Celebrity & Spring

Photo – LMN

Make Up - Char Char (December Hnin)

Venue – Yuzana Garden Hotel

ဆောင်းအကုန်... နွေအကူး...လှပတဲ့နွေဦးနဲ့အတူ ရွက်သစ်ပုရစ်ဖူးလေးတွေလို လတ်ဆတ်တောက်ပတဲ့ အလှတရားနဲ့  သရုပ်ဆောင်မင်းသမီးလေး စံရတီမိုးမြင့်ရဲ့ နွေခံစားမှု ပုံရိပ်လေးတွေကို တင်ဆက်လိုက်ပါတယ်။

 

 

နွေမှာနားနေချင်တဲ့ပုံစံက အေးအေးလေးပေါ့။ နွေဆိုများသောအားဖြင့် တော်တော်များများလည်း ကမ်းခြေသွားကြတယ် လေ။ ကမ်းခြေမသွားဖြစ်ရင်တော့ အေးအေးဆေးဆေးလေး ရေထဲနေရတာ ကြိုက်တယ်။ ပြီးတော့...

      

စိမ်းစိမ်းလန်းလန်း အေးချမ်းတဲ့နေရာမျိုးလေးမှာ နေရတာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်ပြီး အပန်းဖြေရတာမျိုးလေး တွေကိုလည်း ကြိုက်ပါတယ်။

         

နွေရာသီရောက်ရင် ပုံမှန်အားဖြင့် အပေါ်ထပ်ဝတ်လေးတွေမ၀တ်ဖြစ်တော့ဘူး။ လွတ်လွတ်လပ်လပ်သက်တောင့်သက်သာ နဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ သွက်လက်ပေါ့ပါးတဲ့ပုံစံကို ပေါ်လွင်စေတဲ့ အ၀တ်အစားမျိုးတွေကို ရွေးချယ်ဖြစ်တယ်။