ရက်များတွင် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ရာတွင် သတိရှိပါ။ မတော်တဆ ထိခိုက်တတ်သည်။
စက်တင်ဘာ ၁၆၊ ၂၁၊ ၂၇၊ ၃၀ ရက်များတွင် မိတ်ဆွေကောင်း အထောက်အကူရမည်။ ကာလရှည်ကြာ ဆိုင်းငံ့ထားသော လုပ်ငန်းများ လုပ်ကိုင်ရမည်။
ယတြာ - သံဃာတော်များအား ထီးလှူပါ။

စနေနေ့ မွေးသူများအတွက်

စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
အရာရာသတိနှင့် ယှဉ်ပြီး လုပ်ကိုင်ရမည်။ ငွေကြေးကိစ္စ၊ စာရွက်စာတမ်းကိစ္စများအတွက် စကားပြောဆိုမှုများ အောင်မြင်မည်။
စက်တင်ဘာ ၅၊ ၇၊ ၁၀၊ ၁၂၊ ၁၄ ရက်များတွင် မိမိရည်မှန်းထားခြင်းမရှိသော ရာထူး၊ နေရာနှင့် ဘဝအဆင့်ကို ရရှိမည်။ ကိုယ်ပိုင်အစွမ်းအစထက်မြက်မည်။
စက်တင်ဘာ ၁၊ ၆၊ ၈၊ ၁၁၊ ၁၃၊ ၁၅ ရက်များတွင် နာမည်ဂုဏ်သတင်း ညှိုးနွမ်းအောင် နှောင့်ယှက်သော သူများနှင့် ကြုံမည်။
စက်တင်ဘာ ၂၊ ၃၊ ၄၊ ၉ ရက်များတွင် တစ်ပါးသူမှ ငွေကြေးလာရောက်အပ်နှံခြင်း လက်ဝတ်ရတနာများ လာရောက်အပ်နှံခြင်းကို လက်မခံရ။ အမှန်တကယ်ဝင်မည့် လမ်းပိတ်တတ်သည်။
ယတြာ - အုန်းသီးစိပ် ဘုရားဆွမ်းတော်တင်ပါ။

စက်တင်ဘာ ၁၆ မှ ၃၁ ရက်အတွင်း
အရာရာသတိနှင့် ယှဉ်ပြီး လုပ်ကိုင်ရမည်။ ငွေကြေးကိစ္စ၊ စာရွက်စာတမ်းကိစ္စအတွက် စကားပြောဆိုမှုများ အောင်မြင်မည်။
စက်တင်ဘာ ၁၇၊ ၁၉၊ ၂၀၊ ၂၄၊ ၂၇၊ ၂၈ ရက်များတွင် ငွေကြေးကိစ္စ၊ ခရီးကိစ္စများ ဆောင်ရွက်ရန် အခါကောင်းကျရောက်သည်။
စက်တင်ဘာ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၉ ရက်များတွင် အခွင့်ကောင်းများ လက်ဝယ်ရရှိပြီးမှ ပြန်လည်ဆုံးရှုံးခြင်းများရှိမည်။ မသွားလိုသော အရပ်သွားရမည်။
စက်တင်ဘာ ၁၆၊ ၁၈၊ ၂၆၊ ၂၇၊ ၃၀ ရက်များတွင် အဖြူရောင်ပစ္စည်းများ လက်ဆောင်ရက အထူးကောင်းသည်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စ စကားပြောရမည်။
ယတြာ - အုန်းနို့ခေါက်ဆွဲ ဒါနပြုပါ။