Celebrities & February

ဖေဖော်ဝါရီရဲ့ ရင်ခုန်စရာနေ့ရက်လေးအတွက် Celebrity လူငယ်နှစ်ဦးရဲ့ ပျော်ရွှင်စရာ ရိုမန့်တစ် ပုံရိပ်လေးများနဲ့အတူ ဖေဖော် ၀ါရီ ရင်ခုန်သံလေးတွေကို ချစ်သောပရိသတ်များအတွက် အမှတ်တရ တင်ဆက်လိုက်ပါတယ်။

မိုးအောင်ရင်

လူငယ်တစ်ယောက်အနေနဲ့ ဖေဖော်ဝါရီအပေါ် ခံစားချက်

ကျွန်တော်ကတော့ ဖေဖော်ဝါရီလတိုင်းမှာ အမြဲကံဆိုးတယ်။ ရည်းစားရှိရင်လည်း ရည်းစားနဲ့ပြတ်တယ်။ အဲဒါကြောင့် ဖေဖော်ဝါ ရီလကို ခုချိန်ထိရည်းစားနဲ့ မကျော်ဖြတ်ခဲ့ဖူးဘူး။

ဖေဖော်ဝါရီ (၁၄) ရက်ရောက်ရင်

အဲဒီနေ့ရောက်ရင် အဲဒီနေ့ကို အဲဒီနေ့မဟုတ်ဘူးဆိုပြီး မေ့ထားလိုက်တယ် ဟား...ဟား...အဲဒီလိုနေပါတယ်ဆိုမှ မနှစ်က Valentine's Day တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ အတူတူရှိနေတုန်း သူငယ်ချင်းတစ်ယောက်ဆီကို သူ့ရည်းစားက ပန်း (၁၀၀) စည်းကြီး လက်ဆောင်ပို့လိုက်တာ။ ပိုပြီးဆိုးတာက အဲဒီပန်းစည်းအကြီးကြီးကို သူငယ်ချင်းက သူ့ကားပေါ်တင်လို့ မရလို့ဆိုပြီး ကျွန်တော့် အိမ်မှာ တစ်ရက်ထားခဲ့သေးတာ။ အဲဒါကြီးတွေ့နေရတော့ ကျွန်တော်အရမ်း တင်းတာပေါ့ဗျာ..ဟားဟားး...။

Valentine's Day အမှတ်တရ

အကြီးမားဆုံး အမှတ်တရကတော့ ကျွန်တော်ရည်းစားထားခဲ့တာလည်း လက်ချိုးရေလို့ မရဘူး။ အဲဒါတောင် ဒီအရွယ်အထိ Valentine's Day ကို ဘယ်ရည်းစားနဲ့မှ မကျော်ဖြတ်ခဲ့ဖူးသေးတာပဲ။ အကယ်၍ ကြုံလာခဲ့ရင်တော့ ထူးထူးခြားခြား ပုံစံတစ်ခုခု ကျွန်တော်လုပ်မှာပဲ။ ကျွန်တော့်ဘ၀မှာလည်း တစ်ခါမှ မကြုံဖူးသေးတဲ့အတွက် ဒါသည် ထူးခြားနေပြီးသား ဖြစ်သွားပြီဗျ။ ပထမဦးဆုံး ဆိုတဲ့အရာကို ဘယ်ဒုတိယကမှ လိုက်မမီနိုင်ဘူးမဟုတ်လား။ အဲဒါကြောင့် ကျွန်တော်လည်း အဲဒီရက်ကလေးကို ကျွန်တော်နဲ့ ပထမဆုံး ကျော်ဖြတ်မယ့်သူ ဘယ်သူဖြစ်မလဲဆိုတာကို ရင်ခုန်စွာစောင့်စားနေပါတယ်။

 

ဝတ်မှုံရွှေရည်

လူငယ်တစ်ယောက်အနေနဲ့ ဖေဖော်ဝါရီအပေါ် ခံစားချက်

လူငယ်ဆိုတော့ လူငယ်လို ခံစားချက်ရှိတာပေါ့

ဖေဖော်ဝါရီ (၁၄) ရက်ရောက်ရင်

ဖေဖော်ဝါရီ (၁၄) ကိုတော့ တခြားထူးထူးခြားခြားနေ့တွေထက် ပိုပြီးစိတ်ဝင်စားတယ်.....ပိုပြီးတော့ ရင်ခုန်တယ်ပေါ့...။

ရင်ခုန်တဲ့နေ့လေးနဲ့ အမှတ်တရ

ဖေဖော်ဝါရီ (၁၄) ဆိုရင် ဘယ်သူမှန်းမသိတဲ့ သူရော၊ ကိုယ်သိတဲ့သူရောက Surprise လုပ်တာမျိုး နှစ်တိုင်းကြုံရပါတယ်။

ဒီနှစ် ဖေဖော်ဝါရီမှာတော့ မိုးအောင်ရင်နဲ့ကစ် သရုပ်ဆောင်ထားတဲ့....ရုပ်ရှင်ကားကြီး ရုံတင်ဖို့ရှိတယ်။ အဲဒီကားကြီးကို တောင် ကြီး၊ အင်းလေး၊ ပင်းတယနဲ့ ကလောမှာ သွားရိုက်ခဲ့တာဆိုတော့ ရှုခင်းတွေ အရမ်းလှတယ်။ မိုးအောင်ရင်က ရှုပ်ပွေတဲ့ကောင်လေး၊ ကစ်က Tourist Guide ပေါ့။ အချစ်ဟာသ ဇာတ်လမ်းလေးပါ။ ပျော်စရာကောင်းပြီး ရှုခင်းတွေတအားလှတော့ ပရိသတ်တွေကိုလည်း ကြည့်စေချင်ပါတယ်။ အဲ့ဒါကြောင့် ဒီစာမျက်နှာပေါ်မှာ ကလောမှာသွားရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကိုလည်း အမှတ်တရဖော်ပြလိုက်ပါ တယ်။