ဒီနှစ် Valentine ကို ရင်ခုန်ထားတဲ့ ထွန်းကိုကို

Photo - LMN
Model - Htun Ko Ko
Model - Chaw Su Linn Phyu Thant
Makeup - Thurein (Linn Linn Artist)
Dress - Spring Field
Venue - The Myths

    ချစ်သူစုံတွဲတွေ အထူးပျော်ရွှင်ကြတဲ့ ဒီကာလလေးမှာ ပရိသတ်ကို အထူးမိတ်ဆက်စရာမလိုတော့တဲ့ စူပါမော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကိုနဲ့ Miss 27 Sea Games - 1st Runner Up နဲ့
China Asean Image Peagent - Int’l Friendship Award စတဲ့ ဆုတွေကို လောလောလတ်လတ် ဆွတ်ခူးရရှိထားတဲ့ မျက်နှာသစ်မော်ဒယ်လ်လေး ချောစုလင်းဖြူသန့်တို့ နှစ်ဦးကို တွဲဖက်ပြီး စုံတွဲ
ဖက်ရှင်ပုံရိပ်လေးတွေ ဖန်တီးရင်း ထွန်းကိုကိုရဲ့ Valentine ရင်ခုန်သံလေးတွေကို စူးစမ်းကြည့်မိတဲ့အခါ…

    အမှန်အတိုင်းပြောရရင် ဒီအချိန်ကို မရူးသွပ်ခဲ့ဖူးဘူး။ Valentine’s Day ကို ရည်းစားအတွက် အချိန်ပေးတာ၊ ချောကလက်ပေးတာတွေလည်း မရှိခဲ့ဖူးဘူးပေါ့နော်။
    ကျွန်တော့်အတွက် မရှိခဲ့ဖူးပေမဲ့ ဒီနေ့လေးက ချစ်သူတွေအတွက် သတ်မှတ်ထားတဲ့ နေ့လေးတစ်နေ့ဖြစ်နေပြီး အထိမ်းအမှတ်လေးတွေ လုပ်ကြတယ်။ ချစ်သူတွေပျော်ရွှင်ကြတယ်။ စုံတွဲလေးတွေ ဆင်တူဝတ်ပြီး လျှောက်လည်ကြတာ တွေ့ရတော့ ကြည်နူးစရာကောင်းပါတယ်။

    ကျွန်တော်လုပ်ဖြစ်တာကတော့ အဲဒီနေ့ မတိုင်ခင်မှာ ကျွန်တော်တို့ အနုပညာရှင်တွေက ချစ်သူမဟုတ်လည်း ဆင်တူလေးတွေဝတ်ပြီး ဓာတ်ပုံရိုက်ရတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် စုံတွဲ
ကာဗာချည်းပဲ လေးငါးခုလောက်ရိုက်ခဲ့ရတယ်။

    အဲဒီနေ့မှာ ကျွန်တော့်ဆီပို့ပေးကြတဲ့ လက်ဆောင်လေးတွေ၊ အရုပ်လေးတွေ၊ ချောကလက်တွေလည်း ရတယ်။ ကျွန်တော်ကလည်း ရသမျှ ချောကလက်တွေကို အဲ့နေ့မှာတွေ့သမျှ မိတ်ဆွေ သူငယ်ချင်းတွေကို လိုက်ကျွေးတော့ အားလုံးလည်း ပျော်စရာလေးတွေ ဖြစ်ကြရတယ်။

    လာမယ့် Valentine ကိုတော့ ရင်ခုန်ထားတယ်။ ထူးခြားမယ်လို့ထင်ပါတယ်။ ကျွန်တော်ရဲ့စိတ်ကူးထဲက Valentine ကတော့ မြန်မာဆန်ဆန်၊ ရိုးရိုးယဉ်ယဉ်လေး၊ မာရဇ္ဇရဲ့ ဆွဲအားဆိုတဲ့ သီချင်းထဲကလို ဆံပင်ရှည်ရှည်၊ အရပ်မြင့် မြင့်လေးပေါ့နော်။

    ကျွန်တော်ပေးချင်တဲ့ Valentine လက်ဆောင်လေးကဘာဖြစ်မလဲဆိုတော့ တန်ဖိုးကြီးခြင်း မကြီးခြင်းထက် အမှတ်တရဖြစ်စေမယ့် ပစ္စည်းလေးတစ်ခုခုပေးချင်တယ်။ ဘာလေးပေးရမလဲဆိုတာ စဉ်းစားနေတုန်းပဲ…။

    အရင်နှစ်တွေတုန်းကတော့ Valentine’s Day ဆို အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ ဒီနှစ်တော့ အလုပ်ရှိရင်လည်း ကိုယ့်အတွက် အချိန်လေးတစ်ခုပေးပြီး စိတ်ကူးလေးကို အကောင်အထည်ဖော်ဖြစ်ဖို့ မျှော်လင့်နေပါတယ်။