Primary tabs

အောက်တိုဘာလအတွက် ကံဇာတာ

အောက်တိုဘာလအတွင်း နေ့အလိုက်ကံဇာတာများကို ဖော်ပြပေးလိုက်ပါတယ်။
ဆရာ စံ-ဇာဏီဘို


တနင်္ဂနွေနေ့ မွေးသူများအတွက်
အောက်တိုဘာ ၁ မှ ၁၅ ရက်အတွင်း
ကာလအတန်ကြာ တိုးတက်အောင်မြင်သင့်သည့် လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်တက်လမ်းရရှိမည်။
အောက်တိုဘာ ၁၊ ၄၊ ၈၊ ၁၅ ရက်များတွင် အကြီးအကဲထံမှ အထောက်အကူရမည်။ ဝေးကွာနေသော မိတ်ဟောင်များနှင့် ပြန်လည်ဆုံစည်းမည်။
အောက်တိုဘာ ၂၊ ၅၊ ၆၊ ၉၊ ၁၃ ရက်များတွင် ရုံးရောက်၊ ဂါတ်ရောက် ပြဿနာများဆုံတွေ့ရမည်။ ပုံမှန်မဟုတ်သော ငွေကြေးကုန်ကျမှုများ ရှိမည်။ ငွေပေးငွေယူ သတိရှိပါ။
အောက်တိုဘာ ၁၊ ၃၊ ၁၀၊ ၁၁၊ ၁၂၊ ၁၄ ရက်များတွင် အိမ်သစ်ဆောက်ခြင်း၊ နေရာသစ်တိုးချဲ့ခြင်းများ အထူးအကျိုးရှိမည်။
ယတြာ -  အိမ်ရှိ ပရိဘောဂများအား အထားအသိုနေရာပြောင်းပါ။

အောက်တိုဘာ ၁၆ မှ ၃၁ ရက်အတွင်း
စီးပွားဝင်ငွေ တိုးပွားမည်။ ကြန့်ကြာနေသော ငွေကြေးများ ပြန်လည်ရရှိမည်။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးကောင်းရမည်။
အောက်တိုဘာ ၁၈၊ ၂၀၊ ၂၅၊ ၂၈၊ ၃၁ ရက်များတွင် အလုပ်ရည်ရွယ်ချက်အောင်မြင်ခြင်းနှင့် လိုရာပြည့်စုံခြင်းကြုံမည်။
အောက်တိုဘာ ၁၆၊ ၁၉၊ ၂၂၊ ၂၃၊ ၂၄၊ ၂၉ ရက်များတွင် ပြဿနာ ရန်အတိုက်အခံများနှင့် ကြုံ တတ်သည်။ ပိုင်ဆိုင်မှုကိစ္စအတွက် ရန်ပဋိပက္ခကြုံတတ်သည်။
အောက်တိုဘာ ၁၇၊ ၂၀၊ ၂၆၊ ၂၇၊ ၃၀ ရက်များတွင် မူလရည်မှန်းထားသည်နှင့် လက်တွေ့ဖြစ်ပေါ်မှု ကွာခြားလင့်ကစား ဖြစ်ပေါ်လာသော အခြေအနေကို စနစ်တကျအသုံးချ၍ မြင့်မားသော တိုးတက်မှုရမည်။
ယတြာ - အုန်းသီး ၆ စိပ်ကို ဆားဖြူး၍ ဘုရားကပ်လှူပါ။

တနင်္လာနေ့ မွေးသူများအတွက်
အောက်တိုဘာ ၁ မှ ၁၅ ရက်အတွင်း
အလုပ်သမားရေးရာကိစ္စ၊ လူမှုရေးရာကိစ္စအတွက် စိတ်ရှုပ်ရမည်။ အနောက်တောင်အရပ်၊ အရှေ့တောင်အရပ်များသို့ အကြောင်းကိစ္စတစ်စုံတစ်ရာမရှိဘဲ အပျော်ခရီးမသွားရ။
အောက်တိုဘာ ၃၊ ၁၀၊ ၁၃၊ ၁၄ ရက်များတွင် အလုပ်နေရာ အပြောင်းအရွှေ့အတွက် စီစဉ်ဆောင်ရွက်နိုင်သည်။
အောက်တိုဘာ ၂၊ ၆၊ ၇၊ ၈၊ ၉ ရက်များတွင် ခိုက်ရန်ဖြစ်ပွားတတ်သည်။ စနေနံပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုရ။ အဝင်မတော်။
အောက်တိုဘာ ၄၊ ၅၊ ၁၁၊ ၁၂၊ ၁၅ ရက်များတွင် တစ်ပိုင်းတစ်စရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရမည်။ အရပ်ဝေးမှ သူများထံမှ သတင်းစကားကြားရမည်။
ယတြာ - အိမ်ရှိဘုရားစင်တွင် ကံ့ကော်ညွန့် ဘုရားပန်းကပ်လှူပါ။

အောက်တိုဘာ ၁၆ မှ ၃၁ ရက်အတွင်း
အခွင့်အရေး (၂)မျိုး (၂)ခွ တစ်ပြိုင်နက်တည်း ပေါ်မည်။ အလုပ်အကြံအစည်တစ်ခုမပြီးမီ နောက်တစ်ခုစတင်ရမည်။
အောက်တိုဘာ ၁၇၊ ၂၀၊ ၂၇၊ ၃၀၊ ၃၁ ရက်များတွင် စက်ပစ္စည်းများ ဝင်မည်။ သြဇာအရှိန်အဝါ ကြီးမားမည်။ ပြောဆိုဆောင်ရွက်သမျှ အောင်မြင်မည်။
အောက်တိုဘာ ၁၆၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၈ ရက်များတွင် ခြံမြေ၊ နေရာထိုင်ခင်းကိစ္စအတွက် စကားပြောဆိုရမည်။ စကားပဋိပက္ခများ ဖြစ်တတ်သည်။
အောက်တိုဘာ ၁၂၊ ၁၅၊ ၂၅၊ ၂၆၊ ၂၉ ရက်များတွင် စနေနေ့၊ အင်္ဂါနေ့မွေးသောသူများနှင့် ပူးတွဲ၍ အလုပ်စီးပွားလုပ်ကိုင်ခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်ပေါ်မည်။
ယတြာ - သီလရှိသူတို့အား ဆေးဝါးဒါနပြုပါ။

အင်္ဂါနေ့ မွေးသူများအတွက်
အောက်တိုဘာ ၁ မှ ၁၅ ရက်အတွင်း
ပညာအတတ်ကိုအသုံးချ၍ အဆင့်မြင့်တိုးတက်မှုများ ဖန်တီးနိုင်သည်။ သြဇာအရှိန်အဝါ ကြီးမားမည်။
အောက်တိုဘာ ၅၊ ၉၊ ၁၂၊ ၁၃၊ ၁၅ ရက်များတွင် အပြိုင်အတိုက်အခံများအား ကျော်လွှားနိုင်မည်။ ရည်မှန်းချက်သစ်နှင့် တိုးတက်မှုအဆင့်ဆင့်ရမည်။
အောက်တိုဘာ ၁၊ ၂၊ ၆၊ ၇၊ ၈ ရက်များတွင် ပြဿနာဟောင်းများ တစ်မျိုးပြီးတစ်မျိုး ပြန်လည်ဖြေရှင်းရမည်။
အောက်တိုဘာ ၃၊ ၄၊ ၁၀၊ ၁၁၊ ၁၄ ရက်များတွင် တစ်ပါးသူကိစ္စများကို အချိန်ကုန်ခံ၍ ကြားဝင်ဆောင်ရွက်ပေးရလိမ့်မည်။ တစ်ခုထက်မကသော အလုပ်ကိစ္စများ လုပ်ရမည်။
ယတြာ - ဇီးယိုဆွမ်းတော်တင်ပါ။

အောက်တိုဘာ ၁၆ မှ ၃၁ ရက်အတွင်း
အပြိုင်အတိုက်အခံများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ အိမ်တွင်း ပစ္စည်းအပျောက်အရှများတတ်သည်။
အောက်တိုဘာ ၁၆၊ ၁၉၊ ၂၆၊ ၂၉၊ ၃၀ ရက်များတွင် နေရာအပြောင်းအလဲအလုပ်လျှောက်၊ အလုပ်ရှာခြင်းအတွက် အထူးကောင်းသည်။
အောက်တိုဘာ ၁၇၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁ ရက်များတွင် ပြဿနာအဟောင်းများ တစ်မျိုးပြီးတစ်မျိုး ပြန်လည်ဖြေရှင်းရမည်။
အောက်တိုဘာ ၁၈၊ ၂၀၊ ၂၇ ရက်များတွင် မူလဆောင်ရွက်ဖူးခြင်း မရှိသော အလုပ်များကို အချိန်ယူလေ့လာမနေဘဲ သွက်သွက်လက်လက် လုပ်ကိုင်၍ အောင်မြင်မည်။
ယတြာ - စံပယ်ပန်း ၉ ကုံး ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများအတွက်
အောက်တိုဘာ ၁ မှ ၁၅ ရက်အတွင်း
လုပ်ကိုင်ဆောင်ရွက်သမျှ အပြိုင်အဆိုင်များနှင့် ယှဉ်ပြီး လုပ်ကိုင်ရမည်။ အပေါင်းအသင်းမိတ်ဆွေများအပေါ် လွန်ကဲစွာ အားနာခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်။
အောက်တိုဘာ ၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၂၊ ၁၄၊ ၁၅ ရက်များတွင် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ရှေ့တိုးဆောင်ရွက်နိုင်သော အနေအထားရှိသည်။
အောက်တိုဘာ ၂၊ ၇၊ ၉၊ ၁၃ ရက်များတွင် အစွပ်အစွဲခံရတတ်သည်။ နာမည်သိက္ခာထိခိုက်အောင် နှောက်ယှက်သောသူများနှင့် တွေ့မည်။
အောက်တိုဘာ ၂၊ ၆၊ ၁၁ ရက်များတွင် အနီးကပ်လူယုံဒုက္ခပေးမည်။ အခက်မခဲများနှင့် ကြုံပြီး ကောင်းသော အခြေအနေနှင့် ကြုံမည်။
ယတြာ - ရှောက်ချိုသီးကို မြောက်အရပ်မျက်နှာမူ၍ စားသုံးပါ။

အောက်တိုဘာ ၁၆ မှ ၃၁ ရက်အတွင်း
လူမျိုးကွဲ၊ လူမျိုးခြားနှင့် ပတ်သက်ဆက်နွယ်ပြီး အကျိုးကောင်းများ ရရှိမည်။ အရောင်းအဝယ်လုပ်ငန်းများမှ အကျိုးကောင်းရရှိမည်။
အောက်တိုဘာ ၁၈၊ ၁၉၊ ၂၀၊ ၂၃၊ ၂၈၊ ၂၉ ရက်များတွင် စိတ်ကူးရည်ရွယ်ထားသမျှကို ရှေ့တိုးဆောင်ရွက်နိုင်သော အနေအထားရှိသည်။
အောက်တိုဘာ ၁၆၊ ၂၂၊ ၂၄၊ ၂၅၊ ၃၀၊ ၃၁ ရက်များတွင် စိတ်အနှောက်အယှက် ဖြစ်စရာများ တစ်ခုပြီးတစ်ခုကြုံမည်။ ငွေကြေးအပေးအယူ သတိရှိပါ။
အောက်တိုဘာ ၁၇၊ ၂၀၊ ၂၆၊ ၂၇ ရက်များတွင် တစ်ပိုင်းတစ်စရပ်တန့်ထားသော ကိစ္စများအား ယခုကာလအတွင်း အဆုံးသတ်အောင် ဆောင်ရွက်နိုင်မည်။
ယတြာ - ရွှေကြည်ဆနွင်းမကင်း ဆွမ်းတော်တင်ပါ။

ဗုဒ္ဓဟူးမွန်းလွဲ ရာဟုမွေးသူများအတွက်
အောက်တိုဘာ ၁ မှ ၁၅ ရက်အတွင်း
ပုံမှန်ထက် ငွေဝင်မည်။ အခါတိုင်းထက်ပို၍လည်း အကုန်အကျများမည်။ လျှပ်စစ်ပစ္စည်းများ အပျက်အယွင်းများမည်။ ရွှေပျောက်မည်။
အောက်တိုဘာ ၁၊ ၄၊ ၅၊ ၁၄ ရက်များတွင် ငွေကြေးစီးပွားကံကောင်းမည်။ တစ်ပြိုင်နက်တည်း လုပ်ငန်း (၂)မျိုးမှအထက် ဆောင်ရွက်နိုင်မည်။
အောက်တိုဘာ ၂၊ ၆၊ ၇၊ ၈၊ ၉၊ ၁၂၊ ၁၃၊ ၁၅ ရက်များတွင် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများအား သတိနှင့်ကိုင်တွယ်ပါ။ မတော်တဆ ထိခိုက်တတ်သည်။
အောက်တိုဘာ ၃၊ ၁၀၊ ၁၁ ရက်များတွင် အခက်အခဲများ၊ ဖြေရှင်းနိုင်မည်။ လက်လွန်ပျောက်ရှထားသည်များ ပြန်ရမည်။
ယတြာ - ရှောက်ယို ဆွမ်းတော်တင်ပါ။

အောက်တိုဘာ ၁၆ မှ ၃၁ ရက်အတွင်း
ရန်အနှောက်အယှက် အတိုက်အခံများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ မည်သည့်အကြောင်းအရာကိုမဆို ပုံသေချမှတ်ပြီး လုပ်၍မရ။
အောက်တိုဘာ ၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၂၈ ရက်များတွင် ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ချက်ချင်းဆုံး ဖြတ်ပြီး လုပ်သောကိစ္စများမှ ထူးခြားသောတိုးတက်မှုရမည်။
အောက်တိုဘာ ၁၆၊ ၂၂၊ ၂၄၊ ၂၅၊ ၂၈၊ ၂၉ ရက်များတွင် ရေတွင် အပျော်ဆော့ကစားခြင်း မပြုရ။
အောက်တိုဘာ ၁၈၊ ၂၀၊ ၂၆၊ ၂၇ ရက်များတွင် မိမိအားအလဲထိုး တိုက်ခိုက်မှုများ ရုတ်ချည်း လုပ်ငန်းရပ်တန့်အောင် ဆောင်ရွက်ရမည်။
ယတြာ - သပြေ (၅)ခိုင် ဘုရားပန်းကပ်လှူပါ။

ကြာသပတေးနေ့ မွေးသူများအတွက်
အောက်တိုဘာ ၁ မှ ၁၅ ရက်အတွင်း
လုပ်ငန်းခွင်အတွင်း၌ မိမိနှင့်ထိတွေ့နေသော အကြီးအကဲလုပ်ဖော်ကိုင်ဖက်များ၏ ကူညီထောက်ပံ့မှုကို ခံယူရမည်။ မိသားစုတွင် မြေကိစ္စစကားပြောရမည်။
အောက်တိုဘာ ၂၊ ၃၊ ၄၊ ၁၀၊ ၁၂၊ ၁၄ ရက်များတွင် အရပ်ဝေးသို့ ရောက်ရှိနေသော အိမ်သူ၊ အိမ်သားများ အနီးအပါးသို့ ပြန်လည်ရောက်ရှိလာမည်။
အောက်တိုဘာ ၁၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၃၊ ၁၅ ရက်များတွင် မိတ်ဆွေများအတွင်း အမည်၌ (အ၊ ဥ၊ က၊ ခ) အက္ခရာ တစ်စုံတစ်ရာပါသောသူ ယာဉ်၊ ကားအန္တရာယ်ဖြစ်၍ ဆေးရုံ၊ ဆေးခန်းရောက်က ကူညီပေးရမည်။
အောက်တိုဘာ ၁၈ ရက်တွင် အရွေးရခက်အောင် အခွင့်အရေး (၂)မျိုး (၂)ခွ ပေါ်တတ်သည်။ အနောက်တောင်အရပ်မှ လူမျိုးကွဲအကျိုးပေးမည်။
ယတြာ - စံပယ်ပန်း (၁၀၈) ပွင့် ဘုရားကပ်လှူပါ။

အောက်တိုဘာ ၁၆ မှ ၃၁ ရက်အတွင်း
မိသားစုတွင် အိမ်ရောင်းချရန် လာရောက်စပ်ဟပ်သူများ ကြုံလိမ့်မည်။ ဝယ်ယူရန် မသင့်။ အဝင်မတော်။ စာရင်းဇယား ငွေကြေးရှုပ်ထွေးတတ်သည်။
အောက်တိုဘာ ၂၀၊ ၂၁၊ ၂၇၊ ၂၈ ရက်များတွင် စနစ်တကျကြိုးပမ်းဆောင်ရွက်သော ကိစ္စတို့မှ ငွေဝင်မည်။ အရွယ်ရောက်သူများ ကောင်းသော မင်္ဂလာ ကိစ္စကြုံမည်။
အောက်တိုဘာ ၁၆၊ ၁၇၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၃၀၊ ၃၁ ရက်များတွင် လုပ်ငန်းရှင် ပြဿနာများ၊ အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ အိုးအိမ်ကိစ္စစကားများရမည်။
အောက်တိုဘာ ၁၈၊ ၂၆၊ ၂၉ ရက်များတွင် အရွေးရခက်အောင် အခွင့်အရေး (၂)မျိုး (၂)ခွ ပေါ် တတ်သည်။ အနောက်တောင်အရပ်မှ လူမျိုးကွဲအကျိုးပေးမည်။
ယတြာ - ဖရဲသီးစိပ် ဆွမ်းတော်တင်ပါ။

သောကြာနေ့ မွေးသူများအတွက်
အောက်တိုဘာ ၁ မှ ၁၅ ရက်အတွင်း
ဦးတည်လိုက်တိုင်း နေရာတိုင်းတွင် အတိုက်အခံအနှောက်အယှက်များနှင့် ကြုံတွေ့ရမည်။ အလိုရှိရာ ပြည့်စုံမည်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စအတွက် စကားများရမည်။
အောက်တိုဘာ ၂၊ ၃၊ ၉၊ ၁၀၊ ၁၃ ရက်များတွင် ပြောရေးဆိုရေး အောင်မြင်မည်။ အမိန့်သြဇာ ကြီးမားသော အခြေအနေကို ရရှိမည်။
အောက်တိုဘာ ၁၊ ၆၊ ၇၊ ၈၊ ၁၂၊ ၁၅ ရက်များတွင် ဆွေမျိုးသားချင်းများ၏ ပြဿနာများကို လိုက်လံဖြေရှင်းရမည်။
အောက်တိုဘာ ၄၊ ၅၊ ၁၁၊ ၁၄ ရက်များတွင် အရပ်ဝေးနှင့် ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းများ အကျိုးပေးမည်။
ယတြာ - နဂါးမောက်သီး ဆွမ်းတော်တင်ပါ။

အောက်တိုဘာ ၁၆ မှ ၃၁ ရက်အတွင်း
ပညာအတတ်ကို အခြေတည်၍ လုပ်သောကိစ္စများ အဆင်ပြေမည်။ အရပ်ဝေးနိုင်ငံရပ်ခြားနှင့် တိုက်ရိုက်ဆက်ဆံပြီး လုပ်ငန်းများဆောင်ရွက်၍ တိုးတက်မှုရမည်။
အောက်တိုဘာ ၁၆၊ ၁၇၊ ၂၀၊ ၂၁၊ ၂၃၊ ၂၆၊ ၂၇၊ ၂၉ ရက်များတွင် အပြိုင်အတိုက်အခံများကို ကျော်လွှားနိုင်မည်။ တောင်အရပ်မှ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။
အောက်တိုဘာ ၂၂၊ ၂၈၊ ၃၀၊ ၃၁ ရက်များတွင် အိုးအိမ်နေရာထိုင်ခင်းကိစ္စအတွက် စကားပြောဆိုရမည်။ ငွေကြေးကိစ္စအတွက် စကားများရမည်။
အောက်တိုဘာ ၁၈၊ ၁၉ ရက်များတွင် ပညာအတတ်ကို အခြေတည်၍ တိုးတက်မှုအဆင့်ဆင့်ရရှိမည်။ လက်လွန်ထားသော ငွေအချို့ပြန်ရမည်။
ယတြာ - နံပြားကို နို့ဆီနှင့်တို့၍ အနောက်အရပ်မျက်နှာမူကာ စားသုံးပါ။

စနေနေ့ မွေးသူများအတွက်
အောက်တိုဘာ ၁ မှ ၁၅ ရက်အတွင်း
အတိုက်အခံများကို ကျော်လွှားပြီး ကောင်းခြင်း၊ တိုးတက်ခြင်းဘက်ဦးတည်မည်။ အထောက်အကူ ပြုသောသူများနှင့် တွေ့မည်။
အောက်တိုဘာ ၁၊ ၅၊ ၈၊ ၉၊ ၁၂၊ ၁၅ ရက်များတွင် ပြောရေးဆိုရေးအောင်မြင်မည်။ သြဇာအရှိန် အဝါကြီးမားသော နေရာအဆင့်သို့ရောက်ရှိမည်။
အောက်တိုဘာ ၁၊ ၂၊ ၆၊ ၇၊ ၁၃ ရက်များတွင် ငွေကြေးလက်လွန်ခြင်းများရှိမည်။ ရန်အတိုက်အခံများနှင့် ကြုံတတ်သည်။
အောက်တိုဘာ ၃၊ ၄၊ ၁၀၊ ၁၁၊ ၁၄ ရက်များတွင် ကာလအတန်ကြာ ဆောင်ရွက်ထားသော ကိစ္စတို့မှ အဆင့်မြင့်အောင်မြင်မှုများ ရရှိမည်။
ယတြာ - အုန်းခြေသုတ်ခုံတစ်ခု လှူပါ။

အောက်တိုဘာ ၁၆ မှ ၃၁ ရက်အတွင်း
အလုပ်အကြံအစည်များ အကောင်အထည်ဖော် အောင်မြင်မည်။ ခြေ၊ လက်တို့တွင် မတော်တဆ ထိခိုက်တတ်သည်။
အောက်တိုဘာ ၁၉ ရက်နေ့တွင် စိတ်ဓာတ်ခိုင်မာ၍ ထူးခြားသော တက်လမ်းများဖန်တီးနိုင်မည်။ ပညာအတတ်ကို အသုံးချ၍ ဘဝတိုးတက်မည်။
အောက်တိုဘာ ၁၆၊ ၁၇၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁ ရက်များတွင် ယာဉ်အန္တရာယ် ကြုံတတ်သည်။ လမ်းကူး လမ်းဖြတ် သတိရှိပါ။
အောက်တိုဘာ ၁၈၊ ၂၀၊ ၂၆၊ ၂၇ ရက်များတွင် မသွားဖူးသော အရပ်ဒေသများသို့ သွားရောက်ရမည်။ မိတ်ဆွေကောင်း တိုးပွားမည်။
ယတြာ - သံဃာတော်များအား အုန်းဆံပြုတ်လှူပါ။