စိတ်ဖိစီးမှုကို မသိမ်းဆည်းထားတတ်သူ

ဓာတ်ပုံ - ကိုလင်းထွန်း

မိတ်ကပ် - နိုင်နိုင်

Dress - Karat Silk

လူတစ်ယောက်နဲ့တစ်ယောက် ဘ၀ဖြတ် သန်းပုံခြင်းက မတူဘူး။ ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်းတွေလည်း ရှိမှာပဲ။ တကယ်လို့ စိတ်ညစ်စရာ တစ်ခုခုကြုံတွေ့တယ်ဆိုရင် ကိုယ်တစ်ယောက် တည်း စိတ်ညစ်တယ်လို့ မခံယူပါနဲ့ လူတိုင်းက သူ့စိတ်ညစ်စရာနဲ့သူ ချည်းပါပဲ။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်အောင်နေပါ။ ဘယ်အရာမှ မမြဲနိုင်ပါဘူးလို့။ ဘာသာတရားနဲ့ ဖြေနိုင်ရင်တော့ အကောင်းဆုံး ပါပဲ။

အလုပ်တွေနဲ့ မအားတဲ့အခါ စိတ်ထွက် ပေါက် ဘယ်လိုလုပ်လဲဆိုရင် ဒါဒါက ဘယ်တော့မှ စိတ်ဖိစီးမှုတွေကို မသိမ်းဆည်း ထားတတ်ဘူး။ ဘာသာရေးလုပ်တာ၊ စာအုပ်တွေဖတ်တဲ့အတွက်ကိုယ့်စိတ်ကိုဖြေနိုင်အောင် အမြဲကြိုးစားပါတယ်။ အဲဒီလိုဖြစ်တဲ့အ တွက်လည်း စိတ်ဖိစီးမှုများတယ်၊ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတာမျိုး မရှိပါဘူး။ ကိုယ့်ဘ၀ကိုယ် ကျေနပ်အောင်နေတယ်။ လက်ရှိ ဘ၀ကိုလည်း ကျေနပ်တယ်။

(၁) စာဖတ်တာကို ၀ါသနာပါတယ်။ အချိန် အားတဲ့အခါတိုင်း ဖတ်တယ်။ ဒါဒါက သဘာဝကျတဲ့ ရသစာအုပ်တွေကို သဘောကျတယ်။ စာဖတ်ခြင်းဟာ လူတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်ဘူး။ စာဖတ်တာကောင်းပါတယ်။

(၂) Karat Silk ဆိုင်ဖွင့်ထားတယ်။ ဆိုင်ကို ပုံမှန်အားဖြင့် (၁၀)နာရီရောက်တယ်။ သူငယ်ချင်း(၃)ယောက်စုပြီး ဖွင့်ထား တာဆိုတော့ အလှည့်ကျစောစောလာပြီး ဆိုင်ဖွင့်ကြတယ်။ ဒါဒါအနုပညာအလုပ် လုပ်နေရင် သူငယ်ချင်းတွေက ဆိုင်အလုပ်ကို လုပ်ပေးကြတယ်။

(၃) မင်းသမီးတစ်ယောက်လည်း ဖြစ်တယ်၊ မိန်းကလေးတစ်ယောက်လည်း ဖြစ်တဲ့အတွက် အလှကုန်ပစ္စည်းတွေကို သဘောကျတယ်။ ဒီဆိုင်က Smile ဖွင့်ထားတဲ့ Makeup store ဆိုင်ပါ။ Makeup store အမှတ်တံဆိပ်က နိုင်ငံခြားမှာလည်း နာမည်ရပြီးသား အမှတ်တံဆိပ်ဖြစ်တယ်။ ဒါဒါလည်း သဘောကျတယ်။ ဒီတော့ ဒီဆိုင်ကို ဒါဒါအမြဲလာဖြစ်တယ်။