Primary tabs

မေလအတွက် ကံဇာတာ

မေလအတွင်း နေ့အလိုက် ကံဇာတာများကို ဖော်ပြပေးလိုက်ပါတယ်။

ဆရာစံ-ဇာဏီဘို

တနင်္ဂနွေနေ့မွေးသူများအတွက်
မေ ၁ မှ ၁၅ ရက်အတွင်း
စနေနံ (ထီး၊ ဖိနပ်၊ အထည်...) အစရှိသည်တို့ အဝင်မတော်။ မဖြစ်မနေ ဝယ်ယူရလျှင်ဖြစ်စေ၊ လက်ဆောင်ရသည်ဖြစ်စေ အသစ်တစ်ခုဝင်က အဟောင်းတစ်ခုကို စွန့်ပစ်ပါ။
မေ ၆၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရက်များတွင် လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ဆက်စပ်လုပ်သော အလုပ် အကျိုးပေးမည်။ ချီးမွမ်းဂုဏ်ပြုခံရခြင်း ကြုံမည်။
မေ ၂၊ ၄၊ ၈၊ ၉၊ ၁၄ ရက်များတွင် လူဝင်၊ လူထွက် ရှုပ်ထွေးမည်။ စကားရှုပ်သူများနှင့် တွေ့မည်။
မေ ၁၊ ၃၊ ၅၊ ၇ ရက်များတွင် ငွေဝင်ကိန်းကြုံမည်။ မမျှော်လင့်ဘဲ လက်ဆောင်ပစ္စည်းတို့ကို ရရှိမည်။
ယတြာ - မြောက်အရပ်ကို မျက်နှာမူ၍ ဇီးယိုစားသုံးကာ လိုရာဆန္ဒပြုပါ။

မေ ၁၆ မှ ၃၁ ရက်အတွင်း
ပြဿနာ (၂)မျိုး တစ်ပြိုင်တည်း ဖြေရှင်းရလိမ့်မည်။ မမျှော်လင့်သော ကိစ္စများ ကြုံမည်။ ပျိုရွယ်သူများ လွန်စွာစန်းပွင့်မည်။ လူချစ်၊ လူခင်ပေါများမည်။
မေ ၁၇၊ ၂၁၊ ၂၄၊ ၂၇ ရက်များတွင် ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်စတင်နိုင်မည်။ စနေနေ့၊ တနင်္လာနေ့မွေးသူများနှင့် ပူးပေါင်းလုပ်သော လုပ်ငန်းမှကောင်းသော အထောက်အကူရမည်။
မေ ၁၆၊ ၂၀၊ ၂၂၊ ၂၃၊ ၂၈ ရက်များတွင် ရေတွင် အပျော်ဆော့ကစားခြင်း မပြုရ။ အန္တရာယ်ရှိမည်။ ရွှေထွက်ကိန်းရှိသည်။
မေ ၁၈၊ ၁၉၊ ၂၅၊ ၂၆၊ ၂၉ ရက်များတွင် ထူးခြားသော ငွေဝင်ကိန်းများပေါ်ထွန်းမည်။ အခွင့်အလမ်း (၂)မျိုး တပြိုင်နက်တည်း ပေါ်မည်။
ယတြာ - စနေနံ ဖိနပ်အဟောင်းတစ်ရံကို စွန့်ပစ်လိုက်ပါ။ 


တနင်္လာနေ့မွေးသူများအတွက်
မေ ၁ မှ ၁၅ ရက်အတွင်း
ဆုံးဖြတ်ချက်မှန်ကန်မည်။ အလုပ် (၂)မျိုး၊ အခွင့်အရေး (၂)မျိုး တစ်ပြိုင်နက်တည်း ပေါ်ပေါက်မည်။ ပိုမိုခက်ခဲသော အလုပ်ကို ရွေးချယ်လုပ်ကိုင်ပါ။
မေ ၂၊ ၄၊ ၇၊ ၉၊ ၁၁ ရက်များတွင် ဆိုင်းငံ့ထားသော ခရီးများပြန်လည်အဆင်ပြေမည်။ အိမ်မှ ထွက်ခွာသွားသူများ ပြန်လည်ရောက်ရှိမည်။
မေ ၁၊ ၃၊ ၅၊ ၈၊ ၁၄၊ ၁၅ ရက်များတွင် အလုပ်ကိစ္စအတွက် စကားများရမည်။ စက်ပစ္စည်းများ အဝင်မတော်။
မေ ၆၊ ၁၀၊ ၁၂၊ ၁၃ ရက်များတွင် ဦးတည်ချက်ပြောင်း၍ လုပ်ကိုင်ခြင်းမှ အကျိုးရှိမည်။
ယတြာ - ဒိန်ချဉ်၊ ဒိန်ခဲတို့ကို လှူဒါန်းခြင်း ဘုရားတင်ခြင်းပြုပါ။

မေ ၁၆ မှ ၃၁ ရက်အတွင်း
မမျှော်လင့်ဘဲ ငွေဝင်မည်။ အလုပ်နေရာကောင်းများ ရရှိမည်။ အလုပ်အကြံအစည် အောင်မြင်မည်။ ခြံ၊ ကား၊ အခန်းနှင့်ပတ်သက်၍ ငွေဝင်ကိန်းကြုံမည်။
မေ ၁၉၊ ၂၃၊ ၂၆၊ ၂၇ ရက်များတွင် ဆုံးရှုံးထားသော ရပိုင်ခွင့်များ လက်ဝယ်ပြန်လည် ရရှိမည်။
မေ ၁၆၊ ၁၇၊ ၂၀၊ ၂၁၊ ၂၂၊ ၂၄၊ ၂၈၊ ၃၁ ရက်များတွင် လှည့်စားသောသူများနှင့် တွေ့တတ်သည်။ လိမ်ညာခံရမည်။
မေ ၁၈၊ ၂၅၊ ၂၉ ရက်များတွင် ပေါ်ပေါက်လာသော အခွင့်အရေးသစ်တို့ကို အသုံးချ၍ အကျိုးရှိမည်။
ယတြာ - လွယ်အိတ်ဟောင်းတစ်ခုအား စွန့်ပစ်ပါ။


အင်္ဂါနေ့မွေးသူများအတွက်
မေ ၁ မှ ၁၅ ရက်အတွင်း
လုပ်ကိုင်ဆောင်ရွက်နေသည့် ကိစ္စမှန်သမျှအပေါ် အာရုံစူးစိုက်၍မရ။ ပတ်ဝန်းကျင်နှင့် မကြာခဏ ပဋိပက္ခဖြစ်မည်။
မေ ၁၊ ၄၊ ၈၊ ၉၊ ၁၀၊ ၁၁ ရက်များတွင် ရန်အတိုက်အခံအားလုံးကို ကျော်၍ အလိုဆန္ဒပြည့်ဝ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။
မေ ၂၊ ၃၊ ၅၊ ၇၊ ၁၄ ရက်များတွင် စိတ်လိုက်မာန်ပါပြောခြင်း၊ ဒေါသခိုက်ရန်ဖြစ်ပေါ်ခြင်းမှ အမှုအခင်းများထိ ကြုံတွေ့နိုင်သည်။
မေ ၆၊ ၁၂၊ ၁၃ ရက်များတွင် ဥယျာဉ်၊ လယ်ယာ၊ ခြံမြေကိစ္စအတွက် ပြောဆိုမှုများ အဆင်ပြေမည်။
ယတြာ - အနောက်တောင်အရပ်ကို မျက်နှာမူ၍ ဘယာကြော်စားကာ လိုရာဆန္ဒပြုပါ။

မေ ၁၆ မှ ၃၁ ရက်အတွင်း
ကျန်းမာရေး အညံ့ကြုံက မပေါ့အပ်။ မြောက်အရပ်သို့ ခရီးသွားစဉ် အန္တရာယ်ဖြစ်တတ်သည်။ ရွှေဝင်မည်။
မေ ၁၈၊ ၁၉၊ ၂၃၊ ၂၅၊ ၂၈၊ ၂၉ ရက်များတွင် ငွေကြေးကံကောင်းမည်။ တောင်အရပ်မှ လူမျိုးကွဲ၊ လူမျိုးခြားများ အကျိုးပေးမည်။
မေ ၁၆၊ ၁၇၊ ၂၀၊ ၂၁၊ ၂၂၊ ၂၇၊ ၃၁ ရက်များတွင် အိုးအိမ်ကိစ္စအတွက် စိတ်အနှောင့်အယှက်ရှိမည်။ အိုးပစ်၊ အိမ်ပစ် ခရီးသွားရခြင်းရှိမည်။
မေ ၂၄၊ ၂၆၊ ၃၀ ရက်များတွင် ထူးခြားသောပုဂ္ဂိုလ်များနှင့် တွေ့တတ်သည်။ ထူးခြားသည့် အဆောင်ကောင်းများ ရရှိမည်။
ယတြာ - အိုးခွက်အဟောင်းများ ရှာဖွေစွန့်ပစ်ပါ။


ဗုဒ္ဓဟူးနေ့မွေးသူများအတွက်
မေ ၁ မှ ၁၅ ရက်အတွင်း
မူလအနေအထားမှ ပိုမိုမြင့်မားသော အနေအထားသို့ ကူးပြောင်းတိုးတက်မည်။ သြဇာအရှိန်အဝါ မြင့်မားမည်။ အနီရောင်၊ အနက်ရောင် ပစ္စည်းများဝင်မည်။
မေ ၂၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၄ ရက်များတွင် အဆင်မြင့်တာဝန်များ ကိုင်တွယ်ရမည်။ အိမ်၊ ခြံ၊ မြေ ပြုပြင်ခြင်းများမှ ကောင်းသောအကျိုးဆက် ပေါ်ထွန်းမည်။
မေ ၁၊ ၃၊ ၄၊ ၅၊ ၁၁ ရက်များတွင် ငွေကြေး အပေးအယူကိစ္စ၍ စကားများ၊ ရန်များ ကြုံတတ်သည်။
မေ ၆၊ ၁၂၊ ၁၃၊ ၁၅ ရက်များတွင် စက်ပစ္စည်းအဟောင်းများ ပြုပြင်ရန်သင့်သည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။
ယတြာ - အရှေ့အရပ်ကို မျက်နှာမူ၍ ငှက်ပျောသီးစားပါ။

မေ ၁၆ မှ ၃၁ ရက်အတွင်း
လူမှုရေးကိစ္စ၊ အဖွဲ့အစည်းကိစ္စများ ပါဝင်ဆောင်ရွက်ရလိမ့်မည်။ လူအများကြား ထင်ရှားပေါ်လွင်မည်။ သော့ကျိုး၊ သော့ပျက်များ ရှိကပြင်ပါ။
မေ ၁၈၊ ၂၁၊ ၂၃၊ ၂၅၊ ၂၈ ရက်များတွင် ပျိုရွယ်သူများ စန်းပွင့်မည်။ အမျိုးသမီးမိတ်ဆွေတစ်ဦးထံမှ အကူအညီရမည်။
မေ ၁၇၊ ၂၀၊ ၂၂၊ ၃၁ ရက်များတွင် အမည်အတွင်း (က၊ ခ၊ သ၊ ဟ) ပါသောသူများနှင့် ပတ်သက်၍ ပြဿနာများဖြစ်တတ်သည်။
မေ ၁၉၊ ၂၄၊ ၂၆၊ ၂၇ ရက်များတွင် ကာလရှည်ကြာ ရင်းနှီးမြှုပ်နှံထားသည်များမှ အကျိုးအမြတ်ရမည်။
ယတြာ - ရွှေရောင်ဇီးကွက် မောင်နှံရုပ်ကလေးကို မိမိအနီးအပါးအမြင့်တွင် ချိတ်ဆွဲထားပါ။


ဗုဒ္ဓဟူးမွန်းလွဲမွေးသူများတွက်
မေ ၁ မှ ၁၅ ရက်အတွင်း
စီမံထားသည့်အပြောင်းအလဲများကို အောင်မြင်အောင်ဆောင်ရွက်နိုင်သည်။ ရပ်ဝေးနှင့် ဆက်သွယ်ထားသည်များမှ မိမိရည်ရွယ်သလောက် ထွန်းထွန်းပေါက်ရှိမည်။
မေ ၇၊ ၈၊ ၁၀၊ ၁၄ ရက်များတွင် အတိုက်အခံအားလုံးကို ကျော်လွှားနိုင်မည်။ ဥစ္စာစီးပွား တက်လမ်းပွင့်မည်။
မေ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၉၊ ၁၁၊ ၁၅ ရက်များတွင် အသွားအလာအနေအထိုင် ဂရုစိုက်ရမည်။ မြောက်အရပ်သို့ အပျော်ခရီးမသွားရ။
မေ ၆၊ ၁၂၊ ၁၃ ရက်များတွင် ငွေကြေးကိစ္စအတွက် စကားပြောဆိုခြင်းများ အောင်မြင်မည်။ ရည်ရွယ်ထားသလောက် အောင်မြင်မည်။
ယတြာ - ကောက်ညှင်းပေါင်းအပေါ် ဘယာကြော်တင်၍ ဘုရားကပ်လှူပါ။

မေ ၁၆ မှ ၃၁ ရက်အတွင်း
ရုတ်တရက် ဦးတည်ချက်ပြောင်းလဲ၍လုပ်သော ကိစ္စများမှ ထူးခြားသော အကျိုးဆက်များ ရရှိမည်။ ငွေကြေးကံကောင်းသော အနေအထားနှင့် အလုပ်စီးပွားကံကောင်းခြင်းရှိမည်။
မေ ၁၈၊ ၂၃၊ ၂၅၊ ၂၈၊ ၂၉ ရက်များတွင် အခက်အခဲများ ကျော်လွှားနိုင်မည်။ အလိုရှိရာဆောင်ရွက်အဆင်ပြေမည်။ လူမျိုးကွဲအကျိုးပေးမည်။
မေ ၁၆၊ ၁၇၊ ၂၀၊ ၂၁၊ ၂၂၊ ၂၇၊ ၃၀၊ ၃၁ ရက်များတွင် ရင်းနှီးသူများနှင့် စကားများရမည်။ လူလိမ်လူကောက် အန္တရာယ်ဂရုစိုက်ရမည်။
မေ ၁၉၊ ၂၄၊ ၂၆ ရက်များတွင် သူတစ်ပါးနှင့် ပူးတွဲလုပ်သောလုပ်ငန်းများ အောင်မြင်မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။
ယတြာ - နေအိမ်ရှိ အဝတ်အထည်ဟောင်းများ စွန့်ပစ်ပါ။


ကြာသပတေးနေ့မွေးသူများအတွက်
မေ ၁ မှ ၁၅ ရက်အတွင်း
ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာ၌ ကြိုးစားပမ်းစားလုပ်ကိုင်ကာမှ တော်ရုံကျမည်။ ကိုယ်လုပ်မှ ကိုယ်ရမည်။ တစ်ပါးသူထံမှ အကူအညီရမည်မဟုတ်။
မေ ၁၊ ၃၊ ၆၊ ၇၊ ၈၊ ၉၊ ၁၃ ရက်များတွင် အကြံအောင်မည်။ အလိုပြည့်မည်။ လုပ်ငန်းစီးပွားကိစ္စများ ထွန်းထွန်းပေါက်ပေါက်ရှိမည်။
မေ ၂၊ ၄၊ ၁၁၊ ၁၄၊ ၁၅ ရက်များတွင် အပြိုင်အဆိုင်များမည်။ ငွေထွက်မည်။ ခါးပိုက်နှိုက်ခံရမည်။
မေ ၅၊ ၁၀၊ ၁၂ ရက်များတွင် မထင်မှတ်ဘဲ ငွေဝင်မည်။ ရန်ဘက်သဖွယ် သတ်မှတ်ထားသော သူများနှင့် ထူးခြားစွာသင့်မြတ်မည်။
ယတြာ - သံဃာတော်တို့အား ဖန်ခွက်လှူပါ။

မေ ၁၆ မှ ၃၁ ရက်အတွင်း
ရည်ရွယ်ချက် အောင်မြင်မည်။ ဘဝလမ်းကြောင်းအပြောင်းအလဲနှင့် တိုးတက်မည်။ ငွေကြေး ကံကောင်းမည်။
မေ ၁၇၊ ၂၃၊ ၂၄၊ ၂၇၊ ၃၀ ရက်များတွင် အလုပ်အကြံအစည် အောင်မြင်မည်။ ကောင်းသော ကျော်ကြားမှုရမည်။ အခက်အခဲများကို ဖြေရှင်းနိုင်မည်။
မေ ၁၆၊ ၂၀၊ ၂၁၊ ၂၂၊ ၂၈၊ ၃၁ ရက်များတွင် အနှောင့်အယှက်များမည်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်မည်။ ရန်များမည်။
မေ ၁၈၊ ၁၉၊ ၂၅၊ ၂၆၊ ၂၉ ရက်များတွင် အခက်အခဲများ ဖြေရှင်းနိုင်မည်။ အတိုက်အခံကြားမှ တိုးတက်မည်။ ခရီးသွား၍ အကျိုးရှိမည်။
ယတြာ - အင်္ဂါနေ့တွင် အုန်းနို့ခေါက်ဆွဲ ဒါနပြုပါ။


သောကြာနေ့မွေးသူများအတွက်
ဧပြီ ၁ မှ ၁၅ ရက်အတွင်း
အတိုက်အခံ၊ အနှောင့်အယှက်များနှင့် ရင်ဆိုင်ဖြေရှင်းရမည်။ အခက်အခဲများကို ကျော်လွှားအောင်မြင်နိုင်မည်။
မေ ၁၊ ၇၊ ၈၊ ၁၂၊ ၁၄၊ ၁၅ ရက်များတွင် ရည်မှန်းချက်များ အောင်မြင်မည်။ အတတ်ပညာနှင့် ပတ်သက်သော တက်လမ်းများ ပေါ်ပေါက်မည်။
မေ ၂၊ ၃၊ ၄၊ ၅၊ ၉၊ ၁၁ ရက်များတွင် သူတစ်ပါးကြောင့် မိမိရည်ရွယ်ချက်များ ပျက်ယွင်းမည်။ စိတ်ပင်ပန်းရမည်။
မေ ၆၊ ၁၀၊ ၁၃ ရက်များတွင် ခက်ခဲသော ပြဿနာများ ဖြေရှင်းအဆင်ပြေမည်။ ဝေးလံသော အရပ်ဒေသနှင့် ဆက်သွယ်လုပ်ကိုင်၍ တိုးတက်ခြင်းကြုံမည်။
ယတြာ - အနောက်အရပ်ကို မျက်နှာမူ၍ မြေပဲဆားလှော်စားသုံးပါ။

မေ ၁၆ မှ ၃၁ ရက်အတွင်း
ရသင့်သည်များ ပြန်လည်ရရှိမည်။ တနင်္လာနံ၊ ကြာသပတေးနံ ပစ္စည်းများတွင် ကာလအတန်ကြာ မြှုပ်နှံနေသော ငွေများ အကျိုးအမြတ်နှင့် ငွေပြန်ဖော်နိုင်ကိန်းရှိသည်။
မေ ၁၉၊ ၂၁၊ ၂၃၊ ၂၆၊ ၂၉၊ ၃၀ ရက်များတွင် အလိုရှိရာပြည့်စုံမည်။ အခက်အခဲအနှောင့်အယှက်များကို ကျော်လွှားနိုင်မည်။
မေ ၁၆၊ ၂၀၊ ၂၂၊ ၂၇၊ ၂၈၊ ၃၁ ရက်များတွင် ပြဿနာအတိုက်အခံများ ကြုံမည်။ စိတ်ပင်ပန်းရမည်။ လူလိမ်လူကောက်တွေ့မည်။
မေ ၁၇၊ ၁၈၊ ၂၄၊ ၂၅ ရက်များတွင် အခက်အခဲများ ဖြေရှင်းနိုင်မည်။ ငွေကြေးကိစ္စ ဆောင်ရွက်သမျှအဆင်ပြေမည်။
ယတြာ - ဆီထမင်းဘုရားကပ်ခြင်း၊ ကိုယ်တိုင်စားသုံးခြင်းပြုပါ။


စနေနေ့မွေးသူများအတွက်
ဧပြီ ၁ မှ ၁၅ ရက်အတွင်း
အလုပ်ကိစ္စနှင့် ဆောင်ရွက်သော ကိစ္စတို့တွင် ပြဿနာတစ်မျိုးပြီး တစ်မျိုးဖြစ်တတ်သည်။ အင်္ဂါနေ့မွေးသူ ကတိစကားပျက်တတ်သည်။
မေ ၄၊ ၅၊ ၆၊ ၁၁၊ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် အိုးအိမ်ကိစ္စပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်းအတွက် စီစဉ်ဆောင်ရွက်အောင်မြင်မည်။
မေ ၂၊ ၇၊ ၈၊ ၉ ရက်များတွင် လုပ်ငန်းကိစ္စရေးရာ၊ စီးပွားရေးရာကိစ္စများတွင် တာဝန်ယူခြင်း၊ အာမခံခြင်း မပြုရ။
မေ ၁၊ ၃၊ ၁၀၊ ၁၂ ရက်များတွင် အိုးအိမ်နေရာထိုင်ခင်း အပြင်အဆင်ပြောင်းလဲခြင်းများ ဆောင်ရွက်နိုင်သည်။
ယတြာ - သံဃာတော်တို့ကို ထီးလှူပါ။

မေ ၁၆ မှ ၃၁ ရက်အတွင်း
ကြိုးပမ်းထားသည်များမှ ကောင်းသော အကျိုးဖြစ်ထွန်းမည်။ လူမျိုးကွဲအကျိုးပေးမည်။ အရပ်ဝေးနှင့်ဆက်စပ်၍ကောင်းသော တိုးတက်မှုများဖြစ်ပေါ်မည်။
မေ ၁၈၊ ၂၀၊ ၂၁၊ ၂၈၊ ၂၉၊ ၃၁ ရက်များတွင် သြဇာအရှိန်အဝါကြီးမားသည်။ ပြောဆိုဆောင်ရွက်သမျှ အောင်မြင်မည်။ အများအပေါ် စိုးမိုးနိုင်မည်။
မေ ၁၆၊ ၁၇၊ ၂၂၊ ၂၃၊ ၂၇၊ ၃၁ ရက်များတွင် ငွေလက်လွန်တတ်သည်။ ပိုင်ဆိုင်မှုပစ္စည်းများအတွက် စကားပြောရမည်။ ခြံ၊ မြေကိစ္စအတွက် ပဋိပက္ခများဖြစ်တတ်သည်။
မေ ၁၉၊ ၂၄၊ ၂၅၊ ၂၆၊ ၃၀ ရက်များတွင် အကြီးအကဲများထံမှ အထောက်အကူရမည်။ လုပ်ငန်းဟောင်းများမှ ကောင်းသော အကျိုးဆက်ရရှိမည်။
ယတြာ - အုန်းသီး (၆)စိပ်အပေါ် ဆားဖြူး၍ ဘုရားကပ်ခြင်းပြုနိုင်သည်။