မေမေနဲ့ သမီး လည်လည်ထွက်

ဓာတ်ပုံ - လမင်းနိုင်

Location - Marketplace by city mart

(၁)      သမီးလေးအနားမှာပဲ အမြဲနေချင်တယ်။ အလုပ်ကိစ္စနဲ့ အပြင်ထွက်ရင်တောင် သမီးနားကိုပဲ ပြန်ချင်စိတ်က အရမ်းများတယ်။ သမီးလေးရှိလာတော့ မိသားစုဘ၀က ပိုပြီးပြည့်စုံပျော်ရွှင်လာသလို၊ ဘုဏ်းသိုက်နဲ့ ချမ်းချမ်းနှစ်ယောက် စိတ်အခန့်မသင့်လို့ ရန်ဖြစ်ရင်တောင် သမီးကြောင့် နှစ်ယောက်ကြာကြာ စိတ်မဆိုးတော့ဘူး။

(၂)      သမီးက အခု (၇)လကျော်ပြီ။ မြမိုးဂင်္ဂါလို့ နာမည်ပေးထားတယ်။

(၃)      မိခင်ဖြစ်သွားတော့ စိတ်ကအရင်ကထက် ပိုပြီးလူကြီးဆန်လာတယ်။ စိတ်ရှည်သည်းခံ စိတ်ပိုများလာတယ်။

(၄)      ပစ္စည်းဝယ်ရင် ဘုဏ်းသိုက်ရော၊ ချမ်းချမ်းရော နှစ်ယောက်လုံးက ကိုယ့်အတွက်ဆိုတာထက် သမီးအတွက်ကိုပဲ ဦးစားပေးဝယ်ဖြစ်တယ်။

(၅)      သမီးကို ကိုယ်ဝန်ရှိတော့ ချမ်းချမ်း ပေါင် (၂၀၀)နီးပါးလောက်ဝသွားတယ်။ အခုတော့ ပေါင် (၁၃၀) လောက်ပဲ ကျန်တော့တယ်။ ထမင်း လုံးဝမစားဘူး။ အာဟာရပြည့်မယ့် အစားအစာကိုပဲ အဓိကစားဖြစ်တယ်။ ၀ိတ်လျော့တာတော့ မဟုတ်ဘူး။ ကျန်းမာရေးအတွက်ပါ။ အမျိုးသမီးတွေဟာ အိမ်ရှင်မဖြစ်သွားပြီ။ မိခင်ဖြစ်သွားပြီဆိုပြီးဖြစ်သလို မနေသင့်ဘူး။ အသက်အရွယ်အနေအထားနဲ့ လိုက်ဖက်သင့်လျော်ပြီး သပ်သပ်ရပ်ရပ်လေး နေသင့်တယ်လို့ထင်တယ်။

(၆)      သမီးကအရမ်းပူရင် ငိုတယ်။ အေးတာကို ပိုကြိုက်တယ်။ ဒါကြောင့် အပြင်သွားရင် သူ့ကိုခေါ်သွားရမယ်ဆိုရင် အရမ်းသတိထားရတာ အေးမှရတာဆိုတော့လေ။မိသားစုဆိုတာ ရင်သွေးရှိမှ ပြည့်စုံတယ်။ သားသမီးဆိုတာ ရတနာပဲလေ။ ဘုရားပေးတဲ့ ဆုလာဘ်ပါပဲ။ မိသားစုတွေအားလုံး ပျော်ရွှင်ကျေနပ်နိုင်ကြပါစေလို့ ချမ်းချမ်းဆုတောင်းပေးလိုက်ပါတယ်။