My Model

ဓာတ်ပုံ-လမင်းနိုင်

ဒီကဏ္ဍကို My Model လို့ ထူးထူးခြားခြား နာမည်ပေးချင်ပါတယ်။ ခင်ပွန်းတွေက သူတို့ ဇနီးတွေကို သူတို့စိတ်ကြိုက် ဖက်ရှင်ဒီဇိုင်းတွေ ဆင်ပေးထားလို့ပါ။ ခင်ပွန်းတွေပြောတဲ့ My Model ကို ဇနီးတွေက အခုလိုပဲ ပီပီပြင်ပြင် သရုပ်ဖော်ပေးထားကြတယ်။

စည်သူလွင် + နွယ်မာကျော်

မိတ်ကပ်-ဖြူစင် (လင်းလင်း (Makeup Artist))

ကျွန်တော် နွယ်မာ့ကို စကပ်အတိုလေး ၀တ်ခိုင်းထားတယ်။ သူကအပြင်သွားရင် ဂျင်း ၀တ်တာများတယ်။ စကပ်ရှည်၊ ဂျင်းဘောင်းဘီ အရှည် ၀တ်တာများ တယ်။ ဒီတော့သူ့ကို ကျွန် တော်က အမဲရောင်စကပ်အတိုကို လူငယ်ဆန် ဆန် ၀တ်ကြည့်ပါလားလို့ အကြံပေးလိုက်တယ်။

ဆန်းထွဋ် + ဇင်မင်း

မိတ်ကပ်-လင်းလင်း (Makeup Artist)

Street Culture ၀တ်စုံမျိုးကို ကျွန်တော် ကြိုက်တယ်။ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ပုံစံက ကျွန်တော်အမြဲဝတ်ချင်နေတဲ့ ပုံစံပါ။ အလုပ်သဘော အရ ပွဲနဲ့လိုက်ဖက်တာ ၀တ်ရတာများတော့ ဒီလိုမျိုးဝတ်ရတဲ့အခါ စိတ်ကိုက လွတ်လပ်ပေါ့ပါးနေသလိုပဲ။ ကျွန်တော့်ဇနီးကို လည်း ကျွန်တော့်စိတ်ထဲက ၀တ်စုံပုံစံအတိုင်း ဆင်လိုက်တယ်။ ဆံပင်ပုံစံ၊ Accessories ကအစ လိုက်ဖက်ညီအောင် အခုလိုကျွန်တော်ဒီဇိုင်း ထွင်ပေးလိုက်တယ်။

ဟဲလေး + မြတ်သီရိလင်း

ကျွန်တော့်ဇနီးကို ပွဲတတ်ဝတ်စုံ လင်းလင်းထင်းထင်းလေး ၀တ်စေချင်လို့ပါ။ အ၀ါရောင်ကို တမင်ရွေးခိုင်းထားတာ။ ပွဲတတ်ဝတ်စုံတွေဆိုရင် အမဲရောင် နဲ့တစ်ခြားအရောင်တွေဝတ်တာများတော့ ညဘက်ပွဲတတ်တဲ့အခါ အခုလို အ၀ါရောင် ပွဲတက်ဂါဝန်လေး ၀တ်ကြည့်ပါလားလို့ သူ့ကိုပြော လိုက်တယ်။ Accessories ကအစ အ၀ါရောင်ပဲ။

ဖိုးသောကြာ + လှိုင်ရတနာဆု

ကျွန်တော့်ဇနီးကို မြန်မာဝတ်စုံဝတ်ဖို့ပဲ အကြံပေးလိုတယ်။ သနပ်ခါးလေးနဲ့ မြန်မာမလေးတစ်ယောက်လိုပဲ ကျွန်တော့်ဇနီးကို ကျွန်တော် မြင်ချင်တယ်။

Cobra + ခင်မဉ္ဇူခိုင်

မိတ်ကပ်-ယုဇန(လင်းလင်း (Makeup Artist))

Dress - စုစုလှိုင်မင်း

ကျွန်တော့်ဇနီးက အမြဲတမ်းလူငယ်ဆန်ဆန်၊ ဂါဝန်အရှည်၊ အတိုတွေပဲဝတ်တော့ ကျွန်တော်သူ့ကိုလည်သာ ခပ်မိုက်မိုက်ပုံစံ ၀တ်ကြည့်ပါလားလို့ အမြဲအကြံပေးတယ်။ ဒီမှာတော့ ကျွန်တော့်အကြံတွေကို အလေးထားဖော်ပြခွင့်ရလိုက်ပြီ။ လည်သာနဲ့ကျွန်တော့်ဇနီးလိုက်ဖက်ရဲ့လား၊ ကျွန်တော့်စိတ်ကူးထဲမှာရှိနေတဲ့ သူ့ကိုဝတ်စေချင်တဲ့ ပုံစံပါ။