ဝါဆိုမိုးဦးနဲ့ သူချစ်သော

ဓာတ်ပုံ - လမင်းနိုင်

  ‘‘၀ါဆိုက ကံကောင်းတယ်ပြောရမယ် မွေးကတည်းက ကိုယ့်ကိုချစ်ပြီး ဂရုစိုက်တဲ့သူတွေကြားမှာ ကြီးပျင်းခဲ့ရတယ်။ အသက် ၇ နှစ်အရွယ်မှာ သရုပ်ဆောင်စလုပ်တယ်။ သရုပ်ဆောင်စလုပ်တော့လည်း မေမေနဲ့ အဒေါ်တွေကလည်း အနား
ကနေ အရမ်းကူညီတယ်။ အခု ၀ါဆိုချစ်တဲ့သူတွေ နဲ့အတူ ပရိသတ်ကိုဖော်ပြရတော့မယ်ဆိုတော့ အရမ်းကိုစဉ်းစားရတာပဲ။ ၀ါဆိုနားမှာ ရှိတဲ့သူတွေကို ရွေးရတော့မလို ဖြစ်နေလို့လေ။ အဒေါ်တွေကတော့ အဓိကပေါ့။ အဒေါ်တွေကို ဓါတ်ပုံရိုက်ဖို့ခေါ်တော့ ရှက်တယ်တဲ့။ ၀ါဆို ၇ နှစ်သမီးအရွယ် အနုပညာစလုပ်တဲ့အချိန်ကနေစပြီး အခုချိန်ထိ ၀ါဆိုအနားမှာ အမြဲလိုလိုရှိနေတဲ့ အဒေါ်ကိုတော့ ပရိသတ်ကို ပြချင်တာနဲ့ သူနဲ့အတူဓါတ်ပုံတွဲရိုက်ခဲ့တယ်။ ကျန်တဲ့အဒေါ်တွေက ခေါ်လို့မရဘူး။’’

(၁)    မေမေ။ မေမေနာမည်က ဒေါ်ဘေဘီတဲ့။ သူငယ်ချင်းလိုရော၊ မေမေလိုရော တိုင်ပင်လို့ရတယ်။ ၀ါဆိုအရမ်းချစ်တဲ့သူ။

(၂)    အန်တီ ညို။ ဒေါ်ညိုညိုရွှေလို့ ခေါ်တယ်။ ၀ါဆိုအနားမှာ အချိန်တိုင်းနီးပါး အများဆုံးရှိနေတဲ့ အန်တီပါ။ ၀ါဆို ၇ နှစ်အရွယ် အနုပညာစလုပ်ကတည်းကနေ အခုချိန်ထိ အိမ်မှာရော ရိုက်ကွင်းတွေမှာပါ ၀ါဆိုနားမှာအမြဲရှိနေတဲ့သူပေါ့။

(၃)    ညီမလေး သင်ဇာ။ ၀ါဆိုရဲ့တစ်ဦးတည်း သော ညီမလေးပါ။ ၆ နှစ်ငယ်တယ်။ ညီမလေးကလည်း အနုပညာကို ၀ါသနာပါတယ်။

    ကိုယ်ချစ်တဲ့သူတွေအတွက် ၀ါဆိုဘာမှပြန်မလုပ်ပေးနိုင်သေးဘူး။ ကိုယ့်ကိုချစ်တဲ့သူတွေက ကိုယ့်အတွက်ဆိုရင် အားလုံးတာဝန်ကျေကြတယ်။ ၀ါဆို သူတို့တွေအတွက် ပြန်ပြီးအကောင်းဆုံးတွေ လုပ်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ တစ်နေ့အကောင်းဆုံး ကျေးဇူးဆပ်နိုင်အောင်ကြိုးစားသွားမှာပါ။ အလုပ်မှာရော အဖက်ဖက်ကနေအကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေသွားမှာပါ။