Primary tabs

ဇန်နဝါရီလအတွက် ကံဇာတာ

ဇန်နဝါရီလအတွင်း နေ့အလိုက်ကံဇာတာများကို ဖော်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေနေ့ မွေးသူများအတွက်
ဇန်နဝါရီ ၁ မှ ၁၅ ရက်အတွင်း
အလုပ်အကြံသစ် ရည်ရွယ်ချက်သစ်များ ဆောင်ရွက်နိုင်မည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ အပျော်အပါးကိစ္စများ၊ ပျော်ပွဲရွှင်ပွဲများအနီးအပါးတွင် ရှိနေမည်။
ဇန်နဝါရီ ၃၊ ၁၀၊ ၁၂၊ ၁၄ ရက်များတွင် မြှုပ်နှံထားသော ငွေများ၊ အသစ်တစ်ဖန် ပြန်လည်ဖော်၍ အကျိုးအမြတ်ရရှိမည်။
ဇန်နဝါရီ ၁၊ ၄၊ ၅၊ ၇၊ ၈၊ ၉ ရက်များတွင် အပျော်အပါးလျှော့ပါ။ အရှေ့တောင်အရပ်သို့ ခရီးသွားစဉ် မတော်တဆထိခိုက်မှုများ ဖြစ်တတ်သည်။
ဇန်နဝါရီ ၂၊ ၆၊ ၁၁၊ ၁၃၊ ၁၆ ရက်များတွင် အကြံသစ်၊ လုပ်ငန်းသစ်များ စတင်သင့်သည်။ စနေနံ ထီး၊ ဖိနပ် အကျိုးအမြတ်ကောင်းရရှိမည်။
ယတြာ - ကြွေပန်းကန်ပြားပေါ်တွင် မုန့်စိမ်းပေါင်း ၃ ပုံပုံ၍ ဆီဆမ်းကာ ဘုရားကပ်လှူပါ။

ဇန်နဝါရီ ၁၆ မှ ၃၁ ရက်အတွင်း
ကာလအတန်ကြာ ဆုံးရှုံးနစ်နာထားသော တနင်္လာနံပစ္စည်းများမှ အကျိုးအမြတ်ပြန်လည် ရရှိမည်။
ဇန်နဝါရီ ၁၉၊ ၂၁၊ ၂၂၊ ၂၉၊ ၃၀ ရက်များတွင် ကာလအတန်ကြာ နှောင့်နှေးကြန့်ကြာနေသော အလုပ်ကိစ္စမှန်သမျှ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်လိမ့်မည်။
ဇန်နဝါရီ ၁၇၊ ၂၀၊ ၂၃၊ ၂၈၊ ၃၁ ရက်များတွင် စက်ပစ္စည်းချို့ယွင်းမှုများ၊ လမ်းအန္တရာယ်ဖြစ်တတ်သည်။
ဇန်နဝါရီ ၁၈၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် အကြီးအကဲမိတ်ဆွေများထံမှ အထောက်အကူ ကောင်းရမည်။ ဆိုင်းငံ့ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည်။
ယတြာ - ကြာဇံချက်သံဃာတော်တို့အား လှူဒါန်းပါ။ တစ်ပါးသူတို့ကိုလည်း ကျွေးမွေးပါ။

တနင်္လာနေ့ မွေးသူများအတွက်
ဇန်နဝါရီ ၁ မှ ၁၅ ရက်အတွင်း
အပျော်အပါးစိတ်ကူးများမည်။ မိတ်ဆွေသင်္ဂဟများမည်။ ရွှေ၊ လက်ဝတ်ရတနာများ ဝင်ကိန်းရှိသည်။ ဘာသာရေးနှင့်ပတ်သက်ဆက်နွယ်သော ခရီးများကြုံမည်။
ဇန်နဝါရီ ၂၊ ၆၊ ၉၊ ၁၁ ရက်များတွင် လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ပတ်သက်ဆက်နွယ်၍ ဆောင်ရွက် လိုက်သော ကိစ္စများမှ ကောင်းသောအကျိုးအမြတ်ရရှိမည်။
ဇန်နဝါရီ ၄၊ ၅၊ ၁၀၊ ၁၃၊ ၁၅ ရက်များတွင် အကြီးအကဲ၊ ဆရာသမား ငြိုငြင်ခြင်းခံရမည်။ ငွေကြေးများကို အကျိုးမဲ့သုံးစွဲရတတ်သည်။
ဇန်နဝါရီ ၃၊ ၇၊ ၈၊ ၁၂၊ ၁၄ ရက်များတွင် ဆုံးဖြတ်ချက်သစ်များ လက်တွေ့အကောင်အထည် ဖော်ရမည်။ ဘာသာရေး အလှူဒါနများ ဆောင်ရွက်ရမည်။
ယတြာ - ကြာပန်းပွင့်ကို ရေ (၁၂)ခွက်လောင်း၍ ဘုရားကပ်လှူခြင်းပြုပါ။

ဇန်နဝါရီ ၁၆ မှ ၃၁ ရက်အတွင်း
ရန်အတိုက်အခံကြားမှ အလုပ်အကြံအစည်သစ်များ ဆောင်ရွက်ရမည်။ ဝင်ငွေ စီးပွားတိုးတက်မည်။ 
ဇန်နဝါရီ ၂၁၊ ၂၅၊ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် စက်ပစ္စည်းများ အဝင်တော်သည်။ အသစ်လည်း ဝယ်ယူနိုင်သည်။ အဟောင်းကိုလည်း ပြုပြင်ခြင်း ပြုနိုင်သည်။
ဇန်နဝါရီ ၁၈၊ ၁၉၊ ၂၀၊ ၂၂၊ ၂၄ ရက်များတွင် လူဝင်လူထွက်ရှုပ်ထွေးတတ်သည်။ စကားရှုပ်ထွေးမည်။ ငွေကြေးအပေးအယူကိစ္စများတွင် အငြင်းပွားစရာများ ကြုံတတ်သည်။
ဇန်နဝါရီ ၁၇၊ ၂၃၊ ၂၆၊ ၃၀၊ ၃၁ ရက်များတွင် အင်္ဂါနံ (ဆန်၊ ဆီ၊ ဆေး၊ စက်) အကျိုးအမြတ် ကောင်းရမည်။ ပစ္စည်းဟောင်းများ ဈေးကွက်တင်နိုင်သည်။
ယတြာ - မုန့်စိမ်းပေါင်း ဘုရားဆွမ်းတော်တင်ပါ။

အင်္ဂါနေ့ မွေးသူများအတွက်
ဇန်နဝါရီ ၁ မှ ၁၅ ရက်အတွင်း
လုပ်ငန်းအတွင်း မသွားလိုသော အရပ်သို့သွားရခြင်း၊ မပြောင်းလိုသော နေရာသို့ ပြောင်းရခြင်း ဖြစ်လင့်ကစား တိုးတက်မှုကို လက်ခံပါ။
ဇန်နဝါရီ ၃၊ ၈၊ ၁၀၊ ၁၂၊ ၁၅ ရက်များတွင် မိတ်ကောင်း၊ ဆွေကောင်း အကူအညီရမည်။ အကြီးအကဲအထောက်အကူရမည်။
ဇန်နဝါရီ ၁၊ ၄၊ ၅၊ ၇၊ ၉၊ ၁၃၊ ၁၄ ရက်များတွင် တနင်္ဂနွေနေ့မွေးသူများ၏ စကားကိုယုံ၍ အမှားအယွင်းများ ကြုံတတ်သည်။
ဇန်နဝါရီ ၂၊ ၆၊ ၁၁ ရက်များတွင် ဘာသာရေးနှင့် ပတ်သက်သော ကိစ္စများ မမျှော်လင့်ဘဲ ဆောင်ရွက်ရမည်။ ထွက်ထားသည့် ယာဉ်၊ ရွှေများ ပြန်လည်ရကိန်းကြုံမည်။
ယတြာ - ထိကရုံးပင်ကို မြေအိုးတွင် စိုက်၍ နေထွက်ရာအရပ်တွင် ထားရှိပါ။

ဇန်နဝါရီ ၁၆ မှ ၃၁ ရက်အတွင်း
ကိုယ်က မည်မျှကောင်းအောင် ဆောင်ရွက်စေ အကောင်းမမြင်သည့် အမြင်၊ စေတနာ၊ ဝေဒနာ ဖြစ်ရကိန်းကြုံမည်။
ဇန်နဝါရီ ၂၁၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်များတွင် တနင်္လာ၊ ကြာသပတေးနံလုပ်ငန်း လုပ်ကိုင်သူများ အလုပ်တိုးတက်ခြင်းနှင့် ကောင်းသော အကျိုးရရှိခြင်းတို့ ကြုံနိုင်ပေသည်။
ဇန်နဝါရီ ၂၀၊ ၂၂၊ ၂၄၊ ၂၉၊ ၃၁ ရက်များတွင် လူမှုရေးကိစ္စအရှုပ်အထွေးများရှိမည်။ နာမည် သိက္ခာထိခိုက်အောင် အနှောင့်အယှက်ပြုသူများ ရှိမည်။
ဇန်နဝါရီ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၃၊ ၃၀ ရက်များတွင် အခက်အခဲများ ဖြေရှင်းနိုင်မည်။ လုပ်ငန်းခွင်နှင့်ပတ်သက်သော သင်တန်းများ အဆင်ပြေမည်။
ယတြာ - ဖန်ခွက်တစ်ခွက်အတွင်း ပန်းအဖြူ ၃ ပွင့်ထိုး၍ အမြင့်တင်ပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများအတွက်
ဇန်နဝါရီ ၁ မှ ၁၅ ရက်အတွင်း
ငွေကြေး အလုပ်ကိစ္စများ ပြောဆိုအဆင်ပြေမည့် အနေအထားရှိသည်။ ပြောရေး၊ ဆိုရေး အောင်ြ  မင်မည်။ မမျှော်လင့်ဘဲ ငွေဝင်မည်။
ဇန်နဝါရီ ၂၊ ၄၊ ၉၊ ၁၁၊ ၁၄ ရက်များတွင် ဆောင်ရွက်သမျှ ထွန်းပေါက်အောင်မြင်မည်။ ကံ မြင့်မားမည်။ လုပ်ငန်းအတွက် ပြောဆိုခြင်းများ အောင်မြင်မည်။
ဇန်နဝါရီ ၁၊ ၃၊ ၅၊ ၇၊ ၈၊ ၁၀၊ ၁၂၊ ၁၃၊ ၁၅ ရက်များတွင် ရန်များမည်။ အနှောင့်အယှက်များမည်။ ငွေဝင်မည်။ ပြန်ထွက်မည်။
ဇန်နဝါရီ ၆ ရက်နေ့တွင် အတိုက်အခံကြားမှ တိုးတက်မည်။ အခက်အခဲကြားမှ တိုးတက်မည်။ စုပေါင်းတွဲဖက်လုပ်ငန်းများ အကျိုးပေးမည်။
ယတြာ - အဝတ်အထည်ဟောင်းတို့ကို အနောက်မြောက်အရပ်တွင် စွန့်ပစ်ပါ။

ဇန်နဝါရီ ၁၆ မှ ၃၁ ရက်အတွင်း
ခရီးသွားခြင်းကိစ္စများ ကံကောင်းမည်။ လိုရာခရီးရောက်ရှိမည်။ မမျှော်လင့်သော နေရာသို့ ရောက်ရှိမည်။ ငွေဝင်မည်။
ဇန်နဝါရီ ၁၆၊ ၁၈၊ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် အလိုပြည့်စုံမည်။ အကြံအစည်အောင်မြင်မည်။ ပူးတွဲပေါင်းစပ်သော လုပ်ငန်းများမှ ကောင်းသော အကျိုးရမည်။
ဇန်နဝါရီ ၁၇၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၈၊ ၂၉၊ ၃၁ ရက်များတွင် အပြိုင်အဆိုင်များမည်။ အနီးကပ်လူ ဒုက္ခပေးမည်။ ရွှေလက်ဝတ်ရတနာ ပျောက်ရှမည်။
ဇန်နဝါရီ ၃၀ ရက်နေ့တွင် အခက်အခဲများ ဖြေရှင်းနိုင်မည်။ ရန်အတိုက်အခံများ ကျော်လွှားပြီး အလိုရှိရာ အောင်မြင်မည်။
ယတြာ - ကြွေပြား၊ ကျောက်ပြားများ အလှူဒါနပြုပါ။

ဗုဒ္ဓဟူးမွန်းလွဲ ရာဟုမွေးသူများအတွက်
ဇန်နဝါရီ ၁ မှ ၁၅ ရက်အတွင်း
ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့ မွေးသောသူများနှင့် တွဲဖက်လုပ်သောကိစ္စများ အောင်မြင်မည်။ အရေးကြီးသော စာရွက်စာတမ်းများ ပျောက်တတ်သည်။
ဇန်နဝါရီ ၂၊ ၄၊ ၁၄ ရက်များတွင် ကာလအတန်ကြာ စိတ်ရှုပ်နေသော ပြဿနာတစ်ခုကို အမည်တွင် စနေနံ၊ အင်္ဂါနံအတွဲပါသူ ကူညီ၍ အဆင်ပြေမည်။
ဇန်နဝါရီ ၁၊ ၃၊ ၇၊ ၈၊ ၉၊ ၁၂၊ ၁၃၊ ၁၅ ရက်များတွင် စိတ်ရှုပ်စရာများ ကြုံမည်။ လူယုံ၊ လူရင်း ဒုက္ခပေးမည်။ ငွေကုန်ကြေးကျများမည်။
ဇန်နဝါရီ ၅၊ ၆၊ ၁၀၊ ၁၁ ရက်များတွင် ငွေကြေးကံကောင်းမည်။ အတိုက်အခံကြားမှ တိုးတက်မှုများရရှိမည်။ မိတ်ကောင်း၊ ဆွေကောင်းများရမည်။
ယတြာ - ပိတောက်ပင်ရှိသော ဘုန်းတော်ကြီးကျောင်းတွင် လက်ဖက် အလှူဒါနပြုပါ။

ဇန်နဝါရီ ၁၆ မှ ၃၁ ရက်အတွင်း
ဆုံးဖြတ်ချက်မှန်သမျှ ရှေ့တိုးဆုံးဖြတ်ခြင်းဖြင့် ကောင်းသော အကျိုးဖြစ်ထွန်းမည်။ အကြီးအကဲထံမှ အထောက်အကူရမည်။
ဇန်နဝါရီ ၁၆၊ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စအတွက် စကားပြော ဆိုမှုများ အောင်မြင်မည်။
ဇန်နဝါရီ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၈၊ ၂၉၊ ၃၁ ရက်များတွင် အညံ့ရှိသည်။ စိတ်အနှောင့်အယှက်များမည်။ ရန်အတိုက်အခံများမည်။
ဇန်နဝါရီ ၁၇၊ ၁၈၊ ၁၉၊ ၃၀ ရက်များတွင် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။ စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စ စကားပြောဆိုခြင်းများ အဆင်ပြေမည်။
ယတြာ - ဆားထည့်သည့် ပုလင်းဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

ကြာသပတေးနေ့ မွေးသူများအတွက်
ဇန်နဝါရီ ၁ မှ ၁၅ ရက်အတွင်း
လုပ်ငန်းအကြံအစည်သစ်များလုပ်၍ အကျိုးရှိမည်။ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့ မွေးသောသူများထံမှ အထောက်အကူကောင်းများရရှိပြီး အလုပ်အကြံစီးပွားရေးရာအဖြာဖြာတွင် အဆင်ပြေအောင်မြင်တိုးတက်ခြင်းများ ရရှိပေမည်။
ဇန်နဝါရီ ၃၊ ၆၊ ၈၊ ၁၀၊ ၁၅ ရက်များတွင် တောင်အရပ်မှ လူမျိုးကွဲ၊ ကပြားများနှင့် ဆက်စပ်၍ အလုပ်စီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်မည်။
ဇန်နဝါရီ ၁၊ ၂၊ ၅၊ ၇၊ ၉၊ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် ရေတွင်အပျော်ဆော့ကစကားခြင်း မပြုရ။ ဘေးအန္တရာယ်ရှိမည်။ အနီးကပ်လူယုံဒုက္ခပေးမည်။
ဇန်နဝါရီ ၄၊ ၁၁ ရက်များတွင် အရင်းအနှီးမရှိလောက်အောင် ငွေပြတ်နေသည့်ကြားမှ ထူးခြားသော အခွင့်အလမ်းများ ပေါ်ပေါက်မည်။
ယတြာ - ရှောက်သီးသုပ်ဆွမ်းတော်တင်ပါ။

ဇန်နဝါရီ ၁၆ မှ ၃၁ ရက်အတွင်း
ယှဉ်ပြိုင်လာသူအားလုံးအပေါ် အနိုင်ရမည်။ တစ်ပိုင်းတစ်စရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခြင်း၊ အဆင်ပြေခြင်း၊ ကံကောင်းခြင်းရှိမည်။
ဇန်နဝါရီ ၁၇၊ ၁၈၊ ၁၉၊ ၂၅ ရက်များတွင် မြှုပ်နှံထားသော ငွေကြေးတို့မှ အကျိုးအမြတ်ကောင်း ရရှိမည်။ ပျက်နေသော စက်ပစ္စည်းများ ပြန်လည်ပြင်ဆင်နိုင်လိမ့်မည်။
ဇန်နဝါရီ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၈၊ ၂၉၊ ၃၀ ရက်များတွင် ရွှေ၊ လက်ဝတ်ရတနာတို့ပျက်စီးခြင်း၊ ပျောက်ရှခြင်းများ ဖြစ်တတ်သည်။
ဇန်နဝါရီ ၂၆၊ ၂၇၊ ၃၁ ရက်များတွင် လူမှုရေးကိစ္စ၊ အဖွဲ့အစည်းများတွင် တာဝန်ယူခြင်းများ ကြုံမည်။
ယတြာ - ဦးထုပ်ဟောင်းတစ်ခုအား စွန့်ပစ်ပါ။

သောကြာနေ့ မွေးသူများအတွက်
ဇန်နဝါရီ ၁ မှ ၁၅ ရက်အတွင်း
တိုင်းတစ်ပါးနှင့် တိုက်ရိုက်ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းများမှ ကောင်းသော အကျိုးအမြတ်ရရှိမည်။
ဇန်နဝါရီ ၂၊ ၉၊ ၁၂၊ ၁၄ ရက်များတွင် ခရီးကိစ္စစီစဉ်မှုများ အောင်မြင်မည်။ အလှူအတန်းကိစ္စ၊ ဘာသာရေးကိစ္စများ ပါဝင်ပတ်သက်ရမည်။
ဇန်နဝါရီ ၁၊ ၃၊ ၅၊ ၇၊ ၈၊ ၁၀၊ ၁၃၊ ၁၅ ရက်များတွင် မနာလိုသူများ၊ အတင်းအဖျင်းပြော၍ ဒုက္ခေ ပးသောသူများ ရှိနေမည်။
ဇန်နဝါရီ ၄၊ ၆၊ ၁၁ ရက်များတွင် ယှဉ်ပြိုင်မှုများ အောင်မြင်မည်။ အဖွဲ့အစည်းကိစ္စများ ဦးဆောင်ရမည်။
ယတြာ - အိမ်တွင်ရှိသော ပလတ်စတစ်ရေခွက်အဟောင်းတို့ကို ရှာဖွေစွန့်ပစ်ပါ။

ဇန်နဝါရီ ၁၆ မှ ၃၁ ရက်အတွင်း
ဆောင်ရွက်နေသော လုပ်ငန်းတွင် အာရုံစူးစိုက်ရန် ခဲယဉ်းမည်။ ကိုယ့်အပေါ် အနိုင်ယူသူများ ရှိနေမည်။ လူယုံထား၍ မရ။
ဇန်နဝါရီ ၁၆၊ ၁၇၊ ၁၈၊ ၂၄၊ ၂၅၊ ၃၀၊ ၃၁ ရက်များတွင် စက်ပစ္စည်းဝင်မည်။ အလုပ်တိုးတက်မည်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများ အောင်မြင်မည်။
ဇန်နဝါရီ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၈၊ ၂၉ ရက်များတွင် ပိုင်ဆိုင်မှုပစ္စည်းအတွက် စကားများရမည်။ ရန်အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ 
ဇန်နဝါရီ ၂၆၊ ၂၇ ရက်များတွင် ခက်ခဲသော ပြဿနာများ ဖြေရှင်းနိုင်မည်။ အပြိုင်အဆိုင်များ ကျော်လွှားနိုင်မည်။
ယတြာ - အရှေ့မြောက်အရပ်ကို မျက်နှာမူ၍ သကြားမုန့်ဖက်ထုပ်စားသုံးခြင်းပြုပါ။

စနေနေ့ မွေးသူများအတွက်
ဇန်နဝါရီ ၁ မှ ၁၅ ရက်အတွင်း
အပြိုင်အဆိုင်အတိုက်အခံများကြားမှ တိုးတက်သော အနေအထားများ ရရှိမည်။ ဆောင်ရွက်နေဆဲကိစ္စများကို လမ်းသစ်ထွင်ပြီး လုပ်၍ အကျိုးရှိမည်။
ဇန်နဝါရီ ၄၊ ၆၊ ၈၊ ၁၅ ရက်များတွင် အခက်အခဲ အတိုက်အခံကြားမှ အလိုရှိရာတို့ကို အကောင်အထည်ဖော်နိုင်သည်။
ဇန်နဝါရီ ၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် ငွေပေးငွေယူကိစ္စ မှန်သမျှသတိနှင့် ဆောင်ရွက်ပါ။ တစ်ချက်မှားသည်နှင့် စိတ်အနှောင့်အယှက်ကြုံမည်။
ဇန်နဝါရီ ၂၊ ၁၁ ရက်များတွင် အဆင်မပြေနိုင်ဟု ကိုယ်တိုင်ကိုယ်ကျ ဇွဲကြီးကြီးနှင့် ဆောင်ရွက်ရန် အခါသင့်သည်။
ယတြာ - အောင်သပြေ ၉ ညွန့် နှင့် စိန်ခြယ်ပန်း ၉ ခိုင်တို့ကိုတွဲ၍ ဘုရားကပ်လှူပါ။

ဇန်နဝါရီ ၁၆ မှ ၃၁ ရက်အတွင်း
ပြောရေး၊ ဆိုရေး အောင်မြင်မည်။ ကိုယ်ပိုင်အစွမ်းအစ ထက်မြက်မည်။ ရည်မှန်းချက်သစ်များ ရှေ့တိုးဆောင်ရွက်ရန် အခါသင့်သည်။
ဇန်နဝါရီ ၂၄၊ ၂၇၊ ၂၉၊ ၃၀၊ ၃၁ ရက်များတွင် ငွေကြေးကိစ္စများ ပြောဆိုဆောင်ရွက် အောင်မြင်မည်။ လက်လွန်ထားသည့် ငွေများ ပြန်ရျွည်။
ဇန်နဝါရီ ၁၇၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၈ ရက်များတွင် သူတစ်ပါးကြောင့် မိမိအကြံအစည်များ ပျက်ယွင်းမည်။ ရောင်းမှား၊ ဝယ်မှားဖြစ်တတ်သည်။
ဇန်နဝါရီ ၁၆၊ ၁၈၊ ၂၅၊ ၂၆ ရက်များတွင် မိသားစုအတွက်ဖြစ်စေ၊ မိတ်ဆွေများအတွက်ဖြစ်စေ၊ မိမိပါဝင်ကူညီဆောင်ရွက်လိုက်သော ကိစ္စများ အဆင်ပြေသွားမည်။
ယတြာ - သံဃာတော်များအား ဖယောင်းတိုင်လှူပါ။